စိတ်ကျဝေဒနာ အမြန်ကုစားပါ

၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

ဗညားကျော် ရေးသည်။

ရန်ကုန် (ဇန်နဝါရီ၊ ၂၀၁၈)

မြန်မာနိုင်ငံမှာ လူတွေသတိမထားမိဘဲ လူတွေရဲ့ အသက်ကို ခြိမ်းခြောက်နေတဲ့ ရောဂါတစ်ခုရှိပါ တယ်။ အဲဒီရောဂါ ပြင်းထန်လာပြီဆိုရင် လူတွေ ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့လည်း ဝန် မလေးတော့ဘူး။ သူတို့လုပ်ချင်ရာကို လုပ်ကြပါ တော့တယ်။

      ရောဂါက ကုရာ ဆေးမရှိတော့ မဟုတ်ဘူး။ နုစဉ် အခါမှာ ကျွမ်းကျင်တဲ့သူတွေနဲ့ တိုင်ပင်ဆွေးနွေးလို့ရပါတယ်။ ဒါပေမဲ့ အဲဒီလိုကုသရမှန်းလည်း လူတွေက မသိကြဘူး။ ဒီ ရောဂါဖြစ်မှန်းတောင် တချို့က မသိကြပါဘူး။ ဒါကြောင့်လည်း အသက်တွေ ဆုံးရှုံးနေရပါတယ်။

      သူက သိသာထင်ရှားတဲ့ ရောဂါလက်္ခဏာလည်း မပြ၊ ခန်္ဓာကိုယ် အပြင်ဘက်မှာလည်း ဒဏ်ရာ ဒဏ်ချက်မရှိတဲ့အတွက် ရောဂါဖြစ်သူ ကိုယ်တိုင် ကျွမ်းကျင်တဲ့သူတွေနဲ့ တိုင်ပင်မှသာ ပျောက်ကင်းနိုင်တာဖြစ်ပါတယ်။

      အဲဒီရောဂါကတော့  စိတ်ကျဝေဒနာပဲဖြစ်ပါတယ်။

Photo-Dr.Kyaw Thet Soe’s Facebook Timeline စိတ်ကျရောဂါဆန်းစစ်ချက်ပြာဇယား

      ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကိုယ့်ကိုယ်ကိုယ် သေ ကြောင်းကြံစည်မှုနှုန်းဟာ တစ်နှစ်ထက် တစ်နှစ် မြင့်တက်လျက် ရှိပြီး ဒီလို သေဆုံးမှုများလာတာဟာ စိတ်ကျဝေဒနာနဲ့ တိုက်ရိုက် ဆက်စပ်နေတယ်လို့ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးသူ တွေ၊ စိတ်ကျန်းမာရေးဆရာဝန်တွေနဲ့ စိတ်ပညာရှင်တွေက ထောက်ပြ ပြောဆိုကြပါတယ်။

      စိတ်ပညာရှင် ပါမောက်္ခဒေါက်တာစိုးရွှေက ““သေကြောင်း ကြံတဲ့ လူတိုင်းက DEPRESSION (စိတ်ကျဝေဒနာ) များတယ်””လို့ ဆိုပါတယ်။

      ပြီးခဲ့တဲ့ ၂၀၁၅ ရန်ကုန်တိုင်းဒေသကြီးရဲ့ သေမှုသေခင်း စာရင်းအရ အဆိပ်သောက် သေဆုံးသူ ၂၄ မှု၊ ကြိုးဆွဲချ သေ ဆုံးသူ ၁၅၁ မှု၊ မိမိကိုယ်ကိုယ် ဓားနဲ့လှီးသူ ခုနစ်မှုတို့ ရှိပြီး သေ ဆုံးသူပေါင်း ၁၈၂ ဦး ရှိပါတယ်။

      ၂၀၁၆ မှာဆိုရင် ကြိုးဆွဲချ သေဆုံးသူ ၁၇၃ မှု၊ မိမိကိုယ် ကိုယ် ဓားနဲ့လှီးသူ ခုနစ်မှု၊ မိမိကိုယ်ကိုယ် သေနတ်နဲ့ပစ်သူ တစ်မှု နဲ့ အဆိပ်သောက်သေဆုံးသူ ၃၈ မှုရှိပြီး သေဆုံးသူပေါင်း ၂၁၉ ဦး ရှိပါတယ်။

      ၂၀၁၇ နိုဝင်ဘာအထိ စာရင်းအရ အဆိပ်သောက် သေဆုံးသူ ၃၂ ဦး၊ ကြိုးဆွဲချသေဆုံးသူ ၁၆၁ ဦး၊ မိမိကိုယ်ကိုယ် ဓားနှင့် ထိုးသတ်သေသူ ၃ ဦး ထိရှိပြီး သေဆုံးသူပေါင်း ၁၉၆ ဦး ရှိနေပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့ သေမှု သေခင်း စာရင်းဇယားများမှာ ဖော်ပြထားပါတယ်။

      သေကြောင်းကြံစည်သူတွေဟာ ပြဿနာကို ရင်ဆိုင်ရဲတဲ့ သတ္တိမရှိတာ၊ ပြဿနာအပေါ် မှားယွင်းစွာ စဉ်းစားလိုက်တာ၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု နည်းလာပြီး ဘဝကို လက်မြောက်အရှုံးပေးလိုက်တာ ဖြစ်တယ်လို့ စိတ်ပညာရှင် ပါမောက်္ခဒေါက်တာ စိုးရွှေက ဆိုပါတယ်။

      သူဟာ စိတ်ပညာဆိုင်ရာသင်တန်းတွေ ပြုလုပ်နေတဲ့ ရန် ကုန်အခြေစိုက် K.S.T-PSYCHOLOGICAL SERVICE CENTER မှာ သင်ခန်းစာတွေ ပို့ချပေးနေသလို စိတ်ပိုင်းဆိုင်ရာကုသမှုတွေ ပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

စိတ်ဓာတ်ကျဝေဒနာဆိုတာ

      က်္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization – WHO) ရဲ့ အဆိုအရ စိတ်ကျဝေဒနာဆိုတာ အချိန်တိုင်း အား ငယ်စိတ်ညစ်ညူးနေပြီး ပျော်ရွှင်စရာကိစ်္စများကိုလည်း စိတ်ဝင် စားမှု မရှိတော့ဘဲ နေ့စဉ်ပုံမှန် အလုပ်များကိုပင် လုပ်ချင်စိတ် မရှိ ဖြစ်ကာ ထိုအဖြစ်အပျက်ကို နှစ်ပတ်ကျော်ခံစားနေခြင်းဖြစ် တယ်လို့ ဆိုထားပါတယ်။

      WHO ရဲ့အဆိုအရ စိတ်ကျဝေဒနာဆိုတာ အသက်အရွယ် မရွေး၊ လူမျိုး၊ ဘာသာ၊ နေရာ၊ အလုပ်အကိုင်၊ နေထိုင်မှုပုံစံ မရွေး ဖြစ်တတ်တယ်လို့ ဆိုထားပါတယ်။

      စိတ်ကျဝေဒနာရဲ့လက်္ခဏာတွေဟာ အလိုလို အားအင် ကုန်ခန်းခြင်း၊ အစားသောက်ပျက်ခြင်း၊ အအိပ်ပျက်ခြင်း၊ စိုးရိမ် စိတ်လွန်ခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ ဝေခွဲမရဆုံးဖြတ်ချက်မချနိုင် ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အဓိပ်္ပာယ်မဲ့သလို ခံစားရခြင်း၊ အသုံး မကျသလိုခံစားရခြင်း၊ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ခြင်း၊ မျှော် လင့်ချက် ကင်းမဲ့သလို ခံစားရခြင်း၊ သေချင်စိတ်ဖြစ်ခြင်း၊ မိမိ ကိုယ်ကိုယ် အနာတရဖြစ်အောင်ပြုလုပ်ခြင်း (သို့မဟုတ်) အဆုံး စီရင်လိုတဲ့ အတွေးပေါ်ပေါက်ခြင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

      စိတ်ဓာတ်ရေးရာပညာရပ်ဆိုင်ရာ ပါမောက်္ခလီယောင် ချန်း (LEE YONG CHAN) ကလည်း စိတ်ကျဝေဒနာဆိုတာကို တိတိကျကျ အဓိပ်္ပာယ် ဖွင့်ဆိုဖို့ ခက်ပေမယ့် ““တစ်ယောက်တည်း ပဲ ISOLATED (သီးခြား) ဖြစ်သွားတဲ့အရာ၊ ဒါမှမဟုတ် စိတ်အထီး ကျန်ဖြစ်သွားသူတွေရဲ့ ထူးခြားချက်”” လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်က လှည်းတန်းစင်တာမှာ ပြုလုပ်တဲ့ “မမြင်ရသောရောဂါ” ခေါင်းစဉ်နဲ့ စိတ်ပိုင်းဆိုင်ရာ ဟောပြောပွဲအပြီးမှာ မော်ကွန်းကို ပြောပါတယ်။

      သူဟာ တောင်ကိုရီးယားနိုင်ငံအခြေစိုက် နိုင်ငံတကာစိတ် ဓာတ်ရေးရာပညာရေးတက်္ကသိုလ် INTERNATIONAL MIND EDUCATION INSTITUTE (IMEI) ရဲ့  လက်ထောက်ဌာနမှူးဖြစ် သလို ရန်ကုန်အခြေစိုက် စိတ်ဓာတ်ရေးရာ လူ့အကျင့်စရိုက် ပြု ပြင်ပြောင်းလဲပေးတဲ့ စိတ်ဓာတ်ပညာရေးဆိုင်ရာ ကုမ်္ပဏီတစ်ခု ဖြစ်တဲ့ GOOD SOLUTION CONSULTING (GSC) ကုမ်္ပဏီရဲ့ ပညာရပ်ဆိုင်ရာ အကြံပေးပါမောက်္ခတစ်ဦးလည်း ဖြစ်ပါတယ်။

      သူ့အဆိုအရ စိတ်ကျသူတွေဟာ အထီးကျန်စိတ်ကြောင့် အရာရာကို အနုတ်လက်္ခဏာဆောင်ပြီး စဉ်းစားကြသလို သူတို့ ဆက်ဆံတဲ့ လူမှုပတ်ဝန်းကျင်နဲ့ အဆင်မပြေ ဖြစ်လာတယ်လို့ ဆိုပါတယ်။

      ““သူတို့ စိတ်ထဲမှာ အားမရှိတဲ့အခါ သေးငယ်တဲ့ အခက် အခဲမှာလည်း မျှော်လင့်ချက်မဲ့သွားတယ်””လို့ သူက ဆက်ပြော  ပါတယ်။

Photo-Dr.Kyaw Thet Soe’s Facebook Timeline ရောဂါအဆင့်ခွဲခြားပြဇယား

ဘာကြောင့် စိတ်ကျ

      စိတ်ကျဝေဒနာဟာ လူမှုရေး၊ အိမ်ထောင်ရေး၊ မိသားစု အရေး၊ ငွေရေးကြေးရေး စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တယ်လို့ စိတ်ပညာရှင်တွေ၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေး နွေးပေးသူတွေနဲ့ စိတ်ကျန်းမာရေးဆရာဝန်တွေက ပြောဆိုကြ ပါတယ်။

      ပါမောက်္ခလီယောင်ချန်းက သူတို့ တောင်ကိုရီးယား နိုင်ငံဟာ စီးပွားရေးအောင်မြင်တဲ့ နိုင်ငံဖြစ်ပေမယ့် တစ်ဖက်မှာ ဆိုရင် က်္ဘာပေါ်မှာ သေကြောင်းကြံစည်မှုနှုန်း မြင့်တက်လာတဲ့ နိုင်ငံလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

      အမေရိကန်အခြေစိုက် WORLD POPULATION REVIEW အဖွဲ့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြချက်အရ တောင်ကိုရီးယားနိုင်ငံ ဟာ လူအယောက် ၁,၀၀၀ မှာ သေကြောင်းကြံစည်သူ ၃၇ ယောက်နီးပါးရှိပြီး က်္ဘာပေါ်မှာ သေကြောင်းကြံစည်သူ အများ ဆုံးနိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။ ကုလသမဂ်္ဂက ၂၀၁၇ မှာ နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ က်္ဘာ့လူဦးရေနဲ့ ဆိုင်တဲ့ ကိန်းဂဏန်း တွေကို ဒီအဖွဲ့က ကိုးကားပြီး ပိုင်းခြားစိတ်ဖြာထားတာ ဖြစ်       ပါတယ်။

      ပါမောက်္ခ လီယောင်ချန်းကတော့ ကိုရီးယားနိုင်ငံက ကျောင်းသား၊ လုပ်ငန်းရှင်တချို့တို့နဲ့  သူစကားပြောကြည့်တဲ့ အခါမှာ သူတို့အားလုံးဟာ ငွေကြေးပြဿနာ၊ သမီးရည်းစား ပြဿနာ၊ မိသားစုပြဿနာတွေ ကိုယ်စီ ရှိနေကြပေမယ့် အချင်း ချင်း တစ်ယောက်နဲ့ တစ်ယောက် တိုင်ပင်ဆွေးနွေးတာတွေ မရှိကြဘူးလို့ ဆိုပါတယ်။ အဲဒီအခါမှာ အထီးကျန်စိတ် ဖြစ်လာပြီး စိတ်ထင်တဲ့အတိုင်း လုပ်ကြတယ်လို့ သူက ဆက်ပြောပြပါတယ်။

      ဘယ်သူနဲ့မှ မတိုင်ပင် မဆွေးနွေးတဲ့အခါ သူတို့စိတ်ထဲမှာ သေးငယ်တဲ့ ပြဿနာတွေကိုလည်း ““ငါဆိုတာ ဒုက်္ခရောက်နေတဲ့ သူ ဖြစ်တယ်””လို့ တွေးထင်ပြီး အဲဒီအတွေးကပဲ သူတို့ကို ပြန် ဒုက်္ခရောက်စေတယ်လို့ သူက ရှင်းပြပါတယ်။

      ဒါ့အပြင် လူလူချင်း စကားပြောဆို ဆက်ဆံမှုနည်းလာပြီး မိသားစုအတွင်းမှာတောင် မက်ဆေ့ချ်တွေနဲ့ပဲ ဆက်သွယ်ကြတဲ့ အခါ ““ကိုရီးယားနိုင်ငံမှာ DEPRESSION(စိတ်ကျ)ရောဂါ အရမ်း ဆိုးရွားလာပါတယ်”” လို့ သူက ဆက်ပြောပါတယ်။

      ရန်ကုန်မှာ နေတဲ့အခါမှာလည်း ရန်ကုန်က လူတွေရဲ့စိတ် ဟာ ကိုးရီးယားနိုင်ငံလို ဖုန်းတစ်လုံးနဲ့ ကိုယ့်က်္ဘာလေးထဲမှာ နေတဲ့ဘက်ကို ယိမ်းယိုင်နေတယ်လို့ သူက မှတ်ချက်ပြုထားပါ တယ်။ အင်တာနက်တွေ၊ ဂိမ်းတွေနဲ့ ဗီဒီယိုတွေကြောင့် ဘစ်ကား စီးချိန်မှာလည်း အမြဲတမ်း နားကြပ်တပ်ထားပြီး တခြားလူတွေနဲ့ စကားပြောတာ၊ နှုတ်ဆက်တာမျိုး မရှိကြဘူးလို့ သူ့အမြင်ကို ပြောပြပါတယ်။

      ““အဲဒါ လူမှုရေးပြဿနာ အကြီးအကျယ် ဖြစ်နေတာပါ””လို့ သူက ဆိုပါတယ်။

Photo-Banyar Kyaw ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံရှေ့မြင်ကွင်း

သေဖို့ စဉ်းစားလာကြ

      WHO ရဲ့ ၂၀၁၇ ဖေဖော်ဝါရီမှာ ထုတ်ပြန်တဲ့ စိတ်ကျ ဝေဒနာဆိုင်ရာ အချက်အလက်အရ က်္ဘာတစ်ဝန်း စိတ်ကျ ဝေဒနာ ခံစားနေရသူ လူဦးရေသန်း ၃၀၀ နီးပါးရှိပြီး ၂၀၀၅ မှ ၂၀၁၅ အထိ ဆယ်နှစ်အတွင်း ယင်းဝေဒနာခံစားရသူ ဦးရေ ၁၈ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ ထုတ်ပြန်ထားပါတယ်။ နှစ်တိုင်း က်္ဘာတစ်ဝန်း လူဦးရေ ရှစ်သိန်းနီးပါးဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ကြတယ်လို့  WHO က ဆိုပါတယ်။

      WORLD POPULATION REVIEW  ရဲ့ အဆိုအရ က်္ဘာပေါ်မှာ မြန်မာနိုင်ငံဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုနှုန်းမှာ အဆင့် ၅၀ ရှိတယ်လို့ ဆိုပါတယ်။

      စိတ်ကျန်းမာပညာဌာန၊ ဆေးတက်္ကသိုလ်(၁) မှ ပါမောက်္ခ/ ဌာနမှူး ဒေါက်တာတင်ဦးကတော့ စိတ်ကျဝေဒနာပြင်းထန် အဆင့်တွေရဲ့ ၁၀ ရာခိုင်နှုန်းဟာ သေချင်စိတ်ပေါ်ကြသလို သေဖို့ လည်း ကြံစည်ကြတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ အတွေးစိတ်ဟာ စိတ်ဓာတ်ကျတဲ့ အတွေးဖြစ်နေလို့ သူတို့ရဲ့ အတိတ်၊ ပစ်္စုပ်္ပန်၊ အနာဂတ်သုံးပါးလုံးကို မကောင်းဘူးဆိုတာမျိုးပဲ တွေးနေတတ် ကြတယ်လို့ ဆိုပါတယ်။

      သာမန်လူတွေကတော့ ကိုယ့်ဘဝကို ခင်တွယ်ပြီး မိသားစု၊ ဆွေမျိုးသားချင်းစတဲ့ သံယောဇဉ်တွေ ရှိနေတတ်ကြပေမယ့် စိတ်ကျသူတွေကတော့ ““အဲဒါတွေ တစ်ခုမှမရှိတော့ဘူး။ တရား ရသွားတာတော့ မဟုတ်ဘူး၊ သူ့ရောဂါကြောင့်ပါ”” လို့ သူက ဆိုပါတယ်။

      စိတ်ကျဝေဒနာရဲ့ ပြင်းထန်အဆင့်ကို ရှစ်လနီးပါးခံစားခဲ့ ရတဲ့ အသက်၂၂ အရွယ်ရှိတဲ့ ကိုအောင်မင်း(အမည်လွှဲ)ဆိုရင် သုံးလတိတိ သူကိုယ့်သူ သတ်သေဖို့ပဲ စဉ်းစားနေခဲ့တာ ဖြစ်တယ် လို့ မော်ကွန်းနဲ့ တွေ့ဆုံခဲ့စဉ်က ပြောပြပါတယ်။ ဒီထက်ဆိုးတာက သူ့ကို အသိအမှတ်မပြုတဲ့သူတွေကို ပြန်ဒုက်္ခပေးပြီး နောက် ဆုံးကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပစ်မယ်လို့ တွေးထားတာ ဖြစ် တယ်လို့ သူ့ဖြစ်စဉ်ကို ပြောပြပါတယ်။

      အဲဒီသုံးလအတွင်းမှာ သူ့အခန်းကို အမှောင်ချထားပြီး ထမင်းစားချင်စိတ် မရှိတော့သလို တစ်ခါတစ်ခါ သုံးရက်ဆက် တိုက်လောက် အိပ်နေခဲ့တာတွေလည်း ရှိတယ်လို့ ပြောပါတယ်။ အဲဒီအတောအတွင်း ကိုယ်အလေးအချိန် ပေါင် ၂၀ တိုးလာပြီး စိတ်နဲ့ လူမကပ်ဘဲ ထမင်းကောင်းကောင်း မစား၊ ရေမချိုး၊ ခေါင်း မဖြီး၊ မုတ်ဆိတ်မရိတ်ဘဲ နေခဲ့တယ်လို့ ဆိုပါတယ်။

      ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိသလို ဘယ်သူနဲ့မှ စကား မပြောချင်တော့ဘူးလို့ သူက ဆိုပါတယ်။ လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း လူတိုင်းက သူ့ကို ဒုက်္ခပေးမယ်ဆိုတဲ့ မကောင်းမြင် စိတ်တွေပဲ ဖြစ်နေပြီး အဲဒီစိတ်တွေနဲ့ လူတွေကို သံသယတွေ ပိုကြီးထွားလာကာ စိုးရိမ်စိတ်တွေ ဖြစ်လာစေတယ်လို့ သူက ပြောပါတယ်။

      ““အဲဒါတော့ တော်တော်ဆိုးတယ်၊ ကျွန်တော့်ကို စိုက် ကြည့်နေရင် ဘာဖြစ်ချင်တာလဲပေါ့။ ဘာလိုချင်လို့လဲပေါ့””ဆိုပြီး လူတိုင်းကို ရန်လိုလာတဲ့ သူ့အဖြစ်ကို ပြန်ပြောပြရင်း ရယ်နေ ပါတယ်။

      ဒီလို စိတ်ဓာတ်ကျရတဲ့ အကြောင်းတွေကတော့ သူချစ် ခင်အားကိုးရတဲ့ အဘိုး ဆုံးပါးခဲ့ခြင်း၊ ရည်းစားနဲ့ ပြတ်ခြင်း၊ မိဘ အိမ်ထောင်ရေး အဆင်မပြေခြင်းတို့ ကြုံတွေ့ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဆက်ပြီး ထန်းသီးကြွေခိုက် ကျီးနင်းခိုက်လို့ ဆိုသလို သူ ဦးဆောင်လုပ်နေတဲ့ လူငယ်ပရဟိတလုပ်ငန်းမှာလည်း အဆင်မပြေ၊ ညီအစ်ကိုတွေနဲ့ နှိုင်းယှဉ်မိရင်လည်း သူ့ ကိုယ်သူ သိမ်ငယ်စိတ်ဝင်လာတာကြောင့် ပိုပြီး စိတ်ကျရောဂါ ဆိုးဝါးခဲ့ တာ ဖြစ်တယ်လို့ သူက ပြန်ပြောပြပါတယ်။

      ““အဲဒီအချိန်က ငါဟာ အရှုံးသမားတစ်ယောက်ပဲလို့ မြင် နေတယ်””လို့ သူက ပြောပြပါတယ်။

      အဲဒီကြားထဲ စာမေးပွဲက မထင်ထားတဲ့ဘာသာရပ်နဲ့ ကျခဲ့ တဲ့အပြင် သူ့လုပ်ငန်းမှာလည်း သူလုပ်သလောက် အသိ အမှတ်ပြု မခံရခြင်းနဲ့ အထက်လူကြီးတချို့ကလည်း သူ့ကို နှိမ်ချ ဆက်ဆံကြသလို ထင်နေမိတယ်လို့ သူက ဆိုပါတယ်။

      ဒါကြောင့် စိတ်ထိခိုက်ပြီး နောက်ဆုံးမှာ ဖြစ်ချင်ရာဖြစ် ဆိုပြီး ရန်ကုန်-မန်္တလေးအမြန်လမ်းမပေါ်မှာ ကီလိုမီတာ ၁၀၀ ကျော်အရှိန်နဲ့ ငိုယိုကာ ကားမောင်းထွက်ခဲ့ဖူးတယ်လို့ ဆိုပါ တယ်။  ယာဉ်တိုက်မှုဖြစ်တဲ့အခါ မသေသေးရင် သောက်ဖို့ ကြွက် သတ်ဆေး၊ အိပ်ဆေးနဲ့ အရက်ပြန်တွေကိုပါ ယူသွားခဲ့ပေမယ့် ဘာအ်္တရာယ်မှ ဖြစ်မလာတာကြောင့် စိတ်ကိုလျှော့ချလိုက်ပြီး နှစ်သိမ့်ဆွေးနွေးပေးသူတွေနဲ့ တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သူက ပြောပါတယ်။ တွေ့ပြီးနောက် သူ့ကိုယ်သူ အကောင်းပြန်မြင်လာ နိုင်တယ်လို့ ပြောပါတယ်။

      လက်ရှိမှာ သူက မိသားစုလုပ်ငန်းကို ဖိဖိစီးစီးလုပ်နေပြီး ပရဟိတလုပ်ငန်းကိုလည်း အရင်လို ထဲထဲဝင်ဝင်မလုပ်တော့ဘဲ တစ်ခါတစ်ရံမှသာ လုပ်ဖြစ်တော့တယ်လို့ ဆိုပါတယ်။

မြင့်တက်လာတဲ့ စိတ်ကျဝေဒနာ

      မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ လူဦးရေ ဘယ် လောက် စိတ်ကျတယ်ဆိုတာကို စာရင်းဇယားနဲ့ ကောက်ယူဖို့ ခက်ခဲနေပြီး လက်တွေ့မှာတော့ ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံ ကြီးမှာ လာရောက်ကုသတဲ့ လူနာတွေ အရင်ထက် များလာ တယ်လို့ ပါမောက်္ခဒေါက်တာတင်ဦးက ဆိုပါတယ်။

      ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးရဲ့ ဆေးမှတ်တမ်း စာရင်းများအရ  စိတ်ကျဝေဒနာ ပြင်းထန်အဆင့်နဲ့ လာရောက် ကုသသူ ဦးရေဟာ ၂၀၁၂ မှာ ၁၃၀ ဦး၊ ၂၀၁၃ မှာ ၂၃၆ ဦး၊ ၂၀၁၄ မှာ ၂၉၂ ဦး၊ ၂၀၁၅ မှာ ၃၃၁ ဦးနဲ့  ၂၀၁၆ မှာတော့ ၃၀၉ ဦး ရှိခဲ့ပါတယ်။ ၂၀၁၇ နိုဝင်ဘာအထိ စာရင်းအရ ကုသသူ ဦးရေဟာ ၂၇၄ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။

      မြန်မာပြည် အနေအထားအရ စိတ်ဓာတ်ကျနေတဲ့ လူဦး ရေ ရာခိုင်နှုန်းအများစုဟာလည်း စိတ်ကျန်းမာရေးပိုင်းတွင် အသိပညာ နည်းပါးပြီး စနစ်ကျတဲ့ ကုသခံယူမှုတွေ မရကြသေး ဘူးလို့ သူ့အမြင်ကိုပြောပါတယ်။ စိတ်ကျဝေဒနာကိုလည်း ရောဂါတစ်ခုအနေနဲ့ မသိကြသလို သာမန်စိတ်ညစ်တယ်လို့ ယူဆထားကြပြီး အကူအညီတောင်းခံရမှန်း၊ ဆွေးနွေးတိုင်ပင်ရ မှန်း၊ ဆေးကုသရမှန်း မသိကြတာ ဖြစ်တယ်လို့ သူက ထောက်ပြ ပါတယ်။

      ဒါ့အပြင် ““တချို့လူနာတွေက စိတ်ရောဂါအနေနဲ့ သွားကုရ မှာ ရှက်တာလည်း ပါတာပေါ့””လို့ ဒေါက်တာတင်ဦးက ရှင်းပြ ပါတယ်။

      တာမွေမြို့နယ်မှာ နေထိုင်ပြီး သုတေသနကုမ်္ပဏီတစ်ခုမှာ လုပ်ကိုင်နေတဲ့ အသက် ၂၃ နှစ်အရွယ် ကိုမျိုးလင်း(အမည်လွှဲ) ကတော့ စိတ်ကျဝေဒနာရဲ့ လက်္ခဏာတစ်ခုဖြစ်တဲ့ စိုးရိမ်စိတ် လွန်ကဲမှုတွေကြောင့် အိမ်မက်ဆိုးတွေမက်ကာ နှစ်ပတ်ကျော် အထိ ညဘက်တွေ အိပ်မပျော်ဖြစ်လာတဲ့အတွက် နှစ်သိမ့် ဆွေးနွေးပေးသူနဲ့ တွေ့ဆုံခဲ့ပါတယ်။

      အိပ်ရေးပျက်တဲ့ ဒဏ်ကြောင့် အလုပ်ကို ထိရောက်အောင် မလုပ်ဆောင်နိုင်တဲ့အခါ  အလုပ်မှာ ပိုပြီး ဖိအားများလာတယ်လို့ သူ့ဖြစ်စဉ်ကို ပြောပြပါတယ်။

      ““လူတိုင်းမှာ အဆင်မပြေတာတွေ ရှိကြပါတယ်၊ ဒါပေမဲ့ ကျွန်တော့်အဆင်မပြေမှုက ပိုကြီးနေတယ်လို့ ခံစားတယ်””လို့ သူက ပြောပြပါတယ်။

      လုပ်ငန်းခွင်မှာဆိုလည်း လုပ်လိုက်ရင် ပြီးသွားမယ့်ကိစ်္စ တွေကို မလုပ်နိုင်ဘဲ စိုးရိမ်နေပြီး စိတ်မှာ တွန့်ဆုတ်နေကာ အမှားဖြစ်မှာကို ကြောက်နေတယ်လို့ သူက ဆိုပါတယ်။ တွက် ချက်လို့ရထားတဲ့ ကိန်းဂဏန်းအဖြေတစ်ခုကို ဆယ်ခါပြန်စစ် တာမျိုး၊ ပိုက်ဆံရေတွက်တဲ့အခါမှာလည်း ဆယ်ခေါက်လောက် ပြန်ရေတာမျိုး ဖြစ်နေတယ်လို့ သူက ပြောပြပါတယ်။

      ““ကြောက်စိတ်ကြောင့် မလုပ်ဖြစ်လိုက်တဲ့ အလုပ်တွေ လည်း ရှိသေးတယ်””လို့ သူက ပြောပြပါတယ်။

      ဒီလိုစိတ်ထဲမှာ ခံစားနေရတဲ့ စိုးရိမ်မှုတွေ၊ ကြောက်စိတ် တွေ၊ အလုပ်ဖိအားများပြီး စိတ်ရှုပ်နေတာတွေကို တခြားလူတွေ ကို ရှည်ရှည်ဝေးဝေး မရှင်းပြချင်တော့သလို လူတွေရဲ့ အဝေးမှာ တစ်ယောက်တည်းဖြစ်နေသလို ခံစားရတယ်လို့ သူက ပြောပြ ပါတယ်။

      ဒါနဲ့ သူ့အလုပ်ထဲက နိုင်ငံခြားသားသူငယ်ချင်းတစ် ယောက်ကို သူ့ဖြစ်စဉ်တချို့ကို ပြောပြပြီးအကြံတောင်းတဲ့အခါ သူငယ်ချင်းက နှစ်သိမ့်ဆွေးနွေးပေးသူနဲ့ သွားတွေ့ဖို့ အကြံပြု လိုက်တဲ့အတွက် စိတ်ပညာနားလည်တဲ့သူတစ်ယောက်နဲ့ တွေ့ ဖြစ်ခဲ့ပါတယ်။

      သူတွေ့ခဲ့တဲ့ နှစ်သိမ့်ဆွေးနွေးပေးသူကို စကားတွေပြော၊ မေးခွန်းတွေမေး၊ သူ့ပြဿနာတွေကို ပြောပြလိုက်ပြီးတော့ သူ ဘာလုပ်သင့်လဲဆိုတာကို မေးဖြစ်တယ်လို့ ကိုမျိုးလင်းက သူ့ အကြောင်းကို ပြောပြပါတယ်။

      နှစ်သိမ့်ဆွေးနွေးပေးသူကတော့ ဘာလုပ်ပါဆိုပြီး ပြော တာမျိုးမဟုတ်ဘဲ သူစဉ်းစားထားတဲ့ အချက်အလက်တွေမှာ ဘယ်အရာက ပိုသင့်တော်မယ်ဆိုတာကို အကြံပြုတယ်လို့ ဆိုပါ တယ်။ နှစ်သိမ့်ဆွေးနွေးပေးသူနဲ့ တွေ့ဆုံတဲ့အခါ ““ကိုယ့်ကိုယ် ကိုယ် မှန်မှာ မြင်ရသလိုပဲ၊ ကိုယ် ဘာလုပ်သင့်လဲဆိုတာ တွေ့လာ တယ်””လို့ သူက ပြောပြပါတယ်။

      နှစ်သိမ့်ဆွေးနွေးပေးသူနဲ့ တွေ့လို့ ရခဲ့တဲ့ အကျိုးကတော့ စိတ်အေးလက်အေး ဖြစ်သွားပြီး စိတ်ထဲရှိတာတွေကို ကိုယ်နဲ့ မသိဖူးတဲ့ သူစိမ်းတစ်ယောက်ကို ပြောပြလိုက်တဲ့အခါ ပေါ့ပေါ့၊ ပါးပါး ဖြစ်သွားတယ်လို့ ဆိုပါတယ်။

      သူ့ရဲ့တစ်နေ့တာကို ပန်းတိုင်သေးသေးလေးတွေနဲ့အစပြုရင်း ကိုယ့်ကိုကိုယ်ပြန်လည်ကုစားတာတွေလုပ်ဖြစ်တယ်လို့ သူက ပြောပါတယ်။ မနက်အိပ်ရာထ ဘုရားရှိခိုးမယ်၊ ရေချိုးရင် အဝတ်ဘယ်နှထည် လျှော်မယ် စသဖြင့် သူ့ရဲ့ နေ့စဉ် လုပ်ငန်း ဆောင်တာတွေကို ချမှတ်လေ့ရှိတယ်လို့ ပြောပြပါတယ်။

      ““သူများအတွက်တော့ ရယ်စရာ ဖြစ်ချင်ဖြစ်ပေမယ့် ကျွန် တော့်အတွက်ကတော့ ကိုယ်ဘာလုပ်ခဲ့တယ်ဆိုပြီး ပျော်ရတာ ပေါ့””လို့ ကိုမျိုးလင်းက ပြောပြပါတယ်။

ကျွမ်းကျင်သူနဲ့ အမြန်ဆုံးတွေ့ပါ

      စိတ်ကျဝေဒနာဆိုတာ လူတိုင်းအချိန်မရွေးဖြစ်နိုင်ပေ မယ့်လည်း ကုသပျောက်ကင်းနိုင်ပါတယ်။ စိတ်ကျဝေဒနာကို တိုင်းတာတဲ့အခါ ခံစားချက်အနည်းအများ၊ ဒီဝေဒနာကြောင့် သူ့ ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာကို ဘယ်လောက် ထိခိုက်လဲဆိုတာ ကို ကြည့်ပြီး အပျော့ (MILD) ၊ အလယ်အလတ် (MODERATE)၊ အပြင်း (SEVERE) ဆိုပြီး အကြမ်းဖျင်း ခွဲခြားနိုင်တာဖြစ်တယ်လို့ ဒေါက်တာတင်ဦးက ရှင်းပြပါတယ်။

      စိတ်ကျနေသူတွေကို ကုသရာမှာတော့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုနဲ့ လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ ပေးရပါတယ်။ ခံစားချက် တွေ ပြင်းထန်နေရင် သူပြောတာကို နားထောင်ပေးပြီး လူမှုရေး အခက်ခဲရှိနေရင် ပြေလည်အောင် ဆွေးနွေးအကြံပေးတာ ဖြစ် တယ်လို့ ဒေါက်တာတင်ဦးက ဆိုပါတယ်။

      ““ဘောလုံးတစ်လုံး လေတင်းနေတာကို လျှော့လိုက်ရင် လျော့သွားသလို ရင်ထဲတင်းကျပ်နေတာကို ပြောလိုက်ရင် ပွင့် သွားတာပေါ့””လို့ သူက ဆိုပါတယ်။

      အဲဒီလို စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုနဲ့ လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးမှု တွေ လုပ်လိုက်ရင် အပျော့နဲ့ အလယ်အလတ်အဆင့်တွေ သက် သာသွားနိုင်ပေမယ့် ပြင်းထန်အဆင့်မှာတော့ ဆေးပါပေးရမယ် လို့ သူက ရှင်းပြပါတယ်။

      စိတ်ပညာရှင် ဒေါက်တာစိုးရွှေကတော့ ဖြစ်နေတဲ့ ပြဿနာ ပေါ် မူတည်ပြီး ဆွေးနွေးတိုင်ပင်တဲ့အခါမှာ သူပြောချင်တဲ့ အကြောင်းအရာတွေကို နားထောင်ပေးပြီး သူလုပ်နိုင်စွမ်းရှိတဲ့ အရာကို မြင်လာအောင်ပြပေးကာ သူလုပ်နိုင်စွမ်း မရှိတဲ့ အရာ အပေါ်မှာတော့ လမ်းဩန်ပေးရမယ့် အခြေအနေဆို လမ်းဩန် ပေးရတဲ့ သဘောဖြစ်တယ်လို့ ရှင်းပြပါတယ်။

      ဥပမာ-သမီးရည်းစားတွေမှာ မိန်းကလေးက ကိုယ်ဝန်ရ လာလို့ ယောက်ျားလေးက တာဝန်မယူချင်ဘူးဆိုတဲ့ အကြောင်း အရာကို ထိုင်ဆွေးနွေးတာမျိုး မဟုတ်ဘဲ ဖြစ်နေတဲ့ကိစ်္စမှာ သတ်္တိ ရှိရှိ ကလေးမွေးနိုင်ဖို့နဲ့ အဲဒီတာဝန်တွေကို ယောကျ်ားရော၊ မိန်းမပါ တာဝန်ခံနိုင်ဖို့ကို ဆွေးနွေးပေးခြင်းဖြစ်တယ်လို့ ရှင်းပြ ပါတယ်။

      စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုတွေ လုပ်ပေးနေတဲ့ ဒေါ်နန့်သဇင်ထွေးကတော့ ““အိမ်တွင်းမီးအပြင်မယူရ””ဆိုသလို ကိုယ့်ပြဿနာကို ကိုယ်ပဲကြိတ်ဖြေရှင်းရမယ်ဆိုတဲ့ ဆိုရိုး စကားပုံတွေနဲ့ တချို့သောအိမ်ထောင်ဦးစီးတွေရဲ့ လွှမ်းမိုးမှုတွေ ကြောင့် စိတ်ကျနေသူတွေကို နှစ်သိမ့်ဆွေးနွေးမှုလုပ်ပေးတဲ့ အခါမှာ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။

      သူဟာ နှစ်သိမ့်ဆွေးနွေး ပညာမျှဝေရေးစင်တာတစ်ခု ဖြစ်တဲ့ COUNSELLING CENTRE YANGON (MYANMAR YMCA) မှာ စီမံကိန်းမန်နေဂျာ ဖြစ်သလို နှစ်သိမ့်ဆွေးနွေးပေးမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ အသိပညာပေးသင်တန်းတွေကိုလည်း ပို့ချပေး သူဖြစ်ပါတယ်။

      ““ကျွန်မတို့က အိမ်တွင်းထဲထိ သွားပြီး ဖြေရှင်းပေးဖို့ အရမ်းခက်တယ်””လို့ သူက ဆိုပါတယ်။ အထူးသဖြင့် အိမ်တွင်း အကြမ်းဖက်ခံရတဲ့ အမျိုးသမီးအများစုဟာ မိသားစုအရှက်ရမှာ စိုးလို့ စိတ်ထဲဖြစ်နေတဲ့ ခံစားချက်တွေ၊ ပြဿနာတွေကို ဆွေး နွေးဖို့ အခက်အခဲရှိသူများ ဖြစ်ကြတယ်လို့ သူက ဆိုပါတယ်။

      သူ့အမြင်အရ စိတ်ကျဝေဒနာလက်္ခဏာဖြစ်ပေါ်ချိန်မှာ များများဆွေးနွေးနိုင်တဲ့ အခြေအနေ လိုအပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ နှစ်သိမ့်ဆွေးနွေးလာသူတွေရဲ့ ခံစားချက်တွေနဲ့အတူ ရှိနေပေးပြီး သူတို့လုပ်ကိုင်နိုင်တဲ့ စွမ်းအင်တွေကို ဖော်ထုတ်ကာ ပြဿနာကို ကိုယ်တိုင်ဖြေရှင်းပေးနိုင်တဲ့အထိ အကူအညီပေး တယ်လို့ သူက ရှင်းပြပါတယ်။

      နောက်တစ်ခါ ကြုံလာတဲ့အခါမှာလည်း နှစ်သိမ့်ဆွေးနွေးပေးသူတွေဆီကိုပဲ လာနေတာမျိုးမဟုတ်ဘဲ သူတို့ဘာသာ ဖြေ ရှင်းတတ်အောင်၊ စိတ်ခွန်အား၊ စိတ်စွမ်အားတွေကို ပြန်လည် ရှာဖွေတတ်ပြီး သူ့ပြဿနာသူ ပြန်လည် ဖြေရှင်းတတ်အောင် ကူ ညီတာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

      ဒေါက်တာတင်ဦးကတော့ စိတ်ကျရောဂါကို စောင့်ရှောက် မှု ပိုလုပ်လိုက်မယ်ဆိုရင် ဒီအတွက် ပိုက်ဆံတစ်ဒေါ်လာ သုံးလိုက် တိုင်း လေးဒေါ်လာမြတ်တယ်လို့ ဆိုပါတယ်။

      စိတ်ကျနေတဲ့ လူတစ်ယောက်က အလုပ်မလုပ်နိုင်ရင် တစ် လဝင်ငွေ နှစ်သိန်းရှိသူမှာ ထိုဝင်ငွေမရှိတော့ဘဲ တကယ်လို့ ကုသလိုက်မယ်ဆို ဝင်ငွေလျော့တာထက် တိုးလာမယ်ဆိုတဲ့ သဘောဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

      ဒါ့အပြင် စိတ်ကျရောဂါကို မှန်မှန်ကန်ကန် မကုသ ဘူးဆိုရင် မစား၊ မသောက်၊ မအိပ်နိုင်ဘဲ တခြားရောဂါတွေ ထပ် တိုးလာမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဆီးချိုရောဂါ၊ နှလုံး ရောဂါ၊ HIV စတဲ့ ရောဂါရှိတဲ့သူတွေဆိုရင် စိတ်ကျတာနဲ့ ပေါင်း လိုက်ရင် ပိုဆိုးသွားပြီး မျှော်လင့်ချက်မရှိတော့ဘူးလို့ ထင်လာ တဲ့သူတွေ၊ ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့ မြင်လာတဲ့သူ တွေဟာ အဆုံးစီရင်ကြတာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

      ဒေါက်တာစိုးရွှေကတော့ စိတ်ကျဝေဒနာကို မကုစားဘူး ဆိုရင် လူ့အသိုက်အဝန်းအတွက် စိုးရိမ်စရာ ဖြစ်လာနိုင်ပြီး စိတ် ကျနေတဲ့သူတွေကို အလေးမထားတဲ့အခါ လူသားအရင်းအမြစ် တွေ ဆုံးရှုံးလာနိုင်တယ်လို့ ဆိုပါတယ်။

      ဒါကြောင့် စိတ်ကျရောဂါကို ““အရေးထားရမယ်။ ကိုယ် တစ်ဦးတစ်ယောက်တည်း ဆုံးရှုံးတာ မဟုတ်ဘူး။ ပထမဆုံး မိသားစုအတွက်လည်း ဆုံးရှုံးသွားတယ်။ ပြီးတော့ ကိုယ့်ရဲ့ လုပ် ဖော်ကိုင်ဖက်၊ ကိုယ့်နိုင်ငံအတွက်လည်း ဆုံးရှုံးတယ်။ ဒါ သိပ် အရေးကြီးတယ်”” လို့ သူက သတိပေးပါတယ်။

 

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."