မုံရွာ – ၂၀၂၁ အောက်တိုဘာ ၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီတပ်တွေ ရှိနေတဲ့ကြားက ကျောင်းသားပြည်သူတွေဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ဆန္ဒပြခဲ့ကြပါတယ်။
“တော်လှန်ရေး အရှိန်မြင့်တက်လာတာနဲ့အမျှ ပြည်သူလူထုက ပြည်သူလူထုအချင်းချင်းကြားမှာ စည်းလုံးညီညွတ်မှုကို အခိုင်အမာတည်ဆောက်ဖို့ လိုပါလိမ့်မယ်။ တော်လှန်ရေးကြာလာတာနဲ့အတူ ဝိဝါဒကွဲလွဲမှုတွေ၊ အမြင်မတူမှုတွေ၊ အစိုင်အခဲအဖုအကြိတ်တွေကို ပြည်သူအချင်းချင်းကြားမှာ ဖောက်ခွဲမပစ်ဖို့လည်း မေတ္တာရပ်ခံချင်ပါတယ်။ စစ်ကောင်စီရဲ့သွေးခွဲမှု၊ မတရားလိမ်လည် သတင်းအမှောင်ချမှုတွေကို ပြည်သူလူထုက စဥ်းစဥ်းစားစားနဲ့ ရင်ဆိုင်ကျော်လွှားဖို့လိုပါလိမ့်မယ်။ ဒီအရေးတော်ပုံကြီးဟာ စည်းလုံးမှုကို အလေးထားပြီး နောက်ဆုံးအချိန်အထိ အာဏာရှင်ကို အဆုံးတိုင်တော်လှန်ပုန်ကန်ကြပါ။”လို့ ဆန္ဒပြ ကျောင်းသားခေါင်းဆောင်တစ်ဦးက တိုက်တွန်းခဲ့ပါတယ်။
“စစ်အာဏာရှင်ဆန့်ကျင်ရေး တို့အရေး၊ တို့ပြည်သူတွေညီရဲ့လားဟေ့၊ ဘာစိတ်ဓါတ်လဲ သံမဏိစိတ်ဓါတ်၊ ဘယ်အထိတိုက်မလဲ အဆုံးထိတိုက်မယ်၊ တို့ပြည်သူတွေညီရဲ့ဟေ့၊ ညီရင်ထွက်ခဲ့၊ လမ်းပေါ်လမ်းပေါ်၊ ဖက်ဆစ်စစ်တပ် အမြစ်ဖျက်”စတဲ့ ကြွေးကြော်သံတွေနဲ့အတူ လူငယ်လူလတ်တွေဟာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဓါတ်ပုံ-Khaung Hsu Thar
#Dailynews

