ကလေး – ၂၀၂၁ ဒီဇင်ဘာ ၂၄ (မော်ကွန်း)
ကလေးမြို့ အနီးအနားက ရွာတချို့ကို အာဏာသိမ်းစစ်ကောင်စီက ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ကြားမှာ ပင်မသပိတ်ဟာ ဒီကနေ့ လမ်းပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ပျက်ရက်မရှိတဲ့ ကလေးပင်မသပိတ်ဟာ ဒီကနေ့ဆိုရင် သပိတ်တိုက်ပွဲ ဆင်နွှဲလာတာ ရက်ပေါင်း ၃၂၀ ရှိပါပြီ။
ကလေးမြို့ နတ်ချောင်းရွာနဲ့ နတ်မြောင်းရွာတွေကို အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ထိုးစစ်ဆင်နေတဲ့အပြင် ရဟတ်ယာဉ်တွေနဲ့ပါပစ်ခတ်ခဲ့ပါတယ်။
မနေ့ကလည်း နတ်ချောင်းရွာကို ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်အပြီး ရွာကိုပါ ထပ်မံမီးရှို့ခံသလို ရွာခံတွေကိုလည်း ဖမ်းဆီးရိုက်နှက်ထားပါသေးတယ်။
ဓါတ်ပုံ – CJ
#Dailynews

