ထားဝယ် – ၂၀၂၀ ဖေဖေါ်ဝါရီ ၉
ရွေးကောက်ပွဲကော်မရှင်ဖေ့စ်ဘွတ်တွင် ရိုင်းစိုင်းသည့်ကောမန့်များရေးသောကြောင့် ၂၀၁၇ မှစတင်ကာရပ်ဆိုင်းထားခဲ့သော်လည်း ယခုလ ၁၇ ရက်မှစတင်ကာပြန်လည်အသုံးပြုတော့မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးကပြောသည်။
မဲဆန္ဒရှင်ပြည်သူများအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ သတင်းမီဒီယာများနှင့်အမေးအဖြေများကို တစ်နိုင်ငံလုံးကြည့်ရှုနိုင်ရန် ကော်မရှင်ဖေ့စ်ဘွတ်နှင့်ဝက်ဘ်ဆိုက်တို့တွင်ဖော်ပြသွားမည်ဟု၎င်းကပြောသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် တနင်္သာရီတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်တို့ပူးပေါင်းကာ ထားဝယ်မြို့တွင် ယနေ့ကျင်းပသော သတင်းမီဒီယာသမားများနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
#Dailynews