မိုးကုတ် – ၂၀၂၁ မေ ၅ (မော်ကွန်း)
မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်းရပ်ကွက်တွေစုပေါင်းပြီး စစ်အာဏာရှင်ကျဆုံးရေးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုထောက်ခံကြောင်း လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဖမ်းဆီးထားတဲ့ ကျောင်းသားများနဲ့ ပြည်သူများ ချက်ချင်းလွှတ်ပေးရေး၊ ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်ကျဆုံးရေး စတဲ့ တောင်းဆိုကြွေးကြော်သံတွေနဲ့အတူ မိုးကုတ်ဒေသခံလူငယ်တွေ လှည့်လည်ခဲ့ကြတာ ဖြစ်ပါတယ်။
ဓာတ်ပုံများ -CJ
#Dailynews

