၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
ဟေမာန်ပြည့် ရေးသည်။
ရန်ကုန် (ဇန်နဝါရီ၊ ၂၀၁၈)
သိမ်ကြီးဈေးအနီးမှ ဓာတုဗေဒပစ်္စည်းများ
ရောင်းချသည့်ဆိုင် အများစု တည်ရှိရာ
၂၇ လမ်းနှင့် ၂၈ လမ်းသည် ဈေးဝယ်
သူများဖြင့် စည်ကားနေသည်။
လမ်းထဲသို့ဝင်သွားပြီး ဈေးဆိုင်တစ်ခုရှေ့ ရောက်သော အခါ လိုချင်သည့် ပစ်္စည်းတစ်မျိုးကိုမေးကြည့်သည်။ ပထမဆိုင် မှာ ထိုပစ်္စည်းက မရှိ။ နောက်တစ်ဆိုင် ဆက်သွားပြီး မေးကြည့် သည့်အခါ ပစ်္စည်းက ရှိသည်။ လိုသလောက်လည်း ဝယ်လို့ရသည် ဟု ဆိုင်ရှင်က ပြောသည်။
ထိုဆိုင်မှ ထွက်လာပြီး နောက်ထပ် တစ်ဆိုင်ဝင်တစ်ဆိုင် ထွက် မေးကြည့်ရာ ခုနစ်ဆိုင်တွင် နှစ်ဆိုင်ကသာ ထိုပစ်္စည်းကို မည်သည့်အတွက် အသုံးပြုမလဲဟု မေးမြန်းသည်။ ကျန်သည့် ဆိုင်များကတော့ ဘာမှ မမေး။ လွယ်လွယ်ကူကူပင် ရောင်း ပေးသည်။
ထိုပစ္စည်းက အခြားမဟုတ်။ ဓာတ်ခွဲခန်းများတွင် ရောဂါ ရှာဖွေရာ၌ အသုံးပြုသည့် ဓာတုဆိုးဆေး RHODAMINE B ပင် ဖြစ်သည်။ သို့သော် ထိုဓာတုဆိုးဆေးကို မြန်မာနိုင်ငံတွင် ငါးပိနှင့် ငရုတ်သီးမှုန့် ထုတ်လုပ်သူများက အရောင်ဆိုးသည့် နေရာတွင် အသုံးပြုနေကြသည်။
အစားအသောက်တွင် အသုံးမပြုရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က တားမြစ်ထားသည့် ဆိုး ဆေးနှင့် ဓာတုဆေးဝါးများကို ဓာတုဗေဒပစ်္စည်းအရောင်းဆိုင် များတွင် လိုသလောက် ဝယ်ယူ ရရှိနိုင်သည်ဟု အစားအသောက် အရေး လှုပ်ရှားသူများက ဆိုကြသည်။
ထို့ကြောင့် ဓာတုဗေဒပစ်္စည်းများကို အလွယ်တကူဝယ်၍ ရ၊ မရ အတိအကျသိနိုင်ဖို့ ဒီဇင်ဘာပထမပတ်အတွင်း ဆိုးဆေး ဝယ်ယူသူ တစ်ယောက်အနေဖြင့် သွားရောက် မေးမြန်းခဲ့ရာ အထက်ပါအတိုင်း တွေ့ကြုံခဲ့ရခြင်းဖြစ်သည်။
FDA က အစားအသောက် ထုတ်လုပ်ရောင်းချသူများကို ဆိုးဆေးများ၊ ဓာတုဗေဒပစ်္စည်းများ အသုံးမပြုရန်နှင့် ရောင်းချ ခြင်းမပြုရန် ပညာပေးမှုများလုပ်ဆောင်သော်လည်း ဆိုးဆေး များ၊ ဓာတုဗေဒပစ်္စည်းများကို အလွယ်တကူ ဝယ်ယူရရှိနေသည့် အတွက် ထိရောက်မှု အားနည်းနေဆဲဖြစ်ကြောင်း အစား အသောက် ဘေးကင်းလုံခြုံရေး လှုပ်ရှားသူများက ထောက် ပြသည်။
ဆိုးဆေးများ၊ ဓာတုဗေဒပစ်္စည်းများကို “တံခါးမရှိ၊ ဓား မရှိ” ဝယ်ယူခွင့် ရှိနေသည့်အတွက် အစားအသောက်များတွင် ထည့်သွင်းအသုံးပြုနေခြင်းကို ထိန်းချုပ်ရန် ခက်ခဲနေရသည်ဟု မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်း ဥက်္ကဋ္ဌ ဦးဗအုပ်ခိုင် က ထောက်ပြသည်။
““အခုတော့ လွတ်လွတ်လပ်လပ် ဝယ်ချင်သလို ဝယ်လို့ ရနေတယ်။ လွယ်လွယ်ဝယ်လို့ ရနေလို့ (ဆေး)ဆိုးနေကြတာ””ဟု သူက သုံးသပ်သည်။
၂၀၁၇ ဇန်နဝါရီတွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရွှေဘိုမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာအေဇင်လတ်က ကျန်းမာရေးနှင့်မညီညွတ်သည့် ဓာတုဆိုးဆေးပါ စားသောက်ကုန်များရောင်းချနေခြင်းအား စီမံ ချက်ချပြီး တားဆီးနှိမ်နင်းရန် အဆိုတင်သွင်းရာ အောင်မြင် ခဲ့သည်။
ယင်းနောက် FDA က ၂၀၁၇ နှစ်ဆန်းပိုင်းမှစတင်ကာ ဈေးများတွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများကို စီမံချက် ချပြီး ပြုလုပ်လာသကဲ့သို့ ရှောင်တခင် စစ်ဆေးမှုများလည်း ပြု လုပ်လာသည်။ သို့သော် ဆိုးဆေးပြဿနာမှာ ပြီးပြတ်အောင် မဖြေရှင်းနိုင်သေးဘဲ ရှိနေသည်။
ခွင့်ပြုချက်မဲ့ ဓာတုပစ်္စည်းများ
အစားအသောက်တွင် ထည့်သွင်းအသုံးပြုရန် ခွင့်ပြုထား သည့် ဓာတုဗေဒပစ်္စည်းများ ရှိသကဲ့သို့ ခွင့်မပြုထားသည့် ဓာတု ဗေဒပစ်္စည်းများလည်း ရှိသည်။
ခွင့်ပြုမထားသော ဆိုးဆေးများကို လက်ဖက်၊ ငါးပိ၊ အရောင်တင်မှုန့်နှင့် ငရုတ်သီးမှုန့်တု့ိတွင် အဓိက သုံးစွဲကြပြီး တာ ရှည်ခံဓာတုဆေးများကို မုန့်ဟင်းခါးဖတ်၊ ခေါက်ဆွဲဖတ်နှင့် ပဲပြားများတွင် အဓိကအသုံးပြုကြသည်ဟု အစားအသောက် ပညာရှင်များက ပြောသည်။
မျှင်ငါးပိ၊ လက်ဖက်တို့တွင် အရောင်လှပစေရန် ဓာတ်ခွဲ ခန်းသုံး ဆိုးဆေးတစ်မျိုး ဖြစ်သည့် RHODAMINE B ကို အသုံးပြု လေ့ရှိသလို ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်တို့တွင်လည်း ဖိနပ် များ၊ သားရေများကို အရောင်ဆိုးရာတွင် သုံးသော အနီရောင် ဆိုးဆေးဖြစ်သည့် SUDAN III ကို အများဆုံးအသုံးပြုသည်။
မုန့်ဟင်းခါးဖတ်၊ ခေါက်ဆွဲ၊ ပဲပြား၊ ပဲသွေးနှင့် အသား ငါးများတာရှည်ခံစေရန် လူသေများ မပုပ်သိုးအောင် အသုံးပြု သည့် ဖော်မလင် ထည့်သွင်းအသုံးပြုမှုများ ရှိသည်ဟု ရန်ကုန် တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနက ဒုတိယဩန်ကြားရေးမှူး ဒေါက်တာမင်းဝန်က ပြောသည်။
အပင်၊ အပွင့်၊ အရွက်တို့မှ ရရှိသည့် သဘာဝဆိုးဆေးများကို အစားအသောက်များတွင် ထည့်သွင်း အသုံးပြုခွင့်ပေးထားသော် လည်း ထုတ်လုပ်ရန် ခက်ခဲခြင်း၊ ကုန်ကျစရိတ် များပြားခြင်းတို့ ကြောင့် အရောင်လှပစေရန်နှင့် တာရှည်ခံစေရန် ဓာတုဗေဒဆိုး ဆေးများကို ထည့်သွင်း အသုံးပြုလာသည်ဟု အစားအသောက် ပညာရှင်များက ဆိုသည်။
အထွေထွေရောဂါ အထူးကုသမားတော်ကြီး ဒေါက်တာမိုး အောင်ကျော်နိုင်က ““ဆိုးဆေးမှာ အစားအသောက်အတွက် သီး သန့်ထုတ်လုပ်ထားတဲ့ ဆိုးဆေးအပြင် အဝတ်အစားတွေမှာ ဆိုး တဲ့ ဆိုးဆေးမျိုးတွေကို အစားအသောက်မှာထည့်သုံးရင် ဆိုး ရွားစွာထိခိုက်နိုင်တယ်။ ကင်ဆာအပြင် တခြားကတော့ ဓာတ် မတည့်တဲ့ လက်္ခဏာမျိုးတွေ တွေ့ရတယ်””ဟုဆိုသည်။ သူသည် ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း၏ အထွေထွေ အတွင်း ရေးမှူးလည်း ဖြစ်သည်။
မော်ကွန်းက ချဉ်းကပ်မေးမြန်းခဲ့သည့် အိမ်ရှင်မများက ၎င်းင်းတို့နေ့စဉ် ဝယ်ယူစားသောက်နေရသော အစားအသောက် များ၏ ဘေးကင်းလုံခြုံရေးနှင့် ပတ်သက်ပြီး စိတ်မချဟုဆိုသည်။
ဆိုးဆေးများပါဝင်သည့် အခြေခံစားသောက်ကုန်များကို နေ့စဉ် အသုံးပြုနေရသည်မှာ ““အဆိပ်တွေ စားနေရသလိုပဲ””ဟု လှိုင်မြို့နယ်တွင် နေထိုင်သူအသက် ၃၅ နှစ်အရွယ် မရတနာက မှတ်ချက်ချသည်။
ရောဂါတွေ ဖြစ်လာကြ
အစားအစာများတွင် ပါဝင်သည့် ဆိုးဆေးများ၊ ဓာတုဗေဒ ပစ္စည်းများကြောင့် အသည်းကင်ဆာ၊ အစာအိမ်နှင့် အူလမ်း ကြောင်းဆိုင်ရာ ကင်ဆာရောဂါများကို ဖြစ်ပွားစေတတ်သည်ဟု ဆရာဝန်များက ပြောသည်။
မြန်မာနိုင်ငံသည် ကင်ဆာရောဂါဖြင့် သေဆုံးမှုအမြင့်ဆုံးနိုင်ငံများတွင် နိုင်ငံပေါင်း ၁၇၂ နိုင်ငံအနက် အဆင့် ၆၅ တွင် ရှိသည်ဟု WORLD LIFE Expectancy ဝက်ဘ်ဆိုက် တွင် ဖော်ပြထားသည်။ ထို ဝက်ဘ်ဆိုက်သည် က်္ဘာ တစ် ဝန်း နိုင်ငံများ၏ ကျန်းမာရေး ဆိုင်ရာ ကိန်းဂဏန်းနှင့် အချက် အလက်များကို စုဆောင်း ကာ ကဏ္ဍအလိုက် ပိုင်းခြား စိတ်ဖြာပေးသည့် ဝက်ဘ် ဆိုက်ဖြစ်ပြီး သုတေသန အဖွဲ့အစည်းတစ်ခု ဖြစ်သော LEDUC MEDIA ၏ ပရောဂျက်တစ်ခု ဖြစ်သည်။ က်္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး (WHO) က ၂၀၁၄ တွင် ထုတ်ပြန်သော ကိန်းဂဏန်း များကို ယင်းဝက်ဘ်ဆိုက်က ကိုးကားပြီး နိုင်ငံအလိုက် စိတ်ဖြာထားခြင်း ဖြစ်သည်။
ရန်ကုန်ဆေးရုံကြီးမှ ရရှိသည့် စာရင်းများအရ ၂၀၁၅ တွင် အဖြစ်များဆုံး ကင်ဆာငါးမျိုးတွင် အူမကြီးကင်ဆာ၊ အစာဟောင်းအိမ် ကင်ဆာတို့ပါဝင်သည်။ ၂၀၁၆ တွင် အဖြစ်အများဆုံး ကင်ဆာငါးမျိုးတွင် ယင်းကင်ဆာ နှစ်မျိုးအပြင် အစာအိမ်ကင်ဆာလည်း ပါဝင်လာသည်။
ဒေါက်တာမိုးအောင်ကျော်နိုင်က ““အခုအချိန်မှာ ကင်ဆာ တွေ ပိုများလာခြင်းသည် အစားအသောက်က အဓိကလို့ သွား တွေ့ရတယ်။ ဘာလို့လဲဆိုတော့ လူနေမှုပုံစံ ပြောင်းလဲမှုထက် စာ ရင် စားသောက်မှုပုံစံက ပြောင်းလဲလာတယ်”” ဟု သုံးသပ်သည်။
ဆိုးဆေးပါဝင်သည့် အစားအစာများကို ယေဘုယျအား ဖြင့် အလွယ်တကူ ခွဲခြားသိမြင်နိုင်သည့်အတွက် စားသုံးသူများ အနေဖြင့် သဘာဝအရောင်မဟုတ်ဘဲ ပုံမှန်ထက် ပိုမိုတောက်ပ နေသည့် အရောင်ပါဝင်သည့် အစားအစာများကို သတိပြု ရှောင် ရှားသင့်ကြောင်း အစားအသောက်အရေး ကျွမ်းကျင်သူများက ထောက်ပြသည်။
အဝါရောင်တောက်နေသည့် မျှစ်များ၊ ပန်းရောင်သန်းနေ သည့် ငါးပိများသည် ဆိုးဆေးပါဝင်မှုကို ထင်သာမြင်သာတွေ့နိုင် သည့် နမူနာများဖြစ်သည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ ကျန်းမာရေးဌာန၊ ခေတ်္တဌာနမှူး ဒေါက်တာ သန်းသန်းလွင်က ဆိုသည်။
Photo-Hay Man စားသောက်ဆိုင်များကို FDA မှ ဝင်ရောက်စစ်ဆေးစဉ်
ဆိုးဆေးပါဝင်သည့် အစားအသောက်များအား အရောင် ကိုကြည့်ပြီး အမြင်အားဖြင့် အလွယ်တကူခွဲခြားနိုင်သော်လည်း ဖော်မလင်ကဲ့သို့ တာရှည်ခံဆေး ထည့်သွင်းအသုံးပြုထားသည့် စားသောက်ကုန်များကိုတော့ သာမန်အားဖြင့် ခွဲခြားရန် ခက်ခဲ သည်ဟု ရန်ကုန်တိုင်းဒေသကြီး FDA မှ ဒေါက်တာမင်းဝန်က ပြောသည်။
စူးရှရှအနံ့တစ်မျိုး ရရှိနေသည့် မုန့်ဟင်းခါးဖတ်၊ လက်ဖြင့် ဖြတ်ကြည့်ပါက ချက်ချင်း ပြတ်မသွားဘဲ ဆွဲဆန့်နိုင်သည့် အနေ အထားမျိုးရှိသည့် မုန့်ဟင်းခါးဖတ်များမှာ ယေဘုယျအားဖြင့် ဖော်မလင်ပါဝင်နိုင်သည့်အတွက် ဝယ်ယူစားသုံးရန် မသင့် ကြောင်း သူက ရှင်းပြသည်။
ဖော်မလင်သည် စားသောက်ကုန်အတွက် ရည်ရွယ်ထုတ် လုပ်ထားသော ပစ်္စည်းမဟုတ်သည့်အတွက် ပမာဏမည်မျှ စား သောက်ပါက ကင်ဆာဖြစ်စေနိုင်သည်ကို အတိအကျပြောဆိုရန် မဖြစ်နိုင်ဟု ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောသည်။
““ဒီဟာ(ဖော်မလင်) က စားသောက်ကုန် ပစ်္စည်းမဟုတ်တဲ့ အခါကျတော့ သူ သုံးစွဲထားတဲ့ ပစ္စည်းအမယ်ပေါ်မှာ ဘယ် လောက်ပါဝင်မှု ရှိတယ်ဆိုတာကို သေချာပေါက် မပြောနိုင်တဲ့ အချိန်မှှာ ခန်္ဓာကိုယ်ထဲကို ဘယ်လောက် ဝင်သွားတယ်ဆိုတာ တွက်ချက်ဖို့ ပိုပြီး ခက်မယ်။ ဒါကြောင့် ဒါ သုံးစွဲထားတဲ့ အစား အသောက်တွေကို လုံး၀ မသုံးသင့်ဘူး””ဟု ဆိုသည်။
ဆိုးဆေးများသည် စက်မှုလုပ်ငန်းများနှင့် အခြားလုပ်ငန်း များတွင်အသုံးပြုရန် တင်သွင်းလာသည့် ပစ်္စည်းများဖြစ်ပြီး အ်္တရာယ်ဖြစ်လွယ်သော၊ ပေါက်ကွဲစေတတ်သော ဓာတုပစ်္စည်း မဟုတ်သည့်အတွက် ရောင်းဝယ်ရာတွင် ““သိပ်ပြီးတော့ တင်း တင်းကျပ်ကျပ်မရှိဘူး။ လွယ်လွယ်ကူကူ ရောင်းလို့ရနေတဲ့ပစ်္စည်း တွေပေါ့””ဟု ဒေါက်တာမင်းဝန်က ဆိုသည်။
ဥပဒေက အားနည်း
၂၀၁၃ တွင် ပြဋ္ဌာန်းခဲ့သည့် ဓာတုပစ်္စည်းနှင့် ဆက်စပ် ပစ်္စည်းများ အ်္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေအရ လူကို အ်္တရာယ်ဖြစ်စေနိုင်သည့် ဓာတုပစ်္စည်းများ သိုလှောင်ခြင်း၊ ဖြန့် ဖြူးခြင်း၊ ရောင်းချခြင်းတို့ကိုသာ အဓိက ထိန်းချုပ်ထားသည်။
သို့သော် ယင်းဥပဒေ၌ အစားအသောက်တွင် သုံးနေသည့် တားမြစ်ဓာတုဗေဒဆိုးဆေးများကို ထိန်းချုပ်ရန် အချက် မပါဝင် သောကြောင့် ယင်းဥပဒေကို ပြင်ဆင်ရန် လိုကြောင်း အစား အသောက် ဘေးကင်းလုံခြုံရေး လှုပ်ရှားနေသည့် အဖွဲ့များက ထောက်ပြသည်။
အစားအသောက် ဘေးကင်းလုံခြုံရေးဆိုင်ရာ ဆောင်းပါး များ ရေးသားနေသူ ဒေါက်တာစိုးခိုင်က ဆိုးဆေးနှင့် တားမြစ် ဓာတုဗေဒပစ်္စည်းများ ပါဝင်သည့် အစားအစာများအား ထိန်း ချုပ်နိုင်ရန် FDA အနေဖြင့် အဆင့်သုံးဆင့် လုပ်ဆောင်သင့်သည် ဟု ထောက်ပြသည်။
ထိုသုံးဆင့်ဆိုသည်မှာ ဖော်မလင်နှင့် ဆိုးဆေးတို့ ရနိုင် သည့် နေရာ၊ ယင်းတို့ကိုသုံးပြီး အစားအသောက် ထုတ်လုပ်သည့် နေရာနှင့် ယင်းအစားအသောက်တို့ကို လက်လီရောင်းသည့် နေရာတို့ကို ဆိုလိုခြင်းဖြစ်သည်။
Photo-Hay Man အစားအသောက်များတွင်ဖော်မလင်ပါဝင်မှုရှိမရှိ ရွေ့လျားဓာတ်ခွဲခန်းနှင့် စစ်ဆေးနေစဉ်
““အဲဒီသုံးခုစလုံး ကိုင်မှ ဒါက ပြတ်မှာ””ဟု ဒေါက်တာစိုးခိုင် က အကြံပြုသည်။
ရန်ကုန်တိုင်းအတွင်းရှိ ဈေးများကို ခရိုင်အဆင့် FDA မှ ဒေသအလိုက် တစ်လလျှင် နှစ်ကြိမ်စီ ဝင်ရောက်စစ်ဆေးရန် စီစဉ်လျက်ရှိပြီး ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများလည်း ပြုလုပ်လျက်ရှိသည်ဟု ဒေါက်တာမင်းဝန်က ပြောသည်။ ဈေး များကို ဝင်ရောက်စစ်ဆေးရာတွင် FDA နှင့်အတူ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီကလည်း အတူပူးပေါင်းပြီးလုပ်ဆောင်ခြင်းဖြစ်သည်။
FDA က ဈေးများတွင် ရှောင်တခင် ဝင်ရောက်စစ်ဆေး နေသော်လည်း ထုတ်လုပ်သည့်နေရာများအထိ သွားရောက်စစ် ဆေးမှုမှာ အားနည်းနေသေးကြောင်း အစားအသောက်အရေး လှုပ်ရှားသည့် အဖွဲ့များက ထောက်ပြသည်။
ဒေါက်တာသန်းသန်းလွင်ကတော့ ထုတ်လုပ်သည့်နေရာ နှင့် လက်လီရောင်းချသည့် နေရာများကို စစ်ဆေးရာတွင် အခက် အခဲများ ရှိနေသည်ဟုဆိုသည်။
လက်လီဆိုင်များကိုစစ်ဆေးရာတွင် မည်သည့်နေရာမှ ဝယ်ယူသည်ကို ပြောနိုင်သည့် ဆိုင်ရှိသကဲ့သို့ အများစုက တစ် ဆင့်ခံ ဝယ်ယူသူ၏ ဖုန်းနံပါတ်ကိုသာ သိရှိပြီး အချို့ဖုန်းနံပါတ် များမှာ ဆက်သွယ်မရနိုင်သည့့်အတွက် ထုတ်လုပ်သည့်နေရာကို ခြေရာခံရန်ခက်ခဲသည်ဟု ဒေါက်တာသန်းသန်းလွင်က ဆိုသည်။
မုန့်ဖတ်များကို စက်ရုံမှ ထုတ်လုပ်စဉ်ကတည်းက ဖော် မလင် ထည့်သွင်းခြင်းဖြစ်နိုင်သကဲ့သို့ လက်လီရောင်းချသူများမှ ထည့်သွင်းခြင်းလည်း ဖြစ်နိုင်သည်ဟု သူက ဆိုသည်။
ထုတ်လုပ်သည့်နေရာများ၊ ဈေးများတွင် သွားရောက် စစ်ဆေးရာတွင် တားမြစ်ဆိုးဆေးများ၊ ဓာတုဗေဒပစ်္စည်းများ ပါဝင်သည်ကို တွေ့ရှိပါက ပစ်္စည်းများကို တစ်ခါတည်း သိမ်းဆည်း ရန် လိုအပ်ပြီး ထုတ်လုပ်သည့်လုပ်ငန်းကိုလည်း ရပ်တန့်ထားရန် လိုသည်ဟု အစားအသောက် ဘေးကင်းလုံခြုံရေး လှုပ်ရှားသည့် ပညာရှင်များက ထောက်ပြသည်။
““တွေ့တဲ့ပစ်္စည်းတင် သိမ်းတာမဟုတ်ဘဲ ဈေးကွက်မှာ ရှိနေတဲ့ ပစ်္စည်းကိုပါ သိမ်းဖို့ လိုတယ်””ဟု ဒေါက်တာစိုးခိုင်က ဆိုသည်။
FDA မှ ဝင်ရောက်စစ်ဆေးစဉ် တားမြစ်ဆိုးဆေးများ အသုံးပြုသည်ကို ပထမအကြိမ် စစ်ဆေးတွေ့ရှိပါက ခံဝန်ကတိ ထိုးစေပြီး ဒုတိယအကြိမ် ထပ်မံတွေ့ရှိပါက တရားစွဲဆိုလျက် ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး FDA မှ ဒုတိယဩန်ကြားရေး မှူး ဒေါက်တာမင်းဝန်က ဆိုသည်။
အစားအသောက်များတွင် တားမြစ်ဓာတုပစ်္စည်းများ ပါဝင်သည့်အတွက် ယခုနှစ်တွင် ရန်ကုန်တိုင်းအတွင်း အမျိုးသား အစားအသောက် ဥပဒေအရ အမှုဖွင့်ထားသည့်အမှု သုံးမှု ရှိ သည်ဟု ရန်ကုန်တိုင်းဒေသကြီး FDA အစားအသောက် ဌာန ခွဲမှ ဒုတိယဩန်ကြားရေးမှူး ဒေါ်ဥမ်္မာစိုးဝင်းက မော်ကွန်းသို့ ပြောသည်။
အဆိုပါအမှုသုံးခုလုံးမှာ ပဲသွေးတွင် ဖော်မလင် ထည့်သွင်း အသုံးပြုသည့်အတွက် ၂၀၁၇ စက်တင်ဘာတွင် အမှုဖွင့်ထားခြင်း ဖြစ်သည်။ အဆိုပါအမှုများနှင့် ပတ်သက်ပြီး ဥပဒေအကြံပြုချက် တောင်းထားဆဲ ဖြစ်သောကြောင့် ဒီဇင်ဘာ တတိယပတ်အထိ တရားစွဲဆိုနိုင်ခြင်း မရှိသေးဟု ဒေါ်ဥမ်္မာစိုးဝင်းက ဆိုသည်။
Photo-Hay Man မုန့်ဖတ်နှင့်ခေါက်ဆွဲများရောင်းချနေသောဆိုင်တစ်ဆိုင်
ပြစ်ဒဏ်နည်းပါး
စားသုံးသူကို အဆိပ်သင့်စေနိုင်သော၊ ဘေးဥပါဒ်အ်္တရာယ် ဖြစ်စေနိုင်သော၊ သက်ဆိုင်ရာက တားမြစ်ထားသည့် ပစ်္စည်း ဖြစ်စေ၊ ခွင့်မပြုသည့် ပစ်္စည်း ပါရှိသည့် အစားအသောက်များကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း ပြုလုပ်ပါက ထောင် ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်သုံးသိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်သည်ဟု အမျိုးသား အစားအသောက်ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
သို့သော် အစားအစာများတွင် ဓာတုဆေးဝါးများ ပါဝင်မှု ကို ထိထိရောက်ရောက် တားဆီးနိုင်ရန် လက်ရှိပြစ်ဒဏ်မှာ နည်း ပါးလျက်ရှိသည်ဟု အစားအသောက်အရေး လှုပ်ရှားသူများက ဆိုသည်။
မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်း ဥက်္ကဋ္ဌ ဦးဗအုပ်ခိုင်က ““တရားစွဲရင် ဒဏ်ငွေနဲ့ပဲ ပြီးသွားတယ်ဆိုရင် မအောင်မြင်ဘူး။ ဥပဒေရဲ့ ပြစ်ဒဏ်ပိုင်းတွေကို ပြင်ကိုပြင်ရ မယ်””ဟု ဆိုသည်။
လက်ရှိ FDA မှ ပညာပေးမှုများ ပြုလုပ်ပြီးနောက်ပိုင်းတွင် ဈေးကွက်တွင် တွေ့ရသည့် အစားအစာများတွင် ဆိုးဆေးနှင့် ဖော်မလင်ပါဝင်မှုမှာ သိသိသာသာ လျော့ကျသွားသည်ဟု FDA မှ ဒေါက်တာမင်းဝန်က ပြောသည်။
““မတွေ့ရသလောက်တော့ ပျောက်သွားတာ မဟုတ်ပေ မယ့် အရင်တုန်းက ၁၀ ခါမှာ ကိုးခါ တွေ့ခဲ့ရင် အခု ၁၀ ခါမှာ တစ်ခါပဲ တွေ့တော့တယ်””ဟု ဆိုသည်။
သို့သော် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းဥက်္ကဋ္ဌ ဦးဗအုပ်ခိုင်ကတော့ ဈေးကွက်အတွင်း အ်္တရာယ်ရှိ အစား အသောက်များမှာ ၈၀ ရာခိုင်နှုန်းခန့် ရှိနေသည်ဟု ဆိုသည်။
ဆိုးဆေးများ၊ တားမြစ်ဓာတုဗေဒပစ်္စည်းများကို အလွယ် တကူဝယ်ယူရရှိနေသမျှ အစားအသောက်တွင် ထည့်သွင်းအသုံး ပြုမှုကို ထိန်းချုပ်နိုင်မည် မဟုတ်ဟု အစားအသောက်ဆိုင်ရာ ပညာရှင်များက ထောက်ပြသည်။
လက်ရှိပြဿနာကိုဖြေလျှော့ရှင်းလင်းရန် ဓာတုဗေပစ်္စည်း ရောင်းချသည့်ဆိုင်များတွင် အစားအသောက်အတွက် တား မြစ်ထားသည့် ဓာတုဗေဒပစ်္စည်းများ လာရောက်ဝယ်ယူပါက မှတ်တမ်းတင်ထားရန်နှင့် စားသောက်ကုန်အတွက် အသုံးပြုရန် ဝယ်ယူပါက မရောင်းချရန် ဓာတုဗေဒပစ်္စည်း အရောင်းဆိုင်များ အား ပညာပေးမှုများကို ၂၀၁၈ နှစ်ဆန်းပိုင်းတွင် စတင်ပြုလုပ် သွားမည်ဟု FDA မှ ဒေါက်တာမင်းဝန်က ပြောသည်။
“Industrial Chemical (စက်မှုလုပ်ငန်းသုံး ဓာတုဗေဒ ပစ္စည်း)တွေကို ရောင်းနေတဲ့သူတွေသည် ဝယ်တဲ့သူတွေရဲ့ လုပ် ငန်းလိုင်စင်ကို ပြ၊ သူတို့လုပ်ငန်းလိုင်စင်သည် အစားအသောက် လုပ်ငန်း လိုင်စင်မဟုတ်ဘူး၊ ဝယ်တဲ့ပမာဏသည် သူ့ရဲ့လုပ်ငန်းနဲ့ တကယ်ကိုက်လား”” မေးမြန်းပြီးမှသာ ရောင်းချရန် ပညာပေး သွားမည်ဟု သူက ဆိုသည်။
ဓာတုဗေဒပစ်္စည်းရောင်းချသည့် ဆိုင်များကို ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီက လိုင်စင်ချပေးခြင်း ဖြစ် သည့်အတွက် စည်ပင်ဥပဒေအသစ် ထွက်ရှိပြီးမှသာ ထိထိ ရောက်ရောက် ကိုင်တွယ်နိုင်မည်ဟု သူက သုံးသပ်သည်။
သို့သော် သိမ်ကြီးဈေးမှ အမည်မဖော်လိုသည့် ဆိုးဆေးပိုင် ရှင်တစ်ဦးဖြစ်သူကတော့ သူ့အတွေ့အကြုံကို ယခုလို ပြောပြ သည်။ ““ကျွန်တော်တို့က မေးပေမယ့် ဝယ်သူပြောတာပဲ သိရ တာ။ ဘာအတွက် တကယ်သုံးမှန်း မသိရဘူး””ဟု ၎င်းင်းကဆိုသည်။
သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်မှုရှိသည့် အစားအသောက်ရရှိရေးကိုအစိုးရအနေဖြင့် ကြပ်ကြပ်မတ်မတ် မလုပ်ဆောင်နိုင်ပါက အမျိုးသားအကျိုးစီးပွားနှင့် လုံခြုံရေးကိုထိခိုက်လာနိုင်သည်ဟု မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး အသင်း ဥက်္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။
ရွှေဘိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာအေဇင်လတ်က အစားသောက်များတွင် ပါဝင်သည့် ဆိုး ဆေးနှင့် ဓာတုပစ်္စည်းများကို ““မမြင်ရတဲ့လူသတ်လက်နက်””ဟု တင်စားပြောဆိုသည်။
““မမြင်ရတဲ့လူသတ်လက်နက်ကို မကြောက်ဘဲနဲ့ သက် ဆိုင်ရာအစိုးရရော၊ ပြည်ထောင်စုရော ဒါကို အရေးတယူ မလုပ် ဘူးဆိုရင်တော့ က်္ဘာမှာ မြန်မာဟာ လူပုလေးတွေ၊ လူသေးလေး တွေနဲ့ သက်တမ်းမစေ့တဲ့ လူမျိုးဖြစ်မှာပဲ””