မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ ကဗျာဖြစ်ပါသည်
မင်းထက်မောင်ရေးသည်
တသွင်သွင် စီးလာရဲ့
ကျောက်ကြိုကျောက်ကြားထဲက စ
တသွင်သွင် စီးလာရဲ့
ရိုးမကို ကျော် တောအုပ်တွေ ဖြတ်
တသွင်သွင် စီးလာရဲ့
ကျေးလက်နဲ့ မြို့ပြယဉ်ကျေးမှုတံတားတွေအောက်
တသွင်သွင် စီးလာရဲ့
ခေတ်စနစ်တွေ တစ်ခုပြီး တစ်ခု မရပ်မနားတမ်း
တသွင်သွင် စီးလာရဲ့
ပင်လယ်ထဲက ရေစီးကြောင်းကြီးတွေရဲ့ ကြား
တသွင်သွင် စီးလာရဲ့
ဝင်ရိုးစွန်းအဖျား ရုတ်တရက် ရပ်တန့်သွား
တသွင်သွင် စီးလာရဲ့
သူ့နာမည်ဟာ သွေးခဲမသွားပါဘူး လှုပ်ရှားပူနွေး
တသွင်သွင် စီးလာရဲ့
သူ့ဝိညာဉ် ပျံသန်း အလွမ်းတောင်တန်းတွေပေါ်မှာ။
(၅.၉.၂၀ဝ၄)
#Poem