ဖားကန့် – ၂၀၂၂ မတ် ၁ (မော်ကွန်း)
ဖားကန့်မြို့ပြည်သူ့သပိတ်ဟာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြောင်းနဲ့ ရုရှနိုင်ငံရဲ့ကျူးကျော်စစ်ကိုခံနေရတဲ့ ယူကရိန်းနိုင်ငံပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ဒီကနေ့ ပြသခဲ့ကြပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲမှာ ဖားကန့်မြို့က ဘာသာ၊ လူမျိုးပေါင်းစုံ ပြည်သူ ၄၀၀ ကျော်ပါဝင်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဖားကန့်မြို့ကို အင်တာနက်ဖြတ်တောက်ထားတာဟာ ခြောက်လကျော်ရှိလာပြီဖြစ်ပါတယ်။
ဓါတ်ပုံ – CJ
#Dailynews

