ယင်းမာပင် – ၂၀၂၂ အောက်တိုဘာ ၂၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာကနေ ထွက်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို ဒီကနေ့ မနက်၇:၀၀နာရီဝန်းကျင်က မိုင်းဆွဲခဲ့ပြီးထိတွေ့မှုဖြစ်ခဲ့တာကြောင့်စစ်သား၅ဦးသေဆုံးခဲ့တယ်လို့ ပုလဲမြို့နယ်ဂဠုန်နက်အဖွဲ့က ကိုဂဠုန်ကပြောပါတယ်။
ရင်ပေါင်တိုင်ကျေးရွာမှာ မနေ့ကတပ်စွဲထားတဲ့စစ်သားတွေက ပုထိုးသာကျေးရွာကို စုပေါင်းဖို့လာချိန်မှာ လမ်းမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးထိတွေ့မှုဖြစ်ပွါးခဲ့တာလို့ပြောပါတယ်။
“ဒီကနေ့မနက်ခုနစ်နာရီလောက်မှာ ထိတွေ့မှုဖြစ်တယ်၊ကျွန်တော်တို့ဘက်က မိုင်းအရင်ဆွဲတော့မိုင်းထိပြီး စစ်သားငါးယောက်သေတယ်၊ကျွန်တော်တို့ဘက်က ရဲဘော်နှစ်ယောက်ကတော့ ကျည်ရှပ်ထိထားတယ်”လို့ ကိုဂဠုန်ကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မနေ့မနက် ၁၀:၀၀ နာရီဝန်းကျင်မှာ ထောက်ပို့ရဟတ်ယာဥ်သုံးစီးနဲ့ စစ်သားတွေကို ရင်ပေါင်တိုင်ကျေးရွာနဲ့ ပုထိုးသာကျေးရွာတွေမှာ ပို့ဆောင်ခဲ့ပြီး တိုက်လေယာဥ်သုံးပစ်ခတ်မှုကြောင့် ပြည်သူသုံးဦးထိခိုက်ကာ နှစ်ဦးသေဆုံးခဲ့တယ်လို့ ကိုဂဋ္ဌုန်ကပြောပါတယ်။
” သေတာက ကိုယ်ဝန်သည်အမျိုးသမီးနဲ့သူ့ယောက္ခမထိတဲ့နေရာတင်သေတာ၊ယောက္ခမက ရင်ဘတ်ထိပြီးပွဲချင်းပြီးသေတယ်၊ကိုယ်ဝန်သည်လည်း ထိပြီးတခါတည်းဇက်ကျိုးသေတာ၊ အမျိုးသားတစ်ဦး ပေါင်ထိထားသေးတယ်”လို့ကိုဂဋ္ဌုန်ကပြောပါတယ်။
ပေါင်ကိုထိမှန်တဲ့အမျိုးသားက ဆေးရုံမှာဆေးကုသမှုခံယူနေရတယ်လို့သူကပြောပါတယ်။
#Dailynews

