၂ဝ၁၈ သြဂုတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၇) မှ သတင်းဆောင်းပါးဖြစ်ပါသည်။
စာနာ နားလည်ပေးဖို့လို
သင်ကြားရေးစနစ်များအပြင် အခြေခံအဆောက်အအုံ ဘက်မှာလည်း ကျောင်းဆောင်တွေ စတင်ဆောက်လုပ်က တည်းက မသန်စွမ်းတွေ သွားလာဖို့ ထည့်သွင်းစဉ်းစားဆောက်ခဲ့ မယ်ဆိုရင် အဆောက်အအုံတွေကို ပြန်ဖျက်၊ ပြန်ဆောက်တာ ထက် ကုန်ကျစရိတ်ပိုသက်သာတယ်လို့ မြန်မာနိုင်ငံမသန်စွမ်း သူများအဖွဲ့ချုပ်က မသန်စွမ်းသူများ ပညာရေးကော်မတီဥက္ကဋ္ဌ ဒေါ်အေးတင်ဇာမောင်က ဆိုပါတယ်။
ဒါ့အပြင် ဆောက်လုပ်ပြီးတဲ့ ကျောင်းဆောင်တွေနဲ့ မသန် စွမ်းကျောင်းသားတွေရဲ့ ကြုံတွေ့နေရတဲ့ ပြဿနာကို ဖြေရှင်း ဖို့ဆိုရင် အတန်းပိုင်ဆရာမတွေရဲ့ ကလေးတွေအပေါ် ပြုမူဆက် ဆံပုံနဲ့ ကျောင်းအသိုင်းအဝိုင်းရဲ့ အကူအညီ အများကြီးလိုအပ် တယ်လို့ မသန်စွမ်းပညာရေး ဆောင်ရွက်သူတွေနဲ့ မသန်စွမ်း ကလေးမိဘတွေက မော်ကွန်းကို ပြောကြပါတယ်။
ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံက အစီအစဉ် ကြီးကြပ်ရေးမှူးဖြစ်တဲ့ ဦးဌေးအောင်က ”မသန်စွမ်း ကျောင်းသူ၊ ကျောင်းသားတွေအပေါ်မှာ နားလည်မှုရှိရင် လိုအပ်တာကို လုပ် ပေးနိုင်မယ်ထင်တယ်”လို့ သူက ဆက်ပြောပါတယ်။
တစ်ဖက်မှာလည်း အဆောက်အအုံ ဘယ်လောက်အဆင် ပြေနေပါစေ ဆရာတွေရဲ့ ”ပြုမူဆက်ဆံတာ မကောင်းဘူးဆိုရင် အဲဒီကလေးက ကျောင်းမပျော်ဘူးပေါ့” လို့ သူက မှတ်ချက်ပြု ပါတယ်။
အခြေခံပညာရေးဦးစီးဌာနရဲ့ ဒုတိယòန်ကြားရေးမှူး ချုပ်ဖြစ်တဲ့ ဦးရဲလင်းမြင့်ကလည်း အပေါ်ထပ်တက်ဖို့ ခက်ခဲတဲ့ ကလေးတွေအတွက် ကျောင်းအုပ်ကြီးက အဲဒီကလေးရဲ့ အတန်း ကို မြေညီထပ်မှာ စီစဉ်ပေးလိုက်ခြင်းက အဆင်ပြေနိုင်မှာ ဖြစ် တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ”အိမ်သာကိစ္စ အထိတော့ အဆင်ပြေအောင်တော့ ကျောင်းတိုင်းတော့ အဆင်မပြေသေးဘူးပေါ့”လို့ သူက ဆို ပါတယ်။
သူ့အဆိုအရတော့ နောက်ပိုင်းမှာ မသန်စွမ်းကလေးတွေရဲ့ ကျောင်းတက်နှုန်းများလာတဲ့အပေါ် မူတည်ပြီး အခြေခံ အဆောက်အအုံပိုင်းတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာနိုင် ပါတယ်လို့ မှတ်ချက်ပြုပါတယ်။
အထူးပညာရေးဘာသာရပ် ပြဋ္ဌာန်းပါ
မသန်စွမ်းကလေးတွေကို သင်ကြားပေးနိုင်တဲ့ ဆရာတွေ ပေါ်ထွက်လာအောင် အထူးပညာရေးဘာသာရပ် ပြဋ္ဌာန်းထား တာမရှိလို့ မူလတန်းပြဆရာတွေကအစ အထက်တန်းပြဆရာ တွေအဆုံး မသန်စွမ်းကလေးတွေနဲ့ ပတ်သက်ပြီး သင်ကြားမှု ပိုင်းမှာ မကျွမ်းကျင်ကြသလို ကျွမ်းကျင်ဆရာတွေ မွေးထုတ် ပေးတဲ့သင်တန်းတွေလည်း ပညာရေးဝန်ကြီးဌာနအောက်မှာ မရှိဘူးလို့ မိဘတွေနဲ့ မသန်စွမ်းပညာရေး ဆောင်ရွက်သူတွေက ထောက်ပြကြပါတယ်။
ကြည်မြင်တိုင်မြို့နယ်ထဲက အ.ထ.က ၅ ကျောင်းမှာ အထက်တန်းပြလုပ်နေတဲ့ ဆရာမတစ်ဦးကတော့ အမြင်အာရုံ မသန်စွမ်းတဲ့ ကလေးတွေကို ရုတ်တရက်စတွေ့ချိန်မှာ သချာၤ ဘာသာရပ်ကို သူတို့နားလည်အောင် ဘယ်လိုသင်ပေးရမလဲ ဆိုတာ မသိဘူးလို့ ဆိုပါတယ်။
သူဟာ ပညာရေးတက္ကသိုလ်က ပညာရေးမဟာဘွဲ့ ရထား တာဖြစ်ပေမယ့် အမြင်အာရုံ မသန်စွမ်းကလေးတွေနဲ့ ပတ်သက် တဲ့ သီးသန့့်သင်ရိုးòန်းတမ်းရယ်လို့ သင်ကြားခဲ့ရတာ မရှိခဲ့ဘူး လို့ ဆိုပါတယ်။ ဒါကြောင့် အခုချိန်မှာတော့ သူဟာ ဘရေးစာရေး တတ်၊ ဖတ်တတ်အောင် လေ့လာနေတယ်လို့ မော်ကွန်းနဲ့ သြဂုတ် မှာ တွေ့ဆုံမေးမြန်းတုန်းက သူကပြောပါတယ်။
သူ့အနေနဲ့ကတော့ မသန်စွမ်းကလေးကို သချာၤဘာသာ ရပ် သင်ကြားပေးတဲ့အခါ စက်ဝိုင်းပုံစံ၊ လေးထောင့်ပုံစံတွေကို ခန့်မှန်းသိလာအောင် လက်ပေါ်မှာ ဝိုင်းပြတာမျိုး ရှိပြီး ကျန်တွက် ချက်တဲ့အပိုင်းတွေကတော့ များသောအားဖြင့် ပါးစပ်အပြောနဲ့ပဲ ရှင်းပြဖြစ်တယ်လို့ ဆိုပါတယ်။
ဒေါက်တာကေသီကျော်ကတော့ လူမှုဝန်ထမ်းအနေနဲ့ ပညာရေးဘက်က သက်ဆိုင်သူတွေနဲ့ တွေ့ဆုံတဲ့အခါတိုင်း မသန် စွမ်းကလေးတွေ နဲ့ပတ်သက်တဲ့ ဗဟုသုတ အသိပေးတာမျိုးတွေ လုပ်ဆောင်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဦးထာအုပ်ကတော့ မသန်စွမ်းသူတွေကို သင်ကြား ပေးဖို့ လေးနှစ်လောက် သင်ယူရတဲ့ အထူးပြုပညာရပ်ကို ”အချိန်ပိုင်းလောက် အသိပညာပေး ဟောပြောပေးတာက ဘယ်လို အဆင်ပြေမလဲ” လို့ ထောက်ပြပါတယ်။
ဒါကြောင့် အထူးပညာရေးဘာသာရပ်ကို သင်ချင်တဲ့သူ တွေအတွက် ပညာရေးကောလိပ်တွေမှာဖြစ်ဖြစ်၊ ဆရာအတတ် သင်တွေမှာဖြစ်ဖြစ် ပြဋ္ဌာန်းပေးရမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။
တစ်ဆက်တည်းမှာပဲ သူက မသန်စွမ်းကလေးတွေ ပညာ ရေးမှာ အမှန်တကယ်အကျုံးဝင်လာဖို့ဆိုရင် မသန်စွမ်းကလေး တွေကို အသုံးမကျတဲ့သူတွေ၊ စာသင်ပေးလည်း ဘာမှထူးမှာ မဟုတ်ဘူးဆိုတဲ့ အတွေးကို ဖျောက်ဖျက်ပစ်ပြီး အပြုသဘော ဘက်က စဉ်းစားကာ ချဉ်းကပ်သင့်တယ်လို့ ဆိုပါတယ်။
အားလုံးရဲ့ စိတ်ထားမမှန်သရွေ့တော့ ”သူတို့(မသန်စွမ်း တွေ)ရဲ့ (ပညာရေး)အကျုံးဝင်ခြင်းဆိုတာ အခက်အခဲ ရှိဦးမှာ ပဲ”လို့ သူက မှတ်ချက်ပြုပါတယ်။