ဒူးပလာယာ – ၂၀၂၂ အောက်တိုဘာ ၂၉ (မော်ကွန်း)
ကော်သူးလေ၊ ဒူးပလာယာခရိုင်ထဲမှာ ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်လက်အောက်ခံကျိုက်ဒုံနယ်မြေရဲစခန်းကို မနေ့ည ၉:၃၀ က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေါနစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
KNLA တပ်ရင်း ၁၈ နဲ့ ဒေါနစစ်ကြောင်း တပ်ခွဲ ၁ တို့ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖားကန့်-အနန့်ပါ ဖြစ်ရပ်အပါအဝင် အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံတဝန်းအပေါ် တရားမဲ့ပြုကျင့်မှုတွေအတွက် လက်တုံ့ပြန်တာလို့ ဒေါနစစ်ကြောင်းကဆိုပါတယ်။
တိုက်ပွဲကြာချိန် ၁၀ မိနစ်မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်ကျဆုံးမှုတွေမရှိခဲ့ဘဲ အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူဦးရေအတိအကျကိုလည်း အတည်မပြုနိုင်သေးပါဘူး။
အာဏာသိမ်းစစ်တပ်ဆီက ရှေ့ထွက်မိုင်းလေးလုံး၊ မိုင်းကြိုးနှစ်ခွေ၊ လက်ပစ်ဗုံး ၂၃ လုံး၊ 7.62 ကျည် ၂၅၄၀ တောင့်၊ ၆၀မမ ဗုံးသီး ၂၃ လုံး၊ G3 ခြောက်လက်၊ G3 ကျည်ဘောက် ၁၁ ဘောက်၊ G4 တစ်လက်၊ အူဇီနှစ်လက်၊ ခြောက်လုံးပြူးလေးလက်၊ ကွန်မန်ဒိုစိန်ပြောင်းတစ်လက်၊ ဆသရစက်ကြီးတစ်လုံး၊ RPG ပို့ယမ်းသုံးတောင့် စတဲ့ လက်နက်တွေ သိမ်းဆည်းရထားကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – ဒေါနစစ်ကြောင်း
#Dailynews

