တကောင်း – ၂၀၂၃ မေ ၆ (မော်ကွန်း)
မန္တလေးတိုင်း၊ တကောင်းမြို့၊ ဆူးတောရွာက နေအိမ် ၁၅လုံးကို အာဏာသိမ်းစစ်တပ်က မနေ့မနက်အစောပိုင်းမှာ မီးရှို့ခဲ့တယ်လို့ တကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကသိရပါတယ်။
စစ်သား ၆၀ ဝန်းကျင်ပါတဲ့ စစ်ကားနှစ်စီးဟာ တကောင်းမြို့လက်ပန်ကုန်းရွာကားလမ်းမှာ လူချထားခဲ့ပြီး ဆူးတောရွာကိုမီးဝင်ရှို့ခဲ့တာလို့ တကောင်းပ.က.ဖကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံမာမီကပြောပါတယ်။
” သူတို့ကားပေါ်ကဆင်းကတည်းကအရက်သောက်ပြီးမူးရူးနေတာ၊ အော်ဟစ်ဆဲဆိုနေသေးတယ်၊ လက်ပန်ကုန်းရွာကနေအိမ်တွေကနေ ပစ္စည်းတွေယူ၊ခြင်းကျားထဲထည့်သယ်ကြတာ၊ ပြီးမှဆူးတောကိုမီးရှို့တာ”လို့မာမီကပြောပါတယ်။
ဆူးတောရွာကနေအိမ်တွေက်ိုမီးရှို့နေတဲ့ အာဏာသိမ်းစစ်တပ်စစ်သားတွေကို တကောင်းပကဖ က မနက်၈နာရီခွဲအချိန်မှာအလစ်ဝင်တိုက်ပစ်ခတ်ခဲ့ပြီးစစ်သား၁၁ဦးနေရာတင်သေဆုံး ခဲ့တယ်လို့ပြောပါတယ်။
” သူတို့ကမီးရှို့နေချိန်ကျွန်တော်တို့ကရုတ်တရက်ဝင်ပစ်တော့၊ သူတို့ချက်ချင်းပြန်ပစ်ချိန်မရလိုက်ဘူး၊ တိုက်ပွဲအပြန်အလှန်ပစ်တာ တစ်နာရီလောက်ကြာတယ်”လို့မာမီကပြောပါတယ်။
အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သေဆုံးဒဏ်ရာရစစ်သားတွေကို နာရေးကားသုံးစီးနဲ့သယ်ဆောင်သွားကာ ညနေပိုင်းမှာတကောင်းသုသာန်မှာသဂြိုလ်လိုက်တယ်လို့ပြောပါတယ်။
ပုံစာ – မီးရှို့ခံရတဲ့ဆူးတောရွာ
ဓာတ်ပုံ – တကောင်း ပ.က.ဖ
#Dailynews

