မြေပုံ- ၂၀၂၄ အောက်တိုဘာ၂၅ ( မော်ကွန်း)
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့က စစ်ဘေးရှောင်တွေဟာ အလှူရှင်နည်းပါးတာကြောင့် စားဝတ်နေရေး ခက်ခဲနေကြတယ်လို့ အဲဒီက စစ်ဘေးရှောင်စခန်း တာဝန်ခံက ပြောပါတယ်။
” အရင်တုန်းကတော့ နိုင်ငံခြားမှာရောက်နေတဲ့ ကိုယ့်မြို့က ကလေးတွေဆီက လစဉ်အလှူငွေတွေ ထည့်ပေးတယ်။ မတတ်သာတဲ့အဆုံး မြို့ခံတွေဆီက အလှူထည့်တယ်။ အဲဒါလေးတွေနဲ့ လည်ပတ်နေတာ။ အခု အင်တာနက်တွေလည်း ပြတ်သွားတော့ အဆက်သွယ်တွေပြတ်သွားကြတယ်။ ဆန်တခုတည်းကိုတောင် လောက်လောက်ငှငှ မပေးနိုင်တော့ဘူး” လို့ စခန်းတာဝန်ခံက ပြောပါတယ်။
ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၂၅၆ စု၊ လူဦးရေ ၁,၁၀၀ ကျော်ရှိပြီး ကမ်းထောင်းကြီးနဲ့ အမ်းမြို့နယ်က ဒေသခံတွေ ခိုလှုံနေကြတာဖြစ်ပါတယ်။
အရင်က စစ်ဘေးရှောင်တွေအတွက် အိမ်ထောင်စုတစ်စုကို တစ်ရက်ဆန်တစ်ပြည်နှုန်းကျ ထောက်ပံ့ပေးခဲ့ပေမယ့် လက်ရှိမှာ ငွေကြေးခက်ခဲလာတာကြောင့် ဆန်နို့ဆီဘူးနှစ်ဘူးနှုန်းသာ ပေးနိုင်တော့တယ်လို့လည်း စစ်ဘေးရှောင်စခန်းတာဝန်ခံက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုတွေကြောင့် မြို့ခံတွေဟာ ဘေးလွတ်ရာနေရာတွေဆီကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့အတွက် အလုပ်အကိုင်ရှားပါးကာ စားဝတ်နေရေးကျပ်တည်းမှုကို ပိုမိုခံစားနေကြရတယ်လို့ အဲဒီက စစ်ဘေးရှောင်တချို့က ပြောပါတယ်။
” စစ်ဘေးရှောင်စခန်းကပေးတဲ့ ဆန်နဲ့မဝတော့ အပြင်ထွက်ပြီး ကြုံရာကျပန်းအလုပ်တွေ လိုက်ရှာရတယ်။ ဒါပေမဲ့ မြို့ထဲမှာလည်း လူတွေက သိပ်မရှိကြတော့ အလုပ်ကမရှိဘူး။ ဒါကြောင့် ထမင်းကို မဝရေစာလေးစားပြီး နေရတယ်။ ကိုယ်က အငတ်ခံနိုင်ပေမဲ့ သားသမီးတွေ အငတ်ခံနေရတာကိုတော့ ကြည့်ပြီးစိတ်မကောင်းဘူး” လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်က ကမ်းထောင်းကြီးမြို့ထဲကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၁၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့ကာ ငါးဦးဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကမ်းထောင်းကြီးမြို့ခံတွေဟာ မြို့ထဲမှာမနေရဲကြတော့ဘဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြတာ ဖြစ်ပါတယ်။ လက်ရှိမှာ မြေပုံမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော်(AA)က သိမ်းဆည်းထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။
ပုံစာ- ကမ်းထောင်းကြီးမြို့က စစ်ဘေးရှောင်စခန်း။
ဓါတ်ပုံ- မော်ကွန်း
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

