မန္တလေး – ၂၀၂၁ နိုဝင်ဘာ ၁၈ (မော်ကွန်း)
စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်း ဥပဒေချုပ်ရုံးရှေ့မှာ “မုဒိန်း စစ်တပ် အမြစ်ဖြတ်”ဆိုတဲ့ စာတန်းကို လူငယ်တချို့က ချိတ်ဆွဲပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းက မန္တလေးခရိုင် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နဲ့ ချမ်းမြသာစည်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်းကာ မန္တလေးတိုင်း ဥပဒေချုပ်ရုံးအရှေ့၌ “မုဒိန်း စစ်တပ် အမြစ်ဖြတ်” စာတန်း သွားရောက်ချိတ်ဆွဲကာ အာဏာသိမ်းစစ်ကောင်စီကို လက်မခံကြောင်း ဆန္ဒပြခဲ့ပါတယ်။
မနက်ပိုင်းကလည်း ၆၂လမ်းမကြီးပေါ်က ကားဂိတ်တစ်ခုမှာ အောင်မြေသာစံမြို့နယ်ထဲကလူငယ်တစ်စုက “Fucking Law/ Fuck Police And Army” ဆိုတဲ့ ပိတ်စကိုချိတ်ဆွဲပြီး ဆန္ဒပြခဲ့ပါသေးတယ်။
Photo – ABFSU
#Dailynews

