ဂန့်ဂေါ – ၂၀၂၁ နိုဝင်ဘာ ၁၈ (မော်ကွန်း)
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်း ဂန့်ဂေါ PDF ရဲ့ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်က ရဲတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဂန့်ဂေါမြို့နယ်၊ ကန်ရွာရဲစခန်းလုံခြုံရေးအတွက် ဘန်ကာပြုလုပ်ဖို့ ဆာလာအိတ်လာဝယ်တဲ့ စစ်ကောင်စီ ဒုရဲအုပ်အောင်ရဲသူနဲ့ ရဲတပ်သားတစ်ဦးတို့ကို နိုဝင်ဘာ ၁၈ ရက် မနက် ၉း၀၀ နာရီဝန်းကျင်မှာ ဂန့်ဂေါ PDF က သေနတ်နဲ့လိုက်လံပစ်ခတ်ခဲ့တယ်လို့ PDF ဘက်က ထုတ်ပြန်ပါတယ်။
ပစ်ခတ်မှုကြောင့် ဆိုင်ကယ်အနောက်မှာစီးလာတဲ့ ရဲတပ်သားတစ်ဦးသေဆုံးခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူဖြစ်တဲ့ ဒုရဲအုပ်အောင်ရဲသူဟာ ဒဏ်ရာရရှိပြီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဂန့်ဂေါ PDF ကဆိုပါတယ်။
ဂန့်ဂေါနယ်ဟာ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တောက်လျှောက် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့နေရာဖြစ်ပါတယ်။
ဂန့်ဂေါ PDF ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်သင်တန်းတွေ ဖွင့်လှစ်သင်ကြားနေပြီး ပြောက်ကျားစနစ်နဲ့ အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။
#Dailynews

