ရန်ကုန်-၂၀၂၂ မတ် ၂၁(မော်ကွန်း)
စစ်ကောင်စီဟာ လာမယ့်သင်္ကြန်အတွက် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မြို့တော်ဝန်မဏ္ဏပ်ကို စတင်ဆောက်လုပ်နေပါတယ်။
ရန်ကုန်မြို့တော် ဗဟိုမဏ္ဏပ်မှာပြိုင်ပွဲဝင်ကြမယ့် ယိမ်းအဖွဲ့တွေအနေနဲ့ ရန်ကုန်မြို့တော်စည်ပင် အင်ဂျင်နီယာဌာနမှာ စာရင်းပေးသွင်းနိုင်တယ်လို့ စစ်ကောင်စီက မတ် ၁၈ ရက်မှာ ကြေညာခဲ့ပါတယ်။
စစ်ကောင်စီဟာ လူ ၄၀၀ အထိစုဝေးခွင့်ပြုကြောင်းထုတ်ပြန်ပြီး ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ သင်္ကြန်ပွဲကျင်းပဖို့ပြင်ဆင်နေတာပါ။
နေပြည်တော်မှာစစ်ကောင်စီကဦးဆောင်ကျင်းပမယ့်သင်္ကြန်ပွဲကို လာရောက်ဖျော်ဖြေဖို့ ကမ်းလှမ်းခံရတဲ့ စင်ကာပူအခြေစိုက် Rave Republic DJ အဖွဲ့ကတော့ မြန်မာပြည်သူတွေရဲ့ကန့်ကွက်မှုကြောင့် သင်္ကြန်ဖျော်ဖြေမယ့်အစီစဉ်ကို ဖျက်သိမ်းကြောင်း မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀နဲ့ ၂၀၂၁ မှာ COVID 19 ကပ်ရောဂါအခြေအနေတွေကြောင့် သင်္ကြန်ပွဲတော်တွေ မကျင်းပဖြစ်ခဲ့ပါဘူး။
Photo: Mawkun
#Dailynews

