မြိုင် – ၂၀၂၄ ဩဂုတ် ၂၄ (မော်ကွန်း)
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ရွာသစ်ကျေးရွာကနေ ဆုတ်ခွာသွားတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်အပါအဝင် အလောင်းငါးလောင်းထပ်တွေ့ခဲ့ရတယ်လို့ အညာမြေတပ်ပေါင်းစု၊ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မော်ကွန်းကိုပြောပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေ ရွာသစ်ကျေးရွာကို နယ်မြေ ရှင်းလင်းခဲ့ပြီးတဲ့နောက် ဗိုလ်မှူးမင်းသိန်းကျော်၊ တပ်ကြပ်ကြီးခင်မောင်လွင်၊ တပ်သားရဲရင့်သွေးနဲ့ အမည်မသိရတဲ့ တပ်သားနှစ်ဦးအလောင်းတွေ မြေမြုပ်ထားတဲ့ ကျင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာပါ။
ရွာသစ်ဘုန်းကြီးကျောင်းအတွင်းပိုင်းနဲ့ ကျောင်းအရှေ့ဘက်တွေမှာ အလောင်းတွေကိုတွေ့ရတာဖြစ်ပြီး “တစ်ကျင်းတည်း နှစ်လောင်း သုံးလောင်းမြှုပ်ထားတာလည်းရှိတယ်၊ စုစုပေါင်းသုံးကျင်းတွေ့ရတယ်”လို့ အညာမြေတပ်တပ်ပေါင်းစုရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မော်ကွန်းကို ပြောပါတယ်။
မနေ့ညနေမှာ စစ်ကောင်စီစစ်ကြောင်းဟာ သရက်ကန် ပျူစောထီးကျေးရွာကို ဆုတ်ခွာသွားပြီး နယ်မြေရှင်းလင်းချိန်မှာ 81mm ၊ 40mm ၊ RPG လက်နက်ကြီးကျည်တွေ ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုလ ၁၉ ရက်က မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ရွာသစ်ကျေးရွာဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက သုံးရက်ဆက်တိုက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အလောင်းကိုးလောင်းနဲ့ ငါးဦးကို အရှင်ဖမ်းမိနိုင်ခဲ့ကာ လက်နက်ငယ် ၁၇ လက်၊ လက်နက်ကြီးသုံးလက်နဲ့ ခဲယမ်းတွေ ရရှိခဲ့ပါတယ်။
တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေကို ဂျနီဗာကွန်ဗန်းရှင်း ဥပဒေအရ ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ တော်လှန်ရေးအဖွဲ့တွေဘက်က ထုတ်ပြန်ထားတယ်။
ရွာသစ်ရွာဘုန်းကြီးကျောင်းမှာ စခန်းချနေတဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းကို အညာမြေတပ်ပေါင်းစု၊ ပခုက္ကူ တပ်ရင်း -၂၊ တပ်ရင်း – ၆၊တပ်ရင်း – ၇၊ Earthquake ၊ ပကဖ တပ်ရင်း – ၁၊ ဝံပုလွေပျောက်ကြားတပ်ဖွဲ့၊ ဒို့ညီနောင်ပြောက်ကျားတပ်ဖွဲ့နဲ့ Black God တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကြေညာထားပါတယ်။
ပုံစာ – စစ်ကောင်စီအလောင်းတွေ မြုပ်နှံထားတဲ့နေရာ
ဓါတ်ပုံ – အညာမြေတပ်ပေါင်းစု
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

