ရန်ကုန်တိုင်းတွင် ညမထွက်ရ အမိန်.ဖောက်ဖျက်သူ တစ်ညတွင်း ၆၄၇ ယောက် အရေးယူခံရ

ရန်ကုန်တိုင်းတွင် ညမထွက်ရ အမိန်.ဖောက်ဖျက်သူ တစ်ညတွင်း ၆၄၇ ယောက် အရေးယူခံရ

စည်သူ
ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၃ (မော်ကွန်း)

ရန်ကုန်တိုင်း မှာ ညမထွက်ရ အမိန့် ဖောက်ဖျက် ကျူးလွန်သူ တစ်ညအတြင်း ၆၄၇ ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ နဲ့ အရေးယူထားတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က စက်တင်ဘာ ၃ရက်က ထုတ်ပြန်ထားပါတယ်။

COVID-19 ဖြစ်ပွားနေတဲ့ ကာလမှာ ရောဂါထိန်းချုပ်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ပိုမိုလုပ်ဆောင် နိုင်ဖို့ ဆိုပြီး COVID-19 ကာကွယ်၊ထိန်းချူပ်၊ကုသရေး ဗဟိုကော်မတီက မေလ ၁၅ရက်နေ့ စပြီး ည၁၂နာရီကနေ မနက် ၄ နာရီ အထိ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားပါတယ်။

“ကျွန်တော်တို့ အဖွဲ့ ည၁၂နာရီ နောက်ပိုင်း နယ်မြေ အနေနဲ့ လှည့်ကင်းဆောက်ရွက်တယ်၊ တွေ့တဲ့ လူတွေကို စစ်ဆေးပြီး ဖမ်းဆီး ဆောက်ရွက်တာ ရှိပါတယ်။ မနေ့ညက ကျွန်တော်တို့ ဆီက ၁၉ယောက် ဖမ်းဆီးတယ်လို့” သုဝဏ္ဏနယ်မြေရဲစခန်း ရဲမှူး အုန်းကျော်မင်းက မော်ကွန်းကိုပြောပါတယ်။

ညမထွက်ရ အမိန့် ဖောက်ဖျက် ကျူးလွန်သူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေမှူးများက တရားလိုပြုလုပ်ကာ ရာဇသတ်ကြီး ပုဒ်မ ၁၈၈နဲ့ တရားရုံးကို ဦးတိုက် လျောက်ထားကာ တရားစွဲဆိုရတာ ဖြစ်ပါတယ်။

ရာဇသတ်ကြီး ပုဒ်မ ၁၈၈အရ မည်သူမဆို ပြည်သူ့ဝန်ထမ်းက ထုတ်ပြန်ကြေညာထားတဲ့ အမိန့်ကို သိလျက်နဲ့ ဖီဆန်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ အထိဖြစ်စေ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံး ဖြစ်စေချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

အစိုးရက ကန့်သတ်ထားတာတွေကို မလိုက်နာတဲ့သူတွေကို ဥပဒေအရ တင်းကျပ်စွာ အရေးယူဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြုလုပ်တဲ့ COVID-19 ဓာတ်ခွဲအတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူများကို စုံစမ်းရှာဖွေဖော်ထုတ်ခြင်း၊ ကာကွယ်၊ ထိန်းချုပ်ရေး စီမံဆောင်ရွက်ခြင်းတို့မှာ ပါဝင်ဆောင်ရွက်နေကြတဲ့ သူတွေနဲ့ အပြန်အလှန်ဆွေးနွေးတဲ့အချိန် ထည့်သွင်းပြောကြခဲ့တာဖြစ်ပါတယ်။

“ပြည်ထဲရေးဘက်ကတော့ ဥပဒေနဲ့ပတ်သက်လို့ ခပ်မာမာ ကိုင်တွယ်ရပါမယ်။ ကျွန်မက တာဝန်မဲ့တဲ့ လုပ်ရပ်တွေကို လုံးဝမနှစ်မြို့ဘူး။ ဥပမာဆိုရင် မလိုအပ်ဘဲ ဘာမှလည်းအရေး မကြီးဘဲနဲ့ နိုက်ကလပ်တွေလို ဟာမျိုး ဒီလိုတရားမဝင်၊ ကန့် သတ်ထားတဲ့ကြားကနေ ဖွင့်တာ တွေဆိုရင် ဒါတွေဟာ ဘာမှ လို အပ်တဲ့ကိစ္စလည်းမဟုတ်ဘဲ အင် မတန်တာဝန်မဲ့ပြီး ပြည်သူအ ပေါ်မှာရော၊ နိုင်ငံအပေါ်မှာရော၊ စေတနာအလွန်အင်မတန်နည်း တယ်လို့ ကျွန်မတို့ဒီလိုပဲ သတ် မှတ်ရမှာပဲ”လို့ ဒေါ်အောင်ဆန်စုကြည်က ပြောပါတယ်။

Photo: Yangon Police Facebook


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."