ဩဂုတ် ၁၀ မုံရွာ
ဗဟိုဘဏ်ရဲ့ နိုင်ငံခြားပို့ကုန်ရငွေ လဲလှယ်ဖို့အချိုးပြောင်းလဲသတ်မှတ်လိုက်ပြီးနောက် အိစ်ပို့ကုန်ဖြစ်တဲ့ ပဲမျိုးစုံဈေး အတက်ကြမ်းလာတယ်လို့ ကုန်သည်တွေကပြောပါတယ်။
ယခင်က ပို့ကုန်ရငွေရဲ့ ၃၅% ကို ဗဟိုဘဏ်သတ်မှတ်ဈေးနှုန်းနဲ့လဲလှယ်ရပြီး
ဩဂုတ် ၈ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်စာမှာတော့ ၂၅% ကိုပြောင်းလဲသတ်မှတ်ခဲ့တာပါ။
အဲဒီနောက် နိုင်ငံခြားပို့ကုန်ဖြစ်တဲ့ ပဲစင်းငုံ၊ မတ်ပဲ၊ ကုလားပဲအုပ်စုဖြစ်တဲ့ B3/B7 ပဲဈေးတွေ အတက်ကြမ်းလာတယ်လို့ မုံရွာကုန်စည်ဒိုင်က ပဲပွဲစား တစ်ဦးက ပြောပါတယ်။
“ပို့ကုန်ရငွေ အချိုးပြောင်းလဲလာလို့ ပဲဈေးတွေတက်လာတယ်။ အဲဒီလို ပြောင်းလဲလိုက်တော့ နိုငံခြားပို့ပဲကို ပွဲစားတွေက ပိုဝယ်နိုင်လာတယ်။ ဈေးပိုပေးလာနိုင်တယ်။ လုံးဝ ကန့်သတ်မှုမရှိရင် ဒီ့ထက် ငါးဆလောက်ပိုတက်လာနိုင်ပါတယ်” လို့ သူက ပြောပါတယ်။
အိပ်စပို့ကုန်ပဲတွေရဲ့ ဈေးနှုန်းကတော့ ဇူလိုင် ၃၀ ရက်က ကုလားပဲအုပ်စုဝင် B3/B7 တစ်တင်းကို ကျပ် ၈၃,၀၀၀ ဈေးကနေ ယခုလ ၉ ရက်မှာ ၉၈,၀၀၀ ၊ ပဲစင်းငုံ ကျပ် ၁၃၂,၅၀၀ ကနေ ၁၄၄,၅၀၀၊ မတ်ပဲ ၉၀,၀၀၀ ကနေ ၁၀၁,၅၀၀ အထိ တက်လာတယ်လို့ သိရပါတယ်။
အခြား ပြည်တွင်းသုံးပဲတွေလဲ အတက်ဘက်ကိုလိုက်လာတယ်လို့ ဆိုပါတယ်။
ပုံစာ – မုံရွာပဲကုန်စည်ဒိုင်မှ ပဲများ
Photo – Supplied
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

