ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၂၅ (မော်ကွန်း)
ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဖျားမြို့ဖြစ်တဲ့ ဂွမြို့နယ်ထဲထိ ထိုးစစ်ဆင်လာတဲ့ အာရက္ခတပ်တော် (AA) ဟာ ဂွမြို့နဲ့ ၁၅ မိုင်အကွာ ကမ်းခြေတွေအထိ ရောက်ရှိလာနေပြီး တိုက်ပွဲတွေလည်း နေ့စဉ်ဖြစ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဂွမြို့မရောက်ခင် ၁၅ မိုင်ခန့် ကွာဝေးတဲ့ တိုင်ကျိုး ကမ်းခြေရွာအနီးမှာ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဂွဒေသခံတချို့က ပြောပါတယ်။
သံတွဲမြို့ကို ထိန်းချုပ်ပြီးနောက်ပိုင်း ဩဂုတ်လဆန်းပိုင်းကစပြီး AA တပ်တွေဟာ ဂွမြို့နယ်ထဲထိ စတင်ထိုးစစ်ဆင်လာတာပါ။
သံတွဲ-ဂွလမ်းပိုင်းက ကျိန္တလီမြို့၊ ကုလားပြင်(ရတနာမြိုင်)၊ သဗြုချောင်းနဲ့ ကြွေချိုင်ကျေးရွာတွေမှာ ခံစစ်ဆင်ထားတဲ့ စစ်ကောင်စီတပ်တွေဟာ AA ထိုးစစ်ကြောင့် တစ်ဆင့်ပြီးတစ်ဆင့် ဆုတ်ခွာပေးလိုက်ရပြီး အဲဒီက ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်တွေဟာ ဆပ်သွားမြို့ကနေ ခံစစ်ပြင်ပြီး ထပ်မံခုခံနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
“နောက်ဆုံးသိတာ ကြွေချိုင်ထိ AA က အပြည့်အဝသိမ်းလိုက်ပြီပေါ့။ ဒီဘက်မှာ ဆပ်သွားမှာ သူတို့လက်နက်ကြီးတွေရော တပ်တွေရော အကုန်ပြန်စုထားတယ်။ ကြားထဲက တိုင်ကျိုးကမ်းခြေ၊ ကမ်းသာယာကမ်းခြေတွေ ကျန်သေးတယ်။ အဲဒီမှာအခုတိုက်ပွဲတွေဖြစ်နေတာပေါ့” လို့ ၎င်းဂွဒေသခံက ပြောပါတယ်။
ဒါ့ပြင် အခုလပိုင်းထဲမှာ ဂွမြို့နယ်တစ်လျှောက် တိုက်ပွဲတွေ မကြာခဏ ခပ်စိတ်စိတ်ဖြစ်လာတာကြောင့် ဒေသတွင်း ကမ်းခြေကျေးရွာတွေမှာ နေထိုင်တဲ့ ဒေသခံအများအပြားလည်း ထွက်ပြေးလာနေကြပါတယ်။
“AA ဘက်ဝင်ပြေးတဲ့သူပြေးတယ်။ ဒီဘက် စစ်ကောင်စီဘက်ကို ပြေးတဲ့သူလည်းပြေးတယ်။ နီးစပ်ရာပေါ့။ အဓိကတော့ လက်နက်ကြီးလမ်းကြောင်းနဲ့ ဝေးတဲ့ဘက်တွေကို ပြေးကြတာပေါ့” လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
အာရက္ခတပ်တော်ထိုးစစ်ဟာ ရခိုင်ပြည်နယ်ရဲ့ တိုင်းစစ်ဌာနချုပ်ဖြစ်တဲ့ နပခ ရှိရာ အမ်းမြို့နယ်၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောမြို့နယ်တွေမှာလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာပါ။
ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ ပူးပေါင်းတပ်တွေနဲ့ အင်အားသုံးတိုက်ခိုက်နေပြီး လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း မြင့်တက်နေပါတယ်။
ပုံစာ – ဂွမြို့နယ်ကနေ ရခိုင်ရိုးမတောင်ပိုင်းကို ဖြတ်ကျော်ပြီး ဧရာ၀တီတိုင်းဘက် ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်များ
ဓာတ်ပုံ – NPL
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

