ဒီမော့ဆို – ၂၀၂၁ ဇွန် ၁၇ (မော်ကွန်း)
အာဏာသိမ်းစစ်အုပ်စု၏ ပစ်ခတ်မှု၊ အရပ်သားနေအိမ်ရပ်ကွက်များသို့ လက်နက်ကြီးများပစ်ခတ်မှုအပါအဝင် ဖမ်းဆီး ပစ်ခတ်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် တောတွင်းမှ ကရင်နီပြည်သူများ မြင်ကွင်းဖြစ်ပါသည်။
ရေသန့်၊ ဆေးဝါးများ၊ အစားအစာများ၊ မိုးကာဖျင်များ၊ အမျိုးသမီးလစဉ်သုံးဂွမ်းထုပ်များနှင့် အဝတ်အထည်များ လိုအပ်နေသည့် စစ်ရှောင်စခန်းများရှိ ပြည်သူအရေအတွက်သည် တစ်သိန်းကျော်ရှိနေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဇွန်လအတွင်း ထုတ်ပြန်ထားသည်။
ဓါတ်ပုံ – CJ
#Dailynews

