ရန်ကုန် – ၂၀၂၄ ဩဂုတ် ၈ (မော်ကွန်း)
ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့မှာ မြေအောက် ပြောက်ကြားသပိတ်အင်အားစုတွေက ရှစ်လေးလုံးအရေးတော်ပုံနေ့အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဒီနေ့ပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်မြို့မှာတော့ ရှစ်လေးလုံးစာသားပါဘန်နာကို မီးရထားသံလမ်းခုံးကျော်တံတားတစ်နေရာမှာ ချိတ်ဆွဲခဲ့ကြပြီး ဆန္ဒထုတ်ဖော်တဲ့လှုပ်ရှားမှုကို စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) က ပြုလုပ်ခဲ့တာပါ။
လက်ရှိမှာ စစ်အုပ်စုဟာ အလဲလဲအပြိုပြိုနဲ့ အားနည်းကျရှုံးနေတာကြောင့် တပ်မတော်သားတွေအနေနဲ့ စစ်ကောင်စီလက်အောက်ကနေ အမြန်ဆုံးရုန်းထွက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းဖို့ AJAY က နှိုးဆော်သတိပေးတဲ့ ထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
အလားတူပဲ မန္တလေးမြို့က တော်လှန်လူငယ်တွေဟာ ဒီနေ့ကျရောက်တဲ့ ရှစ်လေးလုံးအရေးတော်ပုံနေ့မှာ “မဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး တို့အတူရုန်း” စာသားကိုင်ဆောင်တဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့တယ်လို့ အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GSCB) က ဒီနေ့မနက်မှာ ထုတ်ပြန်ထားတာပါ။
မနေ့ကလည်း သပိတ်အင်အားစုတွေက ရှစ်လေးလုံးအကြိုဆန္ဒပြလှုပ်ရှားမှုကို ရန်ကုန်မြို့ တစ်နေရာမှာ ပြုလုပ်ခဲ့ပါသေးတယ်။
ဒီနေ့ဟာ တစ်ပါတီအာဏာရှင်စနစ်ဖြစ်တဲ့ မဆလ အစိုးရကို ဖြုတ်ချနိုင်ခဲ့တဲ့ ရှစ်လေးလုံး လူထုသပိတ်ရဲ့ ၃၆ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။
ပုံစာ – ရန်ကုန်နဲ့ မန္တလေးမှာ ပြုလုပ်တဲ့ ရှစ်လေးလုံးလှုပ်ရှားမှုပုံရိပ်များ
ဓာတ်ပုံ – GSCB
Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
Telegram
https://t.me/MawkunMM
Facebook
https://facebook.com/mawkunmagazine
Youtube
https://youtube.com/@mawkunmagazine494/community
TikTok
https://tiktok.com/@mawkun.magazine
X
https://x.com/MawKunMM
Substack
https://mawkunmagazine.substack.com/
Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

