ကော်သူးလေဒေသ နေရာတချို့မှာ ခွေးနာရောဂါအဖြစ်များနေ

ကော်သူးလေဒေသ နေရာတချို့မှာ ခွေးနာရောဂါအဖြစ်များနေ

ကော်သူးလေ – ၂၀၂၄ ဇူလိုင် ၂၁ (မော်ကွန်း)

ကော်သူးလေဒေသ နေရာတချို့မှာ ခွေးတွေအများစုဟာ ဒစ်စတမ်ဘာဗိုင်းရပ်စ် (Distemper Virus)ဆိုတဲ့ ရောဂါပိုးကူးစက်ခံနေရပြီး သေဆုံးမှုများပြားနေတာ တွေ့ရပါတယ်။

ရောဂါကူးစက်ခံရတဲ့ ခွေးတွေဟာ အသက်ရှူလမ်းကြောင်းအခက်အခဲဖြစ်လာရာကနေ အစာမစားတော့ဘဲ အားပြတ်ပြီး သေဆုံးကြတာများပါတယ်။

ဒေသတွင်းနေရာတော်တော်များများမှာ ရောဂါပိုးကူးစက်ခံထားရတဲ့ ခွေးတွေကို လမ်းမတွေပေါ်မှာ အားအင်ချိနဲ့နေတဲ့အနေအထားနဲ့တွေ့နေရတာပါ။

စီဒီအမ် တိရစ္ဆာန်ဆရာဝန်တစ်ဦးကတော့ ဒစ်စတမ်ဘာဗိုင်းရပ်စ် (Distemper Virus) ကူးစက်ခံရတာဟာ ခွေးတွေကို ကာကွယ်ဆေးမထိုးထားလို့ ဖြစ်ပြီး လူကိုတော့ ကူးစက်နိုင်တဲ့အဆင့်မရှိဘူးလို့ ပြောပါတယ်။

ခွေးအချင်းချင်းကူးစက်မှုမြန်ဆန်သလို သေဆုံးမှုလည်းမြန်တဲ့ ရောဂါဖြစ်ပြီး ကူးစက်ခံရတဲ့ခွေးတွေဟာ အသက်ရှူကျပ်တာ၊ မျက်ရည်၊ မျက်ဝတ်တွေ၊ နှာရည်တွေပိတ်ဆို့တာ၊ အသက်ရှူရခက်တဲ့ လက္ခဏာတွေပြပါတယ်။

စီဒီအမ် တိရစ္ဆာန်ဆရာဝန်ကတော့ ပြင်းထန်တဲ့ရောဂါဖြစ်ပြီး အသက်ရှူလမ်းကြောင်း၊ အစာချေစနစ်နဲ့ အာရုံကြောစနစ်တွေကို ထိခိုက်စေတယ်လို့ဆိုပါတယ်။

ပုံစာ – လမ်းမပေါ်က ခွေးနာထိနေတဲ့ ခွေးများ
ဓါတ်ပုံ – Mawkun Magazine

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."