ကျော်ဇေယျ
ရန်ကုန်၊၂၀၂၀၊မတ်-၁၁(မော်ကွ
ဗိုလ်ကြီးအဆင့် ဆေးတပ်မှူးတစ်ဦးနဲ့တခြားဗို
ဒါဟာ ၂ရက်အတွင်း တပ်မတော်သား ၃၀ ဦးအထိ AA ဘက်က ဖမ်းဆီးလိုက်တာလည်း ဖြစ်ပါတယ်။
ဒီနေ့ ဖမ်းဆီးမိခဲ့သူတွေဟာ ပဲခူးတိုင်း၊ ဘုရားကြီးမြို့မှာ အခြေစိုက်တဲ့ တပ်မ(၇၇) လက်အောက်ခံ၊ ခမရ(၇)က တပ်ဖွဲ့ဝင်တွေ ဖြစ်ပြီး သူတို့နဲ့အတူ လက်နက် ၁၄ လက်နဲ့ ခဲယမ်းတွေလည်းပါဝင်တယ်လို့ AA က ထုတ်ပြန်ပါတယ်။
မနေ့တုန်းကလည်း အဲ့ဒီတပ်ရင်းက တပ်ရင်းမှူးအပါအဝင် အရာရှိ၊ အကြပ်၊ရဲဘော် အယောက် ၂၀ ကို ဖမ်းဆီးမိခဲ့သလို အဲဒီတိုက်ပွဲမှာ တပ်မတော်ဘက်က အယောက် ၂၀ လောက် ကျဆုံးခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ တယ်။
ဒါအပြင် ဒီတိုက်ပွဲအတွင်း လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ထုတ်ပြန် ထားတယ်။ ဒီတပ်ရင်းဟာ သူတို့နဲ့တိုက်ပွဲဖြစ်ပွားနေတဲ့ ကုလားတန်မြစ်ဘေးအနီးက မီးဝဗျူဟာကုန်းကို စစ်ကူပေးဖို့ ရောက်လာတာ လို့ AA ဘက်က ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။
မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြချက်အရ ဒီတိုက်ပွဲတွေအတွင်း AA ဘက်က တပ်ဖွဲ့ဝင်တွေလည်း ကျဆုံးမှုရှိတယ်လို့ ဖော်ပြထားပြီး အရေအတွက်ကိုတော့ မဖော်ပြပါဘူး။
ဒီအကြောင်းအရာနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကိုဆက်သွယ်ပေမယ့် ဆက်သွယ်၍မရပါ။
#Dailynews