ဟေမာန်ပြည့် ရေးသည်။
ရန်ကုန် (သြဂုတ်၊ ၂ဝ၁၈)
သူ့ကို လွန်ခဲ့သည့်ဆယ်နှစ်က နာဂစ်မုန်တိုင်း အပြီး ရွာအနီးကချောင်းလေးထဲတွင် ဦးအေးမင်း စတွေ့ ခဲ့တာ ဖြစ်သည်။ တွေ့စက ထူး ခြားသည့် ပုံပန်းသွင်ပြင်ကြောင့် သူ့ ကို သတိပြုမိခဲ့သော်လည်း အမှုမဲ့ အမှတ်မဲ့သာ ဖြစ် သည်။ အခုအချိန်မှာ တော့ သူ့ကြောင့် အသက် ၄၂ နှစ်အရွယ် ဦးအေးမင်း ခေါင်းခဲနေရပြီ။
‘သူ’ဆိုသည်က သုံးမြှောင့်ပုံကိုယ်လုံးပိုင်ရှင်၊ ခန္ဓာကိုယ် ဘေးနှစ်ဖက်နှင့်ကျောပေါ်တွင် ဆူးချွန်တွေ ထိုးထိုးထောင်ထောင် နှင့် အရေပြားပေါ်တွင်လည်း အနက်ရောင်အကွက်များရှိသည့် စုပ်ခွက်ငါးပင်ဖြစ်သည်။ ယင်း၏ ပုံသဏ္ဌာန်က မြွေပွေးနှင့် ဆင်တူ သည့်အတွက် တွံတေးမြို့နယ်ရှိဒေသခံတွေက သူ့ကို မြွေပွေးငါးခူ ဟုခေါ်ကြသည်။

Photo – Supply
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ခတ္တိယကျေးရွာ တွင် ငါးမြစ်ချင်းနှင့် ငါးကြင်းဖြူတို့ကို ဦးအေးမင်း မွေးမြူခဲ့ သည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပြီဖြစ်သည်။ လက်ရှိတွင် ဧကငါးရာနီးပါး မွေး မြူထားသူ ဖြစ်သည်။ လွန်ခဲ့သည့် သုံးနှစ်လောက်ကစပြီး မြွေပွေးငါးခူက သူ့အတွက် အဓိကငွေယိုပေါက် ဖြစ်လာခဲ့ပြီး မနှစ်က ဆိုလျှင် ကျပ်သိန်းထောင်ချီ ဆုံးရှုံးခဲ့ရသည်။
မွေးငါးအတွက် အစာတောင့်များကို အဆိုပါ မြွေပွေးငါးခူ (ခေါ်) စုပ်ခွက်ငါးက လုစားသည့်အတွက် အစားဖိုးလည်း ဆုံးရှုံး သလို ငါးပမာဏထွက်ရှိမှုလည်း လျော့ကျလာသောကြောင့် စုပ်ခွက်ငါးဒဏ် တောင့်ခံနိုင်ရေး ရုန်းကန်နေရသည်ဟု ငါးမွေးမြူသူ များက ညည်းတွားကြသည်။ ယခုလို ဖြစ်ရပ်မျိုး ကြုံတွေ့နေရ သည်က သူတစ်ယောက်တည်းတော့မဟုတ်။ အခြားငါးမွေးမြူရေးလုပ်ကိုင်သူများလည်း သူ့လိုကြုံတွေ့ကြရသည်။
ရေရှည်တွင်လည်း မွေးမြူရေးလုပ်ငန်းအား ထိခိုက်မှုကြီး နိုင်သည့်အပြင် သဘာဝရေပြင်အတွင်းသို့ ရောက်ရှိသွားပါက ဒေသရင်းငါးမျိုးစိတ်များနှင့် ရေနေအပင်များအား ဒုက္ခပေးလာ နိုင်သည့်အတွက် စုပ်ခွက်ငါးအရေးကို အလျင်အမြန် ကိုင်တွယ် သင့်သည်ဟု သဘာဝပတ်ဝန်းကျင် ပညာရှင်များက ထောက် ပြသည်။
ယင်းကဲ့သို့ ပြည်ပမှ တင်သွင်းလာပြီး ဒေသတစ်ခု၏ မူလ မျိုးစိတ် သို့မဟုတ် အရေးပါသည့် မျိုးစိတ်များကို ဖယ်ရှား နေရာယူသည့် မျိုးစိတ်များကို ကျူးကျော်ဝင်ရောက်လာသည့် မျိုးစိတ် များ (Invasive Alien Species – IAS) ဟုခေါ် သည်။
IAS များသည် မျိုးပွားနှုန်းမြင့်သကဲ့သို့ လျင်မြန်စွာ မျိုး ပွားနိုင်သည့်အတွက် ဒေသမျိုးစိတ်များကို လွှမ်းမိုးဖယ်ရှားကာ ယင်းဒေသ၏ ဂေဟစနစ်ဖွဲ့စည်းပုံကို ပြောင်းလဲစေနိုင်သည်ဟု ပညာရှင်များက ထောက်ပြသည်။ ကျူးကျော်ဝင်ရောက်လာ သည့် မျိုးစိတ်များတွင် ကျောရိုးရှိ၊ ကျောရိုးမဲ့ သတ္တဝါများသာမက အပင်များမှသည် မှိုများအထိ ပါဝင်သည်။
IASတွေဟာ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက် နိုင်သလို ထွက်ကုန်လည်း လျော့ကျစေနိုင်တဲ့အတွက် စီးပွားရေး ပိုင်းဆိုင်ရာလည်း ထိခိုက်တာတွေ ဖြစ်နိုင်တယ်”ဟု ကျူး ကျော်မျိုးစိတ်ဆိုင်ရာ ပညာရှင် ဒေါ်ဝေဝေသန်းက ပြောသည်။
သူသည် သစ်တောဦးစီးဌာနတွင် ဒုတိယòန်ကြားရေး မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပြီး ကျူးကျော် မျိုး စိတ်ဆိုင်ရာ စာတမ်းများ ပြုစုခဲ့သူဖြစ်သည်။
ပြည်ပမှဝင်ရောက်လာသည့် မျိုးစိတ်တိုင်း ကျူးကျော်မျိုး စိတ်ဟု မသတ်မှတ်ဘဲ မျိုးပွားနှုန်းကောင်းပြီး ဒေသတွင်း မျိုး စိတ်များကို လွှမ်းမိုးနိုင်သည့် မျိုးစိတ်ကိုသာ ကျူးကျော်ဝင် ရောက်လာသည့် မျိုးစိတ်အဖြစ် သတ်မှတ်သည်။
မြန်မာနိုင်ငံတွင် ပြည်ပမှဝင်ရောက်လာသည့် အပင်နှင့် သတ္တဝါမျိုးစိတ် ၉၇ မျိုးရှိသည်ဟု ကျူးကျော်မျိုးစိတ်ဆိုင်ရာ အထူးကျွမ်းကျင်သူအဖွဲ့ (Invasive Species Specialist Group-ISSG) က ထုတ်ပြန်ထားသည်။ အဆိုပါအဖွဲ့ကို အပြည် ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ (International Union for Conservation of Nature _ IUCN) လက် အောက်ရှိ မျိုးစိတ်များရှင်သန်ရေး ကော်မရှင်(Species Survival Com-mission) က ကြီးကြပ်သည်။
ယင်းမျိုးစိတ် ၉၇ မျိုးတို့အနက် ၃၃ မျိုးမှာ ကျူးကျော်ဝင် ရောက် နှောင့်ယှက်ကြသည့် မျိုးစိတ်များဖြစ်သည်ဟု ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက ၂ဝ၁၅ အောက်တိုဘာတွင်ထုတ်ပြန်သည့် နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲ ဆိုင်ရာ မဟာဗျူဟာနှင့်လုပ်ငန်းစီမံချက် (၂ဝ၁၅-၂ဝ၂ဝ)တွင် ဖော်ပြထားသည်။ အဆိုပါ ၃၃ မျိုးတွင် လူသိများသည့် အော်ရီး ရှား၊ ဘိစပ်၊ စိန်နားပန်၊ အာဖရိကန်ငါးခူ၊ တီလားပီးယား စသည် တို့ပါဝင်သည်။
ပြည်ပမှ ရောက်ရှိလာသည့် အချို့မျိုးစိတ်များသည် IAS စာရင်းတွင် မပါဝင်သေးသော်လည်း ယင်းတို့၏ ခြိမ်းခြောက်မှုကို နေရာအချို့တွင် မြင်တွေ့နေရပြီ ဖြစ်သည်။

Photo – supply
စုပ်ခွက်ငါး ပေးသည့် ဒုက္ခ
စုပ်ခွက်ငါးသည် ကျူးကျော်ဝင်ရောက်လာသည့် မျိုးစိတ် ၃၃ မျိုးစာရင်းတွင် မပါဝင်သေးသော်လည်း လက်ရှိ အခြေအနေ IAS အဖြစ် သတ်မှတ်သင့်သည့် အခြေအနေရောက်နေပြီဟု ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (Biodiversit and Nature Conservation Association – BANCA) ၏စုပ်ခွက်ငါးဆိုင်ရာ သုတေသနတွင် ဦးဆောင် ပါဝင်ခဲ့သည့် ဦးသော်ဖြိုးရွှေက ဆိုသည်။
စုပ်ခွက်ငါး၏ ဇာတိက တောင်အမေရိကတိုက်ဖြစ်သည်။ ငါးမွေးကန်အတွင်း ရေညှိ၊ ရေမှော်များကို စားသုံးသည့်အတွက် သန့်ရှင်းရေးငါးအဖြစ်မွေးရန် တင်သွင်းလာခြင်းဖြစ်သည်ဟု BANCA ၏ အစီရင်ခံစာက ဆိုသည်။ မည်သည့်အချိန်က တည်းက မြန်မာနိုင်ငံသို့ ရောက်ရှိနေသည်ကိုမူ မည်သူမှ အတိ အကျ မပြောနိုင်ကြသေးပါ။
စုပ်ခွက်ငါး အကောင်ငယ် ချိန်တွင် အလှမွေးငါးကန်အတွင်း အဆင်ပြေသော်လည်း တဖြည်းဖြည်း အရွယ်အစားကြီးမားလာသည့်အခါ မြစ်၊ ချောင်းများ အတွင်း စွန့်ပစ်ခြင်းတို့ကြောင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ အနှံ့အပြားသို့ ရောက်ရှိ ပြန့်ပွား နေကြောင်း BANCA က ထုတ် ပြန်သည်။
စုပ်ခွက်ငါးသည် တွံတေး မြို့နယ် သာမက ပဲခူးတိုင်း၊ ဝေါမြို့ နယ်ဝန်းကျင်နှင့် မိုးယွန်းကြီး အင်း၊ ရှမ်းပြည်နယ် အင်းလေး ကန်တို့အထိ ပျံ့နှံ့လျက်ရှိသည်ဟု ယမန်နှစ် နှစ်ကုန်ပိုင်းက ထုတ် ပြန်ခဲ့သော BANCA ၏ စုပ်ခွက်ငါးနှင့် ပတ်သက်သည့် အစီရင်ခံ စာတွင် ဖော်ပြထားသည်။
စုပ်ခွက်ငါးသည် တစ်ကြိမ်လျှင် ဥနှစ်ထောင်ခန့်ဖြင့် တစ် နှစ်လျှင် နှစ်ကြိမ်ပေါက် လေ့ရှိ သည်ဟု BANCA က ဆိုသည်။ ကန်ပေါင်များတွင် တွင်းလုပ်ပြီး ဥချသည့်အတွက် ကန်ပေါင်များ ပျက်စီးသည်ဟု ငါးမွေးမြူသူ များက ဆိုသည်။ သားပေါက်နှုန်း ကောင်းသည့်အတွက် စုပ်ခွက်ငါး တစ်ကောင်မျှ ကန်တွင်းပါလာရုံဖြင့် ”ဒုက္ခတွေ့တော့တာပဲ”ဟု ငါးမွေးကန်ပိုင်ရှင် ဦးအေးမင်းက ဆိုသည်။
ထို့ပြင် မာကျောသည့်ဆူးတောင်ပိုင်ရှင် စုပ်ခွက်ငါးများကို မွေးငါးများက ယှဉ်ပြိုင်အစာမလုနိုင်။ ထိုအခါ စုပ်ခွက်ငါးတို့ ကြွင်းကျန်သည့် အစာကိုသာ မွေးငါးများ စားသောက်ကြရသည်။ မွေးမြူရေးငါးများ အစာမဝသည့်အခါ မျှော်မှန်းသလောက် ငါးအထွက်နှုန်းမရကြတော့ဟု ငါးမွေးမြူသူများက ဆိုသည်။

ငါးမွေးမြူရေးကန်အတွင်းမှ ရရှိလာသည့်စုပ်ခွက်ငါးများ photo – Supply
ငါးကြင်း၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် နှစ်ထောင်နီးပါးဈေး ရှိသည့်အတွက် စုပ်ခွက်ငါးပိသာချိန် နှစ်ထောင်ကျော် ပါဝင်လာ ပါက ကျပ်သိန်းလေးဆယ်နီးပါး ဆုံးရှုံးသည့် သဘောဖြစ်သည်။
ထိုစုပ်ခွက်ငါးကို ပြန်လည်ရောင်းချရန် ဈေးကွက်လည်း မရှိ။ တချို့ကတော့ စုပ်ခွက်ငါးကို စမ်းစားကြည့်သည်။ သို့သော် စားပြီး မကြာမီ ကိုယ်ခန္ဓာ ယားယံလာသည့်အတွက် မစားကြ တော့ဟု ငါးမွေးမြူရေးလုပ်သူများက ဆို သည်။
စုပ်ခွက်ငါးကို ပြန်အသုံးချနိုင်မည့် နည်းလမ်းတစ်ခုကို ပြီး ခဲ့သည့် နှစ်တုန်းက ဦးလှဝင်း စမ်းသပ်ကြည့်ခဲ့သေးသည်။ သူက ငါးလည်း မွေးထားသလို ဝက်အကောင်ရေ ၂ဝ လည်း မွေးထား သည်။ ရောင်းမရ၊ စားမရသည့် စုပ်ခွက်ငါးကို ဝက်စာကျွေးမည် ဟု စိတ်ကူးလိုက်သည်။
ထို့အတွက် စုပ်ခွက်ငါးကို ပြုတ်ပြီး နုတ်နုတ်စင်းကာ အစာ ဖြင့် နယ်ဖတ်ပြီး ဝက် ၁ဝ ကောင်ကို ကျွေးကြည့်သည်။ ခြောက် လလောက်ကျွေးကြည့်အခါ ထိုဝက် ၁ဝ ကောင်က အခြား အစာ ကျွေးသည့် ၁ဝ ကောင်လို ကြီးထွားမလာ။ ထိုအခါ သူ့စမ်းသပ် ချက်ကို ရပ်တန့်လိုက်သည်။
ထို့ကြောင့် စုပ်ခွက်ငါးတွေကို မြွေရေခွံအိတ်အတွင်း ထည့် ကာ ကြိုးချည်ပြီး အိမ်နှင့်ဝေးရာမှာ သွားပုံထားရသည်ဟု လက် ရှိ ဖြေရှင်းနေသည့် နည်းကို ဖွင့်ဟသည်။
စုပ်ခွက်ငါးတွင်ပါဝင်သည့် ပရိုတိန်း (အသားဓာတ်) ပမာဏကို တွက်ချက်ထားခြင်း မရှိသည့်အတွက် တိရစ္ဆာန်အစာအဖြစ် ကျွေးမွေးမည်ဆိုပါက သင့်တော်မှုရှိ၊ မရှိ သုတေ သနပြုလုပ်ရန် လိုအပ်သည် ဟု ငါးလုပ်ငန်းဦးစီးဌာန၊ ဖွံ့ဖြိုးရေး နှင့် သုတေသနဌာန òန်ကြားရေး မှူး ဦးထွန်းဝင်းမြင့်က မော်ကွန်း သို့ ပြောသည်။ သို့သော် လက် ရှိ အချိန်အထိ စုပ်ခွက်ငါး နှင့် ပတ်သက်ပြီး သုတေ သန ပြုလုပ်ထားခြင်း မရှိသေးဟု သူက ဆိုသည်။
ဦးအေးမင်း ကတော့ နောက် တစ်နည်း သုံးပြီး စုပ်ခွက်ငါး ပြဿနာ ကို ဖြေရှင်းကြည့် သည်။ ရေစပ်စပ်ရှိ လျှင်ပင် ရှင်သန်နိုင် သည့် စုပ်ခွက်ငါးက ဗွက် တောထဲမှာဆိုလျှင် တစ်လ လောက်တော့ အသာလေးနေနိုင် သည်။ ထို့ကြောင့် မြေကြီးပေါ် တင် ကာ သဲဖြင့် မြှုပ်သတ်ပစ်ပြီး ဖြေ ရှင်းသည်။
စုပ်ခွက်ငါးနှင့် ပတ် သက်ပြီး ရင်ဆိုင်နေရသည့် ပြဿနာများကို ငါးမွေးသူ များက ငါးလုပ်ငန်းဦးစီး ဌာနသို့ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက တင်ပြထား သည်။ သို့သော် အစိုးရ၏ အကူ အညီအတွက် မျှော်လင့်ချက်တော့ သိပ်မထားဟု သူတို့က ဖွင့်ဟသည်။
လောလောဆယ်တွင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် လည်း စုပ်ခွက်ငါးပြဿနာကိုဖြေရှင်းပေးရန် အစီအစဉ်မရှိသေး ဟု ရန်ကုန်တိုင်း ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးလှ ဝင်းက ပြောသည်။
”ဌာနက နိုင်ငံခြားကနေ သွင်းလာပြီးတော့ သူတို့အထဲ ကို ထည့်မွေးခိုင်းတာလည်းမဟုတ်ဘူး။ ပွားလာပြီးတော့ ခုကျ တော့ မနိုင်ကြတော့တာ”ဟု ယင်းက ဆိုသည်။
စုပ်ခွက်ငါးသည် ”တားမြစ်တဲ့ငါး မဟုတ်တဲ့အတွက် အမိန့်နဲ့ဖမ်းလို့လည်းမရဘူး။ ပိုင်ရှင်တွေကပဲ ကိုယ့်ကန်ထဲ ကိုယ် ရောက်မလာဖို့ ထိန်းသိမ်းရမယ်”ဟု သူက ဆက်ပြောသည်။
ငါးမွေးမြူရေးလုပ်ငန်းကို နှစ်နှစ်ဆယ်နီးပါး လုပ်ကိုင်လာခဲ့ သည့် ဦးလှဝင်းအတွက်တော့ စုပ်ခွက်ငါးသည် တကယ့်ပြဿနာ ဖြစ်နေသည်။
”ဒီအတိုင်းဆက်သွားရင် နှစ်နှစ်လောက်တောင် တောင့်ခံ နိုင်ဖို့ မလွယ်ဘူး” ဟု သူက ငါးကန်တွေဆီ လှမ်းကြည့်ရင်း ခပ် တိုးတိုး ဆိုသည်။
အလှမွေးအတွက် ရည်ရွယ်ပြီး တင်သွင်းခဲ့သော်လည်း သဘာဝပတ်ဝန်းကျင်နှင့် ဂေဟဗေဒစနစ်ကို ထိပါးစေသည့် အခြားသတ္တဝါလည်း ရှိပါသေးသည်။

Photo – Hay Man Pyae လိပ်ပါးနီ
လိပ်ပါးနီရန်စွယ်
ဦးခေါင်းနှင့် ခြေလက်တို့တွင် အဝါရောင်အစင်းကြားနှင့် မျက်စိနားတွင် လိမ္မော်ရောင်အစင်းကြား ပါဝင်သည့် ကလေး လက်ဝါးအရွယ်ခန့်သာသာ လိပ်ပါးနီ (red-eared slider turtle) များက အိမ်မွေးတိရ္ဆာန်ချစ်သူများအတွက် မျက်စိကျ စရာ ဖြစ်လာသည်။
အမေရိကန်ပြည်ထောင်စု တောင်ပိုင်းဇာတိဖြစ်သည့် လိပ်ပါးနီသည် သေးငယ်ပြီး ထိန်းသိမ်းရလွယ်ကူမှုကြောင့် အိမ်မွေး တိရစ္ဆာန် အဖြစ် ထင်ပေါ်လာပြီး ၁၉၈ဝ ကျော်တွင် အိမ်မွေး တိရစ္ဆာန်အဖြစ် တင်ပို့ရောင်းချခြင်းဖြင့် ပျံ့နှံ့သွားသည်ဟု ကျူး ကျော်မျိုးစိတ်ဆိုင်ရာ အချက်အလက်များကို စုဆောင်းထား သော Global Invasive Species Database ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ အဆိုပါဝက်ဘ်ဆိုက်ကို အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ (IUCN) လက်အောက်ရှိ ကျူး ကျော်မျိုးစိတ်ဆိုင်ရာ အထူးကျွမ်းကျင်သူအဖွဲ့ ( ISSG ) က စီမံ ကွပ်ကဲသည်။
လိပ်ပါးနီများသည် ယခင်ကတည်းက အလှမွေးဈေးကွက် တွင် ရှိသော်လည်း ယခုနှစ်ပိုင်းအတွင်း လူကြိုက်များလာပြီး ကလေးနှင့် လူငယ်များ အများဆုံးကြိုက်နှစ်သက်ကြသည်ဟု စမ်းချောင်းမြို့နယ်အတွင်း လေးနှစ်ကြာ ဆိုင်ဖွင့်ထားသည့် Ornamental Fish အလှမွေးငါးဆိုင်ပိုင်ရှင်ဖြစ်သူ ကိုပြည့်ဖြိုး အောင်က ဆိုသည်။
မှန်ကန်ထဲတွင် ထည့်သွင်းမွေးမြူနိုင်ပြီး ကရိကထလည်း နည်းသည့်အတွက် လိပ်ပါးနီသည် အလှမွေးဖို့ ခေတ်စားလာ သည်။ ဈေးနှုန်းကလည်း တစ်ကောင်လျှင် ငါးထောင်ကျပ်မှ ကျပ်တစ်သောင်းကြားသာ ရှိသောကြောင့် အလှငါးမွေးသူ အများစု လက်လှမ်းမီသည့် ဈေးနှုန်းဖြစ်သည်။
လိပ်ပါးနီ၏ သက်တမ်းက နှစ် ၅ဝ ကျော်အထိရှိသည်။ နှစ်နှစ်မှ ငါးနှစ်အရွယ်တွင်စတင် မျိုးပွားနိုင်ပြီး တစ်ခါဥလျှင် တစ်ဒါဇင်ကျော်ဥပြီး တစ်နှစ်လျှင် သုံးကြိမ် ဥချလေ့ရှိသည်ဟု လိပ်နှင့် ဂေဟဗေဒစနစ်ဆက်နွှယ်ပုံကို အထူးပြု လေ့လာခဲ့သူ ဖြစ်ကာ လိပ်ပါးနီနှင့်ပတ်သက်ပြီးလည်း သုတေသနလုပ်နေသူ တစ်ဦးဖြစ်သည့် ဒေါက်တာကြည်သာခိုင်က ရှင်းပြသည်။
”ကျီး၊ မြွေ၊ ပုရွက်ဆိတ်တို့က သူ့ဥကိုစားပေမယ့် သူက တစ်နှစ်ကို သုံးခါလောက် ဥတဲ့အခါကျတော့ တစ်ခုမဟုတ် တစ်ခု ပေါက်လာတယ်”ဟု ¤င်းက ဆိုသည်။
လိပ်ပါးနီသည် တော်ရုံ ရေညစ်ညမ်းမှုလောက်ကို မမှု၊ ခဲ ဓာတ်၊ အာဆင်းနစ်ဓာတ်တို့ ပါဝင်နေသည့် ညစ်ညမ်းသည့် ရေ တွင်ပင် ရှင်သန်နေထိုင်နိုင်သည်။
ဥပမာအားဖြင့် ၂ဝ၁ဝ က ဗိုလ်တထောင်ဘုရားကန်တွင် ရေညစ်ညမ်းမှုကြောင့် မှိုရောဂါဖြင့် ဒေသမျိုးရင်း လိပ်အကောင် ၁ဝဝ ကျော် သေခဲ့သော်လည်း လိပ်ပါးနီ တစ်ကောင်မျှ မပါဝင် ခြင်းက လိပ်ပါးနီ၏ ခံနိုင်ရည်ရှိပုံကို ထင်ထင်ရှားရှား မြင်သာ စေသည်ဟု ဒေါက်တာကြည်သာခိုင်က ဆိုသည်။
ထို့အပြင် လိပ်ပါးနီသည် ”အပူလှိုင်း၊ အအေးလှိုင်းဖြတ်နေ လည်း ခံနိုင်ရည်ရှိတယ်။ အပူချိန်ဘယ်လောက်ချိန်းချိန်း ခံနိုင် ရည်အား ကောင်းတယ်။ ရေဒီယိုအက်တစ်(ရေဒီယိုသတ္တိကြွမှု)ဖြစ်နေတဲ့ နေရာတွေမှာတောင်မှ ရှင်သန်နိုင်တယ်”ဟု လိပ်ပါးနီ ၏ ပင်ကိုသဘာဝကို ယင်းက ပြောသည်။
လိပ်ပါးနီသည် ငယ်စဉ်က အသားစားသတ္တဝါဖြစ်သော် လည်း အရွယ်ရောက်လာသည့်အခါ အသားရော၊ အရွက်ပါ အစုံ စားလာသည်။
ထို့ပြင် အစားအစာအတွက်သာမက လိပ်ပါးနီက ဥချရာ နေရာများ၊ နေပူဆာလှုံသည့်နေရာများကို ယှဉ်ပြိုင်နေရာလု သည့်အခါ ဒေသမျိုးရင်းလိပ်များက မယှဉ်ပြိုင်နိုင်သည့်အတွက် အရည်အသွေးညံ့ရာ နေရာသို့ ရှောင်ဖယ်ပေးလာရသည်ဟု လိပ်ကျွမ်းကျင်သူများက ဆိုသည်။ သွေးအေးသတ္တဝါဖြစ်သည့် လိပ်များသည် အသက်ရှင်သန်ရပ်တည်ရေးအတွက် နေပူဆာ လှုံရန် မဖြစ်မနေ လိုအပ်သည်။

ဗိုလ်တစ်ထောင်ဘုရားကန်အတွင်းရှိ လိပ်ပါးနီများ နေပူစာလုံနေစဉ် Photo – Hay Man Pyae
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနိုင်ငံတကာအဖွဲ့ကြီး ( IUCN ) ၏ ၂ဝ၁၃ ခုနှစ်စာရင်းအရ လိပ်ပါးနီသည် မိမိနေရင်း ဒေသ မဟုတ်သည့် ဒေသများတွင် အဆိုးဝါးဆုံးလွှမ်းမိုးမှု အ္တရာယ်ရှိသည့် မျိုးစိတ် ၁ဝဝ စာရင်းတွင် ပါဝင်နေသည်။
ထိုမျှ အန္တရာယ်ရှိသော အလှမွေးလိပ်ပါးနီများ အရွယ် အစားကြီးလာသည့်အခါ မွေးမြူသူများက ဆက်လက် မထိန်း သိမ်းတော့ဘဲ ဘုရားများရှိ ရေကန်များတွင် စွန့်ပစ်လေ့ရှိသည်ဟု ဒေါက်တာကြည်သာခိုင်က ဆိုသည်။
ရန်ကုန်တိုင်းအတွင်း ဘုရားများအနီးရှိ ရေကန် ၁ဝ ကန် ကို သုံးနှစ်ကြာ လေ့လာတွေ့ရှိချက်အရ ရေကန်ထဲတွင် အများ ဆုံးတွေ့ရသည့် မြန်မာ့မျိုးရင်းလိပ်ဖြစ်သည့် မြန်မာ့မျက်လုံး လိပ်(ဆောက်လိပ်) နှင့် မြန်မာ့စင်းလျှောလိပ်တို့ပြီးလျှင် လိပ်ပါး နီမှာ ကောင်ရေအများဆုံး ဖြစ်သည်ဟု ဒေါက်တာကြည်သာ ခိုင်က ပြောသည်။
”လိပ်ပါးနီမရှိတဲ့ ဘုရားကန်ဆိုတာ မရှိသလောက်ပဲ။ ဒေသမျိုးရင်းလိပ် အစုံမရှိတဲ့ ကန်သာ ရှိချင်ရှိမယ်။ လိပ်ပါးနီ မရှိတဲ့ ကန်ဆိုတာ မရှိဘူး”ဟု သူ၏ တွေ့ရှိချက်ကို ပြောပြသည်။ လိပ်ပါးနီကို မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ်မှသည် တောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးအထိ နိုင်ငံတစ်နံတစ်လျား ရှိ ဘုရားကန်များတွင် တွေ့နေရသည်ဟု သူက ဆိုသည်။
အခြားအ္တရာယ်တစ်ခုက လိပ်ပါးနီသည် ကပ်ပါးပိုးများသယ်ဆောင်နိုင်သည့်အတွက် အပင်နှင့် သတ္တဝါများအား ဒုက္ခ ပေးနိုင်သည်။ ထို့ပြင် လိပ်ပါးနီသည် အစာအဆိပ်သင့်စေသော ပိုး (Salmonella) ကို သယ်ဆောင်နိုင်သည့်အတွက် ”ကလေး တွေမှာ အစာအဆိပ်သင့်မှု ပိုဖြစ်စေနိုင်ပါတယ်”ဟု ဒေါက်တာ ကြည်သာခိုင်က ပြောသည်။
ဈေးကွက်အတွင်း အလှမွေးလိပ်များ တွင်ကျယ်လာသည့် အတွက် ဆိုင်တွင်တင်ကာ ရောင်းချနေသော်လည်း လိပ်ပါးနီ၏ သက်ရောက်မှုများနှင့် အဆိုးဝါးဆုံး ကျူးကျော်မျိုးစိတ် ၁ဝဝ တွင် ပါဝင်နေခြင်းကို မသိရှိဟု Ornamental Fish အလှမွေးငါး အရောင်းဆိုင်ပိုင်ရှင် ကိုပြည့်ဖြိုးကျော်က ဆိုပါသည်။
လိပ်ပါးနီအား အိမ်မွေးတိရ္ဆာန်အဖြစ်တင်သွင်းခြင်းကို ဥရောပသမဂ္ဂတွင် ၁၉၉၇ ကတည်းက ကန့်သတ်ထားသည်။ အိမ် နီးချင်းဖြစ်သည့် ထိုင်းနိုင်ငံတွင်လည်း လိပ်ပါးနီကို ဖျက်ဆီးတတ် သည့်ပိုးမွှားတိရ္ဆာန်အဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်ဟု ဒေါက်တာကြည်သာခိုင်က ဆိုသည်။
ငါးလုပ်ငန်းဦးစီးဌာန၊ ဖွံ့ဖြိုးရေးနှင့် သုတေသနဌာန ညွှန်ကြားရေးမှူး ဦးထွန်းဝင်းမြင့်က မြန်မာနိုင်ငံတွင်တော့ လိပ်ပါး နီကို အလှမွေးတိရစ္ဆာန်အဖြစ် တင်သွင်းမှုအား ဥပဒေအရ ကန့် သတ်ထားခြင်းမရှိဟု ပြောသည်။
အလှမွေးငါးဆိုင် အများအပြားတွင် ငါးများသာမက လိပ် ပါးနီများကိုလည်း ရောင်းချနေသည်ကို မော်ကွန်းက တွေ့ရှိခဲ့ရသည်။
ပန်းပန်နေဆဲ ဗေဒါ
ပြည်ပမှရောက်ရှိလာသည့်သတ္တဝါမျိုးစိတ်များကဲ့သို့ အပင်မျိုးစိတ်အချို့ကလည်း ဒေသမျိုးရင်းများကို ခြိမ်းခြောက် အ္တရာယ်ပေးကာ ပတ်ဝန်းကျင်ကို ထိခိုက်စေလျက်ရှိပါသည်။
ယင်းတို့ထဲမှ တစ်မျိုးကို ထုတ်ပြရလျှင် ဗေဒါပင်ကို ပြရ မည်ဖြစ်သည်။ ‘ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ’ဟု ဆရာဇော်ဂျီ က သူ၏ ကဗျာတစ်ပုဒ်ထဲတွင် ထည့်သွင်းစပ်ဆိုရလောက်အောင် ပတ်ဝန်းကျင်၏ ဒဏ်တွေကို ခံနိုင်ရည်ရှိကာ ရှင်သန်တတ်သော ထိုအပင်မှာ လွန်ခဲ့သည့် နှစ်ပေါင်း တစ်ရာကျော်က အလှဆင်ရန် ရည်ရွယ်ချက်ဖြင့် တင်သွင်းလာခဲ့သည့် မျိုးစိတ် ဖြစ်သည်။
ရှုချင်စဖွယ်အဆင်း ရှိသော်လည်း မျိုးပွားမြန်သည့် ဗေဒါ သည် Global Invasive Species Database ဝက်ဘ်ဆိုက် အရ ကမ္ဘာ့အဆိုးဝါးဆုံးကျူးကျော်မျိုးစိတ် ၁ဝဝ စာရင်းဝင်လည်း ဖြစ်သည်။
ဗေဒါပင်မှ ကြိုးထုတ်လုပ်ခြင်း၊ အိတ်ကဲ့သို့ လူ့အသုံး အဆောင်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ တိရ္ဆာန်အစာစိမ်းအဖြစ် အသုံးပြုခြင်းတို့ကို ပြုလုပ်နိုင်သော်လည်း ဆိုးကျိုးအနေဖြင့် ကန်များ တိမ်ကောလာရုံသာမက မြစ်၊ ချောင်းများဆိုလျှင်လည်း ရေလမ်းကြောင်းပိတ်ဆို့ကာ ခြောက်သွေ့စေနိုင်သည်။
မျိုးပွားနှုန်းမြန်သည့် ဗေဒါကို မြန်မာနိုင်ငံတွင်ထိန်းချုပ် နိုင်ရန် လွန်ခဲ့သည့် နှစ်တစ်ရာခန့်က ဥပဒေဖြင့်ပင် ကြိုးပမ်း ခဲ့သည်။ ၁၉၁၇ ခုနှစ်တွင် The Water Hyacinth Hyacinth Act(Burma Act 1917) ကိုပြဋ္ဌာန်းပြီး ဟန့်တားရန် ကြိုးပမ်းခဲ့သော်လည်း လက်ရှိအချိန်ထိ မြစ်ချောင်းများတွင်ဗေဒါများ ပန်းပန်နေကြဆဲ။ (ယင်းဥပဒေကို နဝတ အစိုးရခေတ်တွင် ဖျက်သိမ်းခဲ့သည်။)
မလုံခြုံသည့် နယ်စပ်ဂိတ်များ
အလှမွေးငါး တင်သွင်းခြင်း၊ တင်ပို့ခြင်းတို့အတွက် ငါးလုပ် ငန်းဦးစီးဌာန òန်ကြားရေးမှူးချုပ် ခွင့်ပြုမိန့် လိုအပ်သည်။ လေဆိပ်နှင့် နယ်စပ်ဂိတ်အချို့တွင် တရားမဝင် တင်သွင်းရောင်း ချမှု ရှိသော်လည်း လူအင်အား၊ နည်းပညာအင်အား ချို့တဲ့မှု ကြောင့် အပြည့်အဝ ဆောင်ရွက်နိုင်ခြင်းမရှိဟု ငါးလုပ်ငန်းဦးစီး ဌာနညွှန်ကြားရေးမှူး ဦးလှဝင်းက ဆိုသည်။
IAS များသည် မြန်မာနိုင်ငံနှင့် ထိစပ်လျက်ရှိသည့်် ထိုင်း၊ လာအို၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် ရှည်လျားသည့် ကုန်းတွင်းနယ်စပ်များမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက် နိုင်သည့် အလားအလာ မြင့်မားလျက် ရှိသည့်အပြင် ရေလမ်းနှင့် လေကြောင်းတို့မှလည်း ဝင်ရောက်လာနိုင်သည်ဟု နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့်လုပ်ငန်းစီမံချက် (၂ဝ၁၅-၂ဝ၂ဝ) တွင် ဖော်ပြထားသည်။
ထိုင်းနှင့်မြန်မာကြား လက်ရှိ ပိတ်ထားဆဲဖြစ်သည့်် ဘုရား သုံးဆူနယ်စပ်ဂိတ်မှတစ်ဆင့် အိမ်မွေးတိရစ္ဆာန်တင်သွင်းမှု အများအပြားရှိသည်ဟု ကရင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန လက်ထောက်òန်ကြားရေးမှူး ဦးမျိုးမင်းထွန်းကဆိုသည်။
”မြဝတီ၊ မူဆယ်ဘက်ကနေ ပုံးကလေးနဲ့ ချိုင့်ကလေးနဲ့ ထည့်လာမယ်ဆိုရင်လည်း ရတာပဲလေ။ ဖမ်းနေရင်းနဲ့လည်း ခိုး သယ်တာပဲ။ ဝင်တာရော၊ ထွက်တာရောကို မထိန်းနိုင်ဘူး”ဟု သူက ဆိုသည်။
အမေရိကန်နိုင်ငံတွင်တော့ IAS များနှင့်ပတ်သက်ပြီး နယ်စပ်ဂိတ်များမှတစ်ဆင့် ရှာဖွေမှုများကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သည်ဟု ကျူးကျော်မျိုးစိတ်ပညာရှင် ဒေါ်ဝေဝေသန်း က ဆိုသည်။ သူသည် ကျူးကျော်မျိုးစိတ်များဆိုင်ရာ သတင်း အချက်အလက် ကွာဟချက်နှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံ တွင် စာတမ်းပြုစုခဲ့သူဖြစ်သည်။
”အမေရိကန်မှာက နယ်စပ်ဂိတ်တွေမှာ ဒါနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့သူတွေ ရှိတယ်။ ဓာတ်ခွဲခန်းတွေလည်း ထားတယ်။ ထားပြီး တစ်ခါတည်းစစ်ပြီးတော့ တွေ့ရင် အဝင်ကို မခံတာမျိုး ရှိတယ်။ လူအင်အားရော၊ နည်းပညာ အင်အားရောသုံးပြီး ကြပ် ကြပ်မတ်မတ်လုပ်ဆောင်တယ်”ဟု ဆိုသည်။
IAS များသည် ရွှေ့ပြောင်းအခြေချမည့်သူများ၊ က္ဘာ လှည့်ခရီးသည်များမှတစ်ဆင့် မရည်ရွယ်ဘဲ ပါလာနိုင်သကဲ့သို့ သုတေသန၊ ဆေးဝါး၊ အလှဆင်ပစ္စည်းများ၊ စိုက်ပျိုးရေး၊ သစ် တော၊ ဇီဝဗေဒအရ ထိန်းချုပ်ရန်နှင့် စက်မှုလုပ်ငန်းတို့တွင် အသုံး ပြုရန် ရည်ရွယ်ချက်ဖြင့် တင်သွင်းမှုကြောင့် IAS များ ရောက်ရှိ လာနိုင်သည်ဟု နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူ ဟာနှင့်လုပ်ငန်းစီမံချက် (၂ဝ၁၅-၂ဝ၂ဝ)တွင် ဖော်ပြထားသည်။
ထို့ကြောင့် အပင်၊ သတ္တဝါမျိုးစိတ်တစ်ခုကို တင်သွင်းမည် ဆိုပါက ကောင်းကျိုးကိုသာမက သက်ရောက်နိုင်သည့် ဆိုးကျိုး ကိုလည်း လေ့လာသုံးသပ်ပြီးမှ တင်သွင်းသင့်သည်ဟု ကျူး ကျော်မျိုးစိတ်ပညာရှင် ဒေါ်ဝေဝေသန်းက ဆိုပါသည်။ ထို့အတွက် သက်ဆိုင်ရာ ဌာနပေါင်းစုံပါဝင်သည့် အဖွဲ့အစည်းတစ်ခု ဖွဲ့စည်း ကာ ယင်းအဖွဲ့မှ လေ့လာသုံးသပ်မှုများ လုပ်သင့်သည်ဟု သူက အကြံပြုသည်။
IAS များကြောင့် သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေး အပေါ် ထိခိုက်မှုနည်းပါးစေရန်နှင့် အရင်းအမြစ်များကို အကောင်း ဆုံးအသုံးပြုနိုင်ရန် ၁ဝ နှစ်သက်တမ်းရှိ နိုင်ငံအဆင့် စီမံချက်ကို သစ်တောဦးစီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့မှ ဦးဆောင်ပြီး ၂ဝ၁၉ မတိုင်မီ အပြီးသတ် ရေး ဆွဲအတည်ပြုသွားမည်ဟု နိုင်ငံအဆင့်ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့်လုပ်ငန်းစီမံချက် (၂ဝ၁၅-၂ဝ၂ဝ)တွင် ဖော်ပြ ထားသည်။
သို့သော် ၂ဝ၁၈ နှစ်ဝက်ကျိုးလာချိန်အထိ ယင်းစီမံချက်ကို ရေးဆွဲနိုင်ခြင်း မရှိသေးဟု သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်က ဆိုသည်။
”မျှော်မှန်းချက်တွေတော့ရှိတာပေါ့။ လုပ်သင့်တာပေါ့။ ဒါပေမဲ့ ကိုယ့်နိုင်ငံရဲ့ အခြေအနေနဲ့ လုပ်ငန်းပေါင်းစုံကလည်း ရှိ တယ်၊ နည်းပညာရပ်ပိုင်းဆိုင်ရာလည်း အားနည်းမှုတွေ ရှိတော့ မလုပ်နိုင်သေးဘူးပေါ့” ဟု လက်ရှိအခြေအနေကို သူက ရှင်းပြသည်။
နိုင်ငံအဆင့် IAS စီမံချက်ရေးဆွဲမည်ဆိုပါက သက်ဆိုင် ရာဌာနများ၊ တက္ကသိုလ်အသီးသီးမှ ပညာရှင်များ၊ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ၊ ပြည်သူများအားလုံး ပါဝင်ရေးဆွဲ သင့်သည်ဟု ဗြဃြဗ မှ ဦးသော်ဖြိုးရွှေက အကြံပြုသည်။
”ရေးဆွဲတဲ့နေရာမှာလည်း နေရာဒေသပေါင်းစုံ၊ ဥပမာ-တောင်ပေါ်၊ မြေပြန့်၊ ပင်လယ်ဒေသမကျန် လွှမ်းခြုံနိုင်တဲ့ ကောင်းမွန်တဲ့ စီမံချက်ဖြစ်ဖို့လိုတယ်”ဟု အကြံပြုသည်။
ပြီးခဲ့သည့် မေလက ထုတ်ပြန်ခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်း ဆိုင်ရာ ဥပဒေတွင် ပြည်ပမှ တင်သွင်းလာသည့် မျိုးစိတ်များနှင့် ပတ်သက်သည့် အချက်တစ်ခု ထည့်သွင်း ပြဋ္ဌာန်းထားသည်။
ပြည်ပမှ တင်သွင်းလာသည့် တောရိုင်းတိရစ္ဆာန်၊ သဘာဝ အပင်၊ မျိုးရိုးဗီဇ ပြုပြင်ထားသည့် တိရ္ဆာန်၊ အပင်တို့တွင် ကူး စက်ရောဂါပိုး ပါဝင်ခြင်း၊ ဘေးအ္တရာယ်ဖြစ်စေသည့် ရောဂါပိုး၊ အဆိပ်အတောက်များပါဝင်ခြင်း၊ ပြည်တွင်းမျိုးများနှင့် မျိုးရိုးဗီဇ ရောယှက်စေနိုင်ခြင်း၊ ပြည်တွင်းမျိုးများ၏ မျိုးဆက်ပြန့်ပွားမှုကို ထိခိုက်စေနိုင်ခြင်းတို့ကို စစ်ဆေး တွေ့ရှိပါက ပြည်တွင်းသို့ ဆက် လက်သယ်ဆောင်ခွင့် တားမြစ်ခြင်း သို့မဟုတ် ဖျက်ဆီးနိုင် ကြောင်း ထည့်သွင်း ပြဋ္ဌာန်းထားသည်။
သို့သော် သယ်ဆောင် တင်သွင်းလာပြီးမှ တားမြစ်ခြင်း၊ ထိန်းသိမ်းခြင်း၊ ဖျက်ဆီးခြင်းတို့ ပြုလုပ်ခြင်းသည် ခက်ခဲပြီး သဘာဝအတွင်း ပျံ့နှံ့သွားပါက ပိုမို ထိန်းချုပ်ရခက်သည့်အတွက် ယင်းပြဋ္ဌာန်းချက်မှာ လုံလောက်ခြင်း မရှိဟု ဦးသော်ဖြိုးရွှေက ထောက်ပြသည်။
လူထု ပါဝင်ဖို့လို
ကျူးကျော်ဝင်ရောက်လာသည့်မျိုးစိတ်များကို ကာကွယ် ရန် ဥပဒေများ လိုအပ်သကဲ့သို့ ပြည်သူလူထုမှ ပူးပေါင်းပါဝင်ရန် လိုအပ်သည်ဟု ပညာရှင်များက ဆိုသည်။
”ဆိုးကျိုးပေးတော့မှ ဒေသခံကသိတာ၊ သိတယ်ဆိုတာ တောင် ပြည်ပက ရောက်လာတဲ့ မျိုးစိတ်ဆိုတာ သိသေးတာ မဟုတ်ဘူး။ သူတို့ရဲ့ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကျန်းမာရေး ပိုင်းတွေ ထိခိုက်လာတော့မှ သိရတာမျိုးပါ။ ဒီတော့ ပြည်သူ လူထုကို အသိပညာပေးဖို့ အရေးကြီးတယ်” ဟု ဦးသော်ဖြိုးရွှေ က ဆိုသည်။
ဒေသခံများက ထူးခြားသည့် မျိုးစိတ်များကို သတိပြုမိ သည်နှင့် တစ်ပြိုင်နက် သက်ဆိုင်ရာ အစိုးရဌာနသို့ အမြန်ဆုံး အကြောင်းကြားရန်လိုအပ်ပြီး ဌာနဆိုင်ရာမှလည်း အရေးယူ ထိန်းချုပ်မှုများကို လျင်လျင်မြန်မြန် လုပ်ဆောင်ရန် လိုသည်ဟု ဦးသော်ဖြိုးရွှေက အကြံပြုသည်။
သစ်တောဦးစီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါ်ဝေဝေသန်းက IAS များ၏ အ္တရာယ်ကို ပြည်သူလူထုက မသိရှိကြသလို စိတ်ပါဝင်စားမှု အားနည်းသည်ဟု ဆိုသည်။
ပြည်သူများ စိတ်ဝင်စားမှု မြင့်တက်လာစေရန် အသိပညာ ပေး လက်ကမ်းစာစောင်ဝေရုံမျှဖြင့် မလုံလောက်ဘဲ ပြည်သူများ အား ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်းများ ပြုလုပ်သင့် သည်ဟု သဘာဝပတ်ဝန်းကျင်ပညာရှင်များက ဆိုသည်။
IAS များနှင့် ပတ်သက်ပြီး စိတ်ဝင်စားဖွယ် အစီအစဉ်များ ကို ကျောင်းများတွင် ထည့်သွင်း ပြုလုပ်ပေးခြင်းဖြင့် ကလေး ငယ်များအား ကျူးကျော်မျိုးစိတ်ဆိုင်ရာ အသိပညာပေးမှုများ ပြုလုပ်သင့်သည်ဟု ဒေါ်ဝေဝေသန်းက အကြံပြုသည်။
IAS များ၏ အ္တရာယ်ကို သေချာမကိုင်တွယ်နိုင်ပါက လူမှုရေး၊ စီးပွားရေးပါ ထိခိုက်နိုင်သည့် သာဓကများအနက် စပါး ပင်များကို ဖျက်ဆီးနေသည့် ရွှေခရုက ထင်ရှားသည့် သာဓက တစ်ခု ဖြစ်သည်။ တောင်အမေရိကတိုက်ဇာတိ ရွှွှွှေခရုကို ၁၉၈ဝ ခုနှစ်များတွင် ထိုင်ဝမ်သို့ တင်သွင်းလာခဲ့ပြီး ထိုမှတစ်ဆင့် အရှေ့ တောင်အာရှတွင် တဖြည်းဖြည်း ပျံ့နှံ့လာပြီး စပါး၏ အဓိက ဖျက် ပိုးတစ်မျိုး ဖြစ်လာခဲ့သည်။
၁၉၉၅ တွင် ဖိလစ်ပိုင်၌ ရွှေခရုကြောင့် စပါးစိုက်ဧရိယာ ဟက်တာ ရှစ်သိန်း (ဧက ၁၉ သိန်းကျော်) ပျက်စီး ဆုံးရှုံးခဲ့သည်ဟု Global Invasive Species Database တွင်ဖော်ပြထားသည်။
လွန်ခဲ့သည့်ဆယ်နှစ်ကတည်းက ရွှေခရုသည် မြန်မာနိုင်ငံ သို့ ရောက်လာခဲ့သည်။ ပြီးခဲ့သည့်နှစ်က ရွှေခရုကြောင့် မြန်မာ့ စပါးကျီဟု တင်စား ခေါ်ဝေါ်ကြသည့် ဧရာဝတီတိုင်းတွင် စပါး တင်းပေါင်း ငါးသောင်းကျော် အထွက်နှုန်း လျော့နည်းခဲ့သည်။ (မော်ကွန်း မဂ္ဂဇင်း အတွဲ ၅၂ တွင် ‘ခရုနှင့် စစ်ခင်းခြင်း’ဆောင်း ပါးကို ဖော်ပြခဲ့ပြီး ဖြစ်သည်။)
အချက်ပေးခေါင်းလောင်း ထိုးနေပြီဖြစ်သည့် ကျုးကျော် မျိုးစိတ်များအ္တရာယ်ကို မကိုင်တွယ်ဘဲ လျစ်လျူရှုထားပါက ရေ ရှည်တွင် ‘ပိုမိုဆိုးရွားသည့် အကျိုးဆက်များ’ကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ပညာရှင်များက သတိပေး သည်။ အဆိုးဆုံးအချက်ကိုတော့ ကျူးကျော်မျိုးစိတ်ပညာရှင် ဒေါ်ဝေဝေသန်းက ယခုလိုဆိုသည်။
”ကျူးကျော်ဝင်ရောက်လာတဲ့ မျိုးစိတ်ကြောင့် ကိုယ့်မျိုး စိတ် ပျောက်ကွယ်သွားတတ်တယ်”
#Hay Man Pyae
#MawKunMagazine
#၂ဝ၁၈ သြဂုတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၇) မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

