ယင်းမာပင် – ၂၀၂၃ စက်တင်ဘာ ၂၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာတွေကို ၏မုံရွာမြို့မှာရှိတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ အခုည လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ဒီည ၇း၃၀အချိန်လောက်ကပေါ့၊ နမခကနေ လက်နက်ကြီးတွေနဲ့ထုတယ်ဗျ၊ ဘယ်ရွာတွေဆီကျမလည်းတော့မသိဘူးဗျ၊ လတ်တလော ကမ်းနာက ရွာတွေကလူမရှိဘူး၊ တစ်လခွဲကျော်ပြီပြေးနေရတာ”လို့ ဒေသခံကပြောပါတယ်။
ချင်းတွင်းမြစ်ကမ်းဘေးက သံဘို၊ ပန်းတိမ်ပြင်၊ ကျောက်မှော်၊ အင်းဖျား၊ ကျွန်းပေါ်၊ နှောပင်၊ အင်းပတ်၊ကျောက်ကုန်းစတဲ့ရွာတွေကတော့ စစ်ကြောင်းထိုးလို့ ထွက်ပြေးတိမ်းရှောင်နေကြရတာ တစ်လခွဲလောက်ရှိနေပါပြီ။
လတ်တလော လက်နက်ကြီးပစ်ခတ်နေမှုနဲ့ပတ်သက်ပြီး “ရွာနီးစပ်တွေတော့ အချို့ရှောင်ကြတယ််၊ အချို့လည်း အိမ်ထဲမှကုတ်နေကြရတယ်၊ ထူးခြားမှုကတော့ မနေ့က ပန်းတိမ်ပြင်ရွာ သံဘိုရွာတွေက ကြက်သွန်တွေခိုးပြီး စက်လှေတွေပေါ်တင်ပြီးသယ်တယ်၊ ဒီနေ့တော့ ဟုမ္မလင်း၊ မော်လိုက်က စုန်လာတဲ့ စစ်ရေယာဥ်အုပ်စု၊ အလုံမြို့၊ စစ်ပင်ဆိပ်ကမ်းကိုရောက်တယ်။ အဒီရေယဥ်တွေကို PDF က လက်နက်ကြီးတွေနဲ့ မထုအောင်များလုပ်နေတာလားမသိဘူး။ လတ်တလောအခြေကတော့ ပြည်သူတွေထိတ်လန့်နေကြတယ်”လို့ ဒေသခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
လတ်တလော ယင်းမာပင်ခရိုင်တွင်းမှာ လေကြောင်း၊ရေကြောင်း၊ကုန်းကြောင်းတွေနဲ့ အာဏာသိမ်းစစ်တပ်ဘက်က စစ်ကြောင်းထိုးမှုတွေရှိနေပြီး ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
#Dailynews

