၂ဝ၁၈၊ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၉)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
စီဇံမျိုးကျော် ရေးသည်။
ရန်ကုန် (နိုဝင်ဘာ၊ ၂၀၁၈)
မမေမဒီခင်တစ်ယောက် ညဘက် ဖုန်းသုံး နေရင်း အွန်လိုင်းကသတင်းတစ်ခုကို မြင်မိ လိုက်ရတဲ့အချိန်မှာ သွေးဆောင့်တိုးသွား တာကြောင့် ဖုန်းကိုပစ်ချပြီး အိပ်ရာထဲ ခဏလောက် လှဲချလိုက်ရပါတယ်။ ခဏ နေတော့ အမျိုးသားဖြစ်သူ လာတိုက်တဲ့ သွေးတိုးကျဆေးကို သောက်ရင်း ကြားရတဲ့ သတင်းကို မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရတယ်။
သူ ရင်းနှီးမြှုပ်နှံထားတဲ့လုပ်ငန်းက ပိုက်ဆံတွေ လိမ်လည်ထွက်ပြေးသွားပြီ ဆိုတဲ့ သတင်းကြောင့် အခုလို ဖြစ်သွား တာပါ။ အဲဒီလုပ်ငန်းမှာ စုစုပေါင်း ငွေ ကျပ်သိန်း ၂၅၀ နီးပါး မမေမဒီခင် တစ် ယောက် ရင်းနှီးထားတာပါ။ သူ အနှစ်နှစ် အလလ စုဆောင်းထားတဲ့ ငွေတွေ ဆုံး ရှုံးခဲ့တဲ့အပြင် သူနဲ့ ရင်းနှီးတဲ့သူတွေကို လည်း သူအာမခံပြီး အဲဒီလုပ်ငန်းထဲ ငွေ ထည့်ဝင်ခိုင်းတာတာတွေပါ စိုက်လျော်ရ တော့မှာပါ။
““ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ် ကုန်တာ။ ဒီပိုက်ဆံက အစ်မတို့အတွက်က အများကြီးပဲလေ။ တစ်ညလုံး အိပ်လို့မရ တော့ဘူး။ နောက်နေ့ လုံးဝပြန်မရနိုင် တော့ဘူးဆိုတာ သိတဲ့အချိန်မှာ စိတ် ဓာတ်ကျ အိပ်ရာထဲလဲတော့တာပဲ””လို့ သူက အဲဒီအချိန်က ပူဆွေးမှုကို ပြန်ပြော ပြတယ်။
သူစုဆောင်းထားသမျှတွေကို ထုခွဲ ရောင်းချပြီး အကြွေးတွေဆပ်ခဲ့ရကာ ““လက်ထဲမှာ တစ်ပြားမှမရှိတော့လောက် အောင် ဖြစ်သွားတာ””လို့ သူက ဆိုပါတယ်။
မမေမဒီခင်ဟာ အိမ်ခြံမြေရောင်း ဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ သူတစ် ယောက် ဖြစ်ပြီး ပြီးခဲ့နှစ်လယ်လောက်က အွန်လိုင်းပေါ်ကနေ ရှယ်ယာခေါ်တဲ့ JUDE JUDE လုပ်ငန်းစုအကြောင်းကို ဖေ့စ် ဘွတ်ခ်ပေါ်ကနေ တွေ့ပြီး ရှယ်ယာဝင် လိုက်မိတာပါ။ JUDE JUDE လုပ်ငန်းစုဟာ သူတို့ရဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမယ် ဆိုရင် တစ်လကို ရင်းနှီးမြုပ်နှံတဲ့ငွေရဲ့ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ အတိုးပေးမယ်လို့ သူ့ကို ပြောခဲ့ပါတယ်။
မဝင်ခင်ကတည်းက ဖေ့စ်ဘွတ်ခ် ပေါ်မှာ အဲဒီလုပ်ငန်းစုအကြောင်းကို သူ လေ့လာခဲ့သလို အဲဒီလုပ်ငန်းပိုင်ရှင်ကို လည်း မက်ဆင်ဂျာကတစ်သွယ် ဖုန်းနဲ့ တစ်မျိုး ဆက်သွယ်စုံစမ်းပါတယ်။ ဟို ဘက်ကလည်း သူယုံအောင် ပြောဆိုတာ ကြောင့် သူနေထိုင်တဲ့ ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နယ်ကနေ ရန်ကုန် မြို့မှာရှိတဲ့ ဗဟန်းမြို့နယ်က ကုမ်္ပဏီကို လာရောက်ပြီး ရှယ်ယာဝင်ဖို့ စာချုပ်ချုပ် ဆိုခဲ့ပါတယ်။
ရှယ်ယာထည့်စကတော့ ငွေနည်း နည်းနဲ့ပဲ စတင်ခဲ့ပေမယ့် မကြာခင်မှာပဲ အဲဒီကုမ်္ပဏီက လုပ်ငန်းတွေ၊ ဆိုင်တွေ အမျိုးမျိုးပြပြီး ငွေတွေ ထပ်ထည့်ဖို့ စည်း ရုံးပါတယ်။ တီဗီမှာလည်း ထင်ရှားတဲ့ ရုပ်သံလိုင်းတစ်ခုကနေ အဲဒီကုမ်္ပဏီက ဖွင့်တဲ့ ဆိုင်ဖွင့်ပွဲတွေကို မြင်တွေ့ရတာ ကြောင့် သူလည်းယုံကြည်ပြီး သူ့ငွေတွေ အပြင် ရင်းနှီးသူတွေကိုပါ ဖိတ်ခေါ်ပြီး ရှယ်ယာတွေ ထပ်ထည့်ခဲ့ပါတယ်။
သူ ရှယ်ယာဝင်ပြီး သုံးလအထိ အမြတ်ငွေပုံမှန်ရပါသေးတယ်။ ဒါပေမဲ့ အဲဒီအမြတ်ငွေတွေကိုလည်း အဲဒီလုပ် ငန်းထဲ ပြန်ထည့်ဖို့ စည်းရုံးတာနဲ့ ထပ် ထည့်လိုက်ပါတယ်။ ငါးလအကြာမှာတော့ အဲဒီကုမ်္ပဏီပိုင်ရှင်လည်း ထွက်ပြေးသွား ခဲ့ပြီး သူတို့ငွေတွေလည်း ဆုံးရှုံးခဲ့ရပါ တော့တယ်။
အွန်လိုင်းပေါ်မှာ လုပ်ငန်းတွေကို ဟန်ပြ၊ ရှယ်ယာတွေခေါ်တဲ့ လုပ်ငန်းတွေ ကို ပွန်ဇီလို့ခေါ်ကြပြီး လည်ပတ်တဲ့ ငွေ ကြေးများလာတဲ့အခါ လိမ်လည်ထွက် ပြေးသွားတဲ့သူတွေကို တရားဥပဒေနဲ့ ထိ ထိရောက်ရောက် အရေးမယူနိုင်သေးဘူး လို့ ဥပဒေပညာရှင်တွေနဲ့ အရပ်ဘက် စောင့်ကြည့်ရေးအဖွဲ့တွေက ပြောကြ ပါတယ်။
လုပ်ငန်းဟန်ပြ ရှယ်ယာခေါ်ပြီး ငွေ ကြေးအရှုပ်အရှင်းဖြစ်တဲ့ အမှုတော်တော် များများကို ရှေ့နေလိုက်ပေးနေတဲ့ တရား လွှတ်တော်ရှေ့နေ ဦးနေစည်သူဇော်က ““အဓိကကတော့ လူတွေက စာဖတ်အား နည်းပြီး ဗဟုသုတနည်းတယ်။ နောက် တစ်ချက်က ဥပဒေပိုင်းပေါ့။ ဒီလိုကိစ်္စတွေ ဖြစ်လာတဲ့အခါ အရေးယူရမယ့် သီး ခြားပေါ့နော် သီးသန့်ဥပဒေ ပြဋ္ဌာန်းထား တာမရှိတဲ့အတွက် ဒီလိုလုပ်တဲ့သူတွေက ပိုပြီး အတင့်ရဲလာတယ်””လို့ ပြောပါတယ်။
MULTI LEVEL MARKETING လုပ် ငန်းတွေနဲ့ အွန်လိုင်းပေါ်က လုပ်ငန်းဟန်ပြ လိမ်လည်တဲ့(Ponzi Scheme)တွေကို စောင့်ကြည့်လေ့လာနေတဲ့ ANTI MLM အဖွဲ့ရဲ့ ဦးဆောင်သူ ကိုဇင်ဇေလွင်ရဲ့ အဆို အရ JUDE JUDE လုပ်ငန်းစုရဲ့ ဖြစ်ရပ်မှာ လူပေါင်း ၁,၅၀၀ကျော်ရဲ့ ငွေပေါင်း ကျပ်ရှစ်ဘီလီယံနီးပါး ဆုံးရှုံးခဲ့တယ်လို့ ဆိုရပါတယ်။
ကိုဇင်ဇေလွင်ဟာ JUDE JUDE လုပ်ငန်းစုရဲ့ပိုင်ရှင် လူမြင်ကွင်းကနေ တိမ်းရှောင်သွားတဲ့အချိန်မှာ နစ်နာခဲ့တဲ့ ရှယ်ယာရှင်တွေကို စုစည်းပြီး တရားရင် ဆိုင်ဖို့ ဥပဒေပညာရှင်တွေနဲ့ တွေ့ဆုံပေး တာ၊ သတင်းစာရှင်းလင်းပွဲတွေ ပြုလုပ် ပေးတာ၊ နစ်နာခဲ့တဲ့ ရှယ်ယာရှင်တွေ အချင်းချင်း ဆွေးနွေးတိုင်ပင်နိုင်ဖို့ ဖေ့စ် ဘွတ်ခ်ပေါ်မှာ အဖွဲ့ ဖွဲ့ပေးတာ၊ နစ်နာသူ တွေနဲ့ သူတို့ဆုံးရှုံးခဲ့တဲ့ ငွေကြေးပမာဏ ကို စာရင်းပြုစုတာစတာတွေ လုပ်ပေးခဲ့ တဲ့သူတစ်ယောက်ပါ။
လုပ်ငန်းဟန်ပြလိမ်လည်မှုဆိုတာ ဘာလဲ
ဗညအင MLM အဖွဲ့က ကိုဇင်ဇေလွင် ကတော့ လုပ်ငန်းဟန်ပြ လိမ်လည်မှုဆို တာဟာ မနေ့တစ်နေ့ကမှ ပေါ်ပေါက်လာ တဲ့ လိမ်လည်မှု ပုံစံမဟုတ်ဘဲ ၂၀ ရာစုနှစ် အစပိုင်းက စတင်ခဲ့တဲ့ လိမ်လည်မှုပုံစံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Photo-Jude Jude လုပ်ငန်းစုသတင်းနှင့် ဆွေးနွေးချက်များ FB Group တရားစွဲဆိုခံထားရသည့် Jude Jude လုပ်ငန်းစု
၁၉၂၀ မှာ အီတလီလူမျိုး CHARLES PONZI ဆိုတဲ့ လူတစ်ဦးက အမေရိကန် နိုင်ငံမှာစတင် လုပ်ဆောင်ခဲ့တဲ့ ဏသညဖင ှခ့နာန လို့ခေါ်တဲ့ ပိရမစ်ပုံစံ လိမ်လည်မှု ဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ လူတစ် ယောက်က သူ့မှာ စီးပွားရေးလုပ်ငန်းတစ် ခု ရှိကြောင်းနဲ့ အဲဒီလုပ်ငန်းမှာလာ ရောက်ရင်းနှီးမြှုပ်နှံပါက ရင်းနှီးငွေရဲ့ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းထိ အမြတ်များပေးမယ်ဆိုပြီး ရှယ်ယာရှင် တွေကို ဆွဲဆောင်ပါတယ်။
ဥပမာ-လူတစ်ယောက်က ရင်းနှီး မြှုပ်နှံသူနှစ်ဦးကို သူ့ဆီမှာ ငွေတစ်သိန်းစီ ရင်းနှီးမြှုပ်နှံပါက တစ်လကုန်ရင် ရင်းနှီး မြှုပ်နှံမှုရဲ့ အမြတ်အဖြစ် သုံးသောင်းပြန် ပေးမည်ဆိုပြီး သူပိုင်ငွေခြောက်သောင်း ကို ရင်းလိုက်ပါတယ်။ အဲဒီ ပထမရင်းနှီး မြှုပ်နှံသူနှစ်ဦးကို အခြားလူ ၁၀ ယောက် ထပ်မံ ဆွဲဆောင်ခိုင်းလိုက်ပါတယ်။အဲဒီ ၁၀ ယောက်ထဲက ငါးယောက်က စိတ်ဝင် စားပြီး လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ငွေငါး သိန်းနဲ့ နောက်လတွေမှာ ပထမဆုံး ရင်း နှီးမြှုပ်နှံတဲ့သူနှစ်ဦးကို အမြတ်ပေးလိုက် ပါတယ်။
အဲဒီလိုနည်းနဲ့ တစ်ဆင့်ပြီးတစ်ဆင့် လူသစ်ရှာခိုင်းလေ့ရှိပါတယ်။ ဒါပေမဲ့ သူ တို့မှာ အမှန်တကယ် ဝင်ငွေရှိတဲ့ လုပ်ငန်း မယ်မယ်ရရမရှိဘဲ နောက်လူတွေရဲ့ ရင်း နှီးမြှုပ်နှံမှုငွေတွေနဲ့ အရင်လူတွေကို အမြတ်ငွေပေးတဲ့ ပိရမစ် ပုံစံလုပ်ငန်း တွေပဲ ဖြစ်ပါတယ်။
အရင်ဆုံး ရင်းနှီးမြှုပ်နှံသူတွေက သူတို့ရဲ့ အရင်းတွေ ပြန်လည်ထုတ်ယူမှု များလာပြီး နောက်ထပ် ရင်းနှီးမြှုပ်နှံသူ တွေ နည်းလာတဲ့အခါ ANTI MLM ပုံစံ လုပ်ငန်းတွေဟာ လည်ပတ်ရ ခက်ခဲ လာပြီး ပြိုလဲသွားတတ်ပါတယ်။ အဲဒီလို ပြိုလဲတဲ့အခါ အရင်ဦးဆုံး ပါဝင်ခဲ့တဲ့သူ တွေက ဆုံးရှုံးမှုနည်းပါးပြီး နောက်ပိုင်းမှ ပါဝင်သူတွေက ငွေကြေးဆုံးရှုံးမှု များ ပြားလေ့ ရှိတယ်လို့ ကိုဇင်ဇေလွင်က ဆို ပါတယ်။
ဒီလုပ်ငန်းတွေဟာ စတင်တည် ထောင်ကတည်းက လုပ်ငန်းရဲ့ တကယ့် အမြတ်ကနေ အကျိုးအမြတ် ပြန်ပေးနေ တာ မဟုတ်ဘဲ နောက်ထပ် ရင်းနှီးမြှုပ်နှံ လာတဲ့ လူသစ်တွေရဲ့ ငွေတွေကို ရှေ့လူ တွေကို အမြတ်အဖြစ် ဖဲ့ဖဲ့ပေးနေတာ ဖြစ်ပြီး စတင်တည်ထောင်ကတည်းက မရိုးသားတဲ့ ရည်ရွယ်ချက်တွေရှိနေတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ဥပဒေရေးရာအကြံပေး ဦးဖိုးဖြူက အဲဒီလုပ်ငန်းတွေဟာ ““FOR SHOW (ဟန်ပြ) အနေနဲ့ ရုံးခန်းတွေဘာတွေ ဖွင့် ကောင်းဖွင့်ထားနိုင်တယ်၊ ခမ်းခမ်းနား နားလည်း ဖြစ်ကောင်းဖြစ်မယ်။ အဲဒီလို ဖန်တီးပြီး လူတွေကို အရင်းအနှီးတွေ ထည့်ဝင်လာအောင်ဆွဲဆောင်တာပါပဲ။ ပုံ မှန်မဟုတ်တဲ့ အတိုးနှုန်းတွေကိုလည်း မက်လောက်အောင် ပေးတတ်ကြပါသေး တယ်””လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာတော့ အဲဒီလို လုပ် ငန်းတွေဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က တည်းက စတင်လာခဲ့ပြီး မဟာဓနံ၊ ဧရာ မြေ၊ ARROW၊ မြန်မာကျုံယွင်၊ သစ်္စာပန်း ခင်း၊ လင်းသစ်္စာ စတဲ့ လုပ်ငန်းတွေရဲ့ လိမ် လည်မှုတွေကြောင့် ပြည်သူတွေရဲ့ ငွေ ကြေးဆုံးရှုံးမှုတွေ ဖြစ် ခဲ့တဲ့ ဖြစ်ရပ်များစွာ ရှိခဲ့တယ်လို့ ကိုဇင်ဇေလွင်က ပြော ပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးသန်း ဇော်အောင်ကလည်း ဧရာမြေ၊ သစ်္စာပန်း ခင်း စတဲ့လုပ်ငန်းတွေဟာ တစ်လကို အတိုးနှုန်း သုံးရာခိုင်နှုန်းကနေ ငါးရာခိုင် နှုန်းအထိ ပေးမယ်ဆိုပြီး ရှယ်ယာ ခေါ်ခဲ့ တယ်လို့ ဆိုပါတယ်။ တချို့လုပ်ငန်းတွေက သူတို့ရဲ့ လုပ်ငန်းတွေကို ရုပ်မြင်သံကြားမှာ ကြေညာခဲ့တာကြောင့် လူတွေ ယုံကြည် ခဲ့ကြတယ်လို့ ပြောပါတယ်။ ဘဏ်တိုးနှုန်း ဟာ တစ်လကို တစ်ရာခိုင်နှုန်းတောင် မပြည့်ချိန်မှာ အတိုးနှုန်းမြင့်မြင့်ပေးတဲ့ အဲဒီလုပ်ငန်းတွေကို လူတော်တော်များ များ ရင်းနှီးမြှုပ်နှံလိုက်ကြတယ်လို့ ဆို ပါတယ်။
ရင်းနှီးမြှုပ်နှံတဲ့သူတွေထဲမှာ လူ ငယ်တွေကစလို့ ပင်စင်စားတွေအထိ လူ တန်းစား အလွှာပေါင်းစုံပါခဲ့ကြတယ်။ နောက်ပိုင်းမှာတော့ အတိုးတွေ ပုံမှန် မပေးနိုင်တာတွေ ဖြစ်လာပြီး ရင်းနှီးမြှုပ်နှံ သူတော်တော်များများရဲ့ ငွေတွေ ဆုံးရှုံး ခဲ့ရတယ်လို့ ဦးသန်းဇော်အောင်က ဆို ပါတယ်။
၂၀၁၆ ကနေ ၂၀၁၈ အတွင်းမှာ တော့ ပြည်တွင်းကုမ်္ပဏီတွေသာမက ပြည်ပကနေ လာရောက်လုပ်ကိုင်တဲ့ MMM Global Myanmar/ Myanmar Junewell Global Company Saxon Capital Limited Coin Space Capital Limited Coin Space Onocoro Iga (iGloabalAds) စတဲ့ ကုမ္ပဏီတွေပါ လာရောက်လိမ်လည်ခဲ့ကြပြီး လိမ်လည်မှု တွေကြောင့် မြန်မာနိုင်ငံသားတွေ ပိုင် ဆိုင်တဲ့ ဒေါ်လာတွေ သန်းနဲ့ချီပြီး နိုင်ငံခြား ကို စီးဆင်းသွားတဲ့ ဖြစ်ရပ်တွေ ရှိခဲ့တယ် လို့ လုပ်ငန်းဟန်ပြ လိမ်လည်မှုတွေကို စောင့်ကြည့် လေ့လာနေတဲ့သူတွေက ဆိုပါတယ်။
အင်္ဂလန်နိုင်ငံ အခြေစိုက် SASON CAPITAL LIMITED ဆိုရင် အာဆီယံနိုင်ငံ တွေမှာ မြေအရောင်းအဝယ်၊ ရွှေ၊ ရေနံနဲ့ နိုင်ငံခြား ငွေရောင်းဝယ်တဲ့ ကုမ်္ပဏီဆိုပြီး မွန်ပြည်နယ်မှာ ရှယ်ယာခေါ်ခဲ့ပါတယ်။ သူတို့ဆီမှာ ရှယ်ယာဝင်ရင် တစ်ပတ်ကို ရင်းနှီးမြှုပ်နှံငွေရဲ့ ၁၀ ရာခိုင်နှုန်းကို အမြတ်ပေးမယ်ဆိုတာကြောင့် မွန်ပြည် နယ်က လူတော်တော်များများ ရှယ်ယာ ဝင်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ အမြတ်မပေးနိုင်တော့ဘဲ ကုမ်္ပဏီပိတ်ပြီး ထွက်ပြေးတာကြောင့် လူတော်တော်များ များရဲ့ ငွေတွေ ဆုံးရှုံးခဲ့ပြီး မွန်ပြည်နယ် လွှတ်တော်ထိ လာရောက်တိုင်ကြားကြတဲ့ ဖြစ်စဉ်တွေ ၂၀၁၇ နှစ်ဆန်းပိုင်းမှာ ဖြစ်ခဲ့ ပါတယ်။
ဘယ်လိုပုံစံတွေနဲ့ လိမ်ကြလဲ
ယခင် ဧရာမြေ၊ လင်းသစ်္စာစတဲ့ လုပ်ငန်းတွေ လိမ်လည်ခဲ့တဲ့ ဖြစ်စဉ်တွေ မှာတော့ မြန်မာနိုင်ငံမှာ အင်တာနက် ခေတ် မစားသေးတဲ့အတွက် လူလူချင်း တစ်ယောက်နဲ့ တစ်ယောက် ဆွယ်ကြ တာ၊ ရုပ်မြင်သံကြားက ကြော်ငြာတွေမှာ တွေ့ပြီး ရှယ်ယာဝင်ကြတာ များပါတယ် လို့ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော် အောင်က ပြောပါတယ်။
အခုအချိန်မှာတော့ ဖေ့စ်ဘွတ်ခ်လို လူမှုကွန်ရက်တွေ မြန်မာနိုင်ငံမှာ တွင် တွင်ကျယ်ကျယ် အသုံးပြုလာတာကြောင့် လုပ်ငန်း ဟန်ပြ ရှယ်ယာခေါ်တဲ့ လိမ်လည် မှုတော်တော်များများဟာ အဲဒီကနေ တစ် ဆင့် လိမ်လည်ကြတာ များတယ်လို့ ဒီ လုပ်ငန်းတွေကို စောင့်ကြည့်လေ့လာနေ တဲ့ အရပ်ဘက်စောင့်ကြည့် လေ့လာသူ တွေက ဆိုပါတယ်။
မော်ကွန်းက မေးမြန်းခဲ့တဲ့ လိမ် လည်ခံရသူ အယောက် ၂၀ နီးပါးကတော့ အွန်လိုင်း(ဖေ့စ်ဘွတ်ခ်)ကနေ အလိမ်ခံရ တာလို့ ဆိုကြပါတယ်။
လုပ်ငန်းဟန်ပြ ရှယ်ယာခေါ် လိမ် လည်သူတွေဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ အဖွဲ့တွေဖွဲ့ပြီး ရှယ်ယာခေါ်လေ့ရှိတယ်လို့ စောင့်ကြည့်လေ့လာသူတွေက ဆိုပါ တယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်များ ဆုံစည်းရာ၊ စီးပွားရေး လုပ်ငန်း လေ့လာလိုသူများ တွေ့ဆုံရာ၊ ချေးငွေလုပ်ငန်းစတဲ့ အများနဲ့ သက်ဆိုင် တဲ့အဖွဲ့တွေမှာ သူတို့ရဲ့ လုပ်ငန်းတွေကို ရှယ်ယာ ခေါ်လေ့ရှိသလို သူတို့ရဲ့ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ်အဖွဲ့လေးတွေ ဖွဲ့ပြီးတော့ လည်း လူဆွယ်လေ့ရှိတယ်လို့ ဆိုပါတယ်။
JUDE JUDE လုပ်ငန်းစုရဲ့ ငွေကြေး လိမ်လည်မှုဖြစ်စဉ်မှာလည်း JUDE JUDE လုပ်ငန်းစုရဲ့ ပိုင်ရှင်ဟာ သူ့ရဲ့ လုပ်ငန်းတွေ နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖေ့စ်ဘွတ်ခ်ပေါ်ကနေ တိုက်ရိုက် LIVE လွှင့်ပြီး ရှယ်ယာရှင်တွေနဲ့ စကားပြော လေ့ ရှိပါတယ်။ အဲဒီလို LIVE လွှင့်တဲ့ အချိန်မှာ သူ့ကိုထောက်ခံသူ အများ အပြား ရှိတယ်လို့ JUDE JUDE လုပ်ငန်းစု မှာ ရှယ်ယာ သိန်း ၆၀၀ လောက် ထည့် ဝင်ပြီး ဆုံးရှုံးခဲ့ရတဲ့ လုပ်ငန်းရှင်တစ်ဦး ဖြစ်သူ ဒေါ်မာမာထွန်းက ပြောပါတယ်။
JUDE JUDE လုပ်ငန်းစုရဲ့ ပိုင်ရှင် ဟာ နောက်ပိုင်းမှာလည်း စိန်ဆိုင်ဖွင့်ပွဲ တစ်ပွဲ ပြုလုပ်ပြီး ရုပ်သံလိုင်းမှာပါ ကြေ ညာခဲ့တာကြောင့် လူတွေရဲ့ ယုံကြည် ထောက်ခံမှုကို ပိုရလာတယ်လို့ ပြောပါ တယ်။ အဲဒီလို ထောက်ခံတဲ့သူတွေထဲမှာ အဲဒီလုပ်ငန်းတွေကို အရင်ဆုံးလုပ်ခဲ့သူ တွေက အတိုးမှန်မှန်ပေးကြောင်း တော် တော်များများထောက်ခံကြပြီး ရှယ်ယာ ဝင်သူတွေထဲမှာ ဆရာဝန်တွေ၊ အစိုးရဝန် ထမ်းတွေနဲ့ ပညာတတ်တွေလည်း ပါတာ ကြောင့် ယုံကြည်မိသွားတယ်လို့ ဒေါ်မာ မာထွန်းက ဆိုပါတယ်။
ဒေါ်မာမာထွန်းဟာရှေ့နေတစ်ဦးလည်းဖြစ်ပြီး မ်္တလေးမြို့မှာ ဟိုတယ် လုပ်ငန်း၊ အုတ်သဲကျောက်လုပ်ငန်းနဲ့ အလှဆင် ကျောက်ပြားလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူ့ ရဲ့ စီးပွားရေးအကျပ်အတည်းတစ်ခုကြောင့် သူပိုင်တဲ့ဟိုတယ်ကို ငှားလိုက်ရပါတယ်။ဟိုတယ်ငှားတာကနေ ရလာတဲ့ ငွေပိုတွေ ကို ရင်းနှီးမြှုပ်နှံမှုတစ်ခုလုပ်ဖို့ စဉ်းစားနေ တဲ့အချိန်မှာ ဖေ့စ်ဘွတ်ခ်ပေါ်ကနေ ရှယ် ယာ ခေါ်နေတဲ့ JUDE JUDE လုပ်ငန်းစုကို တွေ့ပြီး ရင်းနှီးမြှုပ်နှံလိုက်ရာကနေ သူ့ရဲ့ ငွေတွေ ဆုံးရှုံးခဲ့ရတယ်လို့ ပြောပါတယ်။

လိမ်လည်သူတွေဟာ သူတို့ရဲ့ကိုယ် ပိုင်ဖေ့စ်ဘွတ်ခ်အဖွဲ့တွေထဲမှာ သူတို့ရဲ့ လုပ်ငန်းတွေကို လာရောက်လေ့လာသူ တွေ ယုံကြည်အောင် သူတို့ကို ထောက်ခံ တဲ့ပို့စ်တွေတင်ဖို့ သူတို့ရဲ့ဆွေမျိုးသား ချင်းတွေ၊ နီးစပ်ရာ ရင်းနှီးသူတွေကို ထောက်ခံခိုင်းလေ့ရှိပါတယ်။ ထောက်ခံ သူတွေက လုပ်ငန်းတွေဟာ မှန်ကန် ကြောင်း၊ အတိုးမှန်မှန်ပေးကြောင်း၊ ယုံ ကြည်ရကြောင်း ပြောဆိုကြပြီး လေ့လာ သူတွေကို ငွေတွေ ရင်းနှီးမြှုပ်နှံချင်လာ အောင် ဆွဲဆောင်ကြတယ်လို့ လိမ်လည်ခံ ရသူ အချို့က ဆိုပါတယ်။
စီးပွားရေးနဲ့ပတ်သက်ပြီး ဗဟုသုတနည်း
အခုလို အလိမ်ခံနေကြရတာဟာ လူတွေရဲ့ လောဘကြောင့်လို့ ပြောကြပေ မယ့် အဓိကအကျဆုံးအချက်က စီးပွား ရေး ဆိုင်ရာ ဗဟုသုတတွေနည်းပါးတာနဲ့ အယုံလွယ်တာကြောင့်လို့ ငွေအလိမ်ခံရ သူတော်တော်များများကို ရှေ့နေလိုက် ပေးနေတဲ့ ရှေ့နေ ဦးနေစည်သူဇော်က ပြောပါတယ်။ အဲ့ဒီလို အလိမ်ခံရတဲ့သူ အများစုဟာ အမျိုးသမီးတွေ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။
ရန်ကုန်မြို့၊ မြောက်ဥက်္ကလာပ မြို့ နယ်က ရှယ်ယာခေါ်တဲ့အဝတ်အထည် လုပ်ငန်းတစ်ခုမှာ ကျပ်သိန်း ၇၀ ခန့် အလိမ်ခံခဲ့ရတဲ့ မွန်ပြည်နယ်က ပညာရေး ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဒေါ်စမ်းစမ်း (အမည်လွှဲ)ဆိုရင် သူ့လို နစ်နာဆုံးရှုံးသူ တွေကို လိုက်လံ ဆက်သွယ်ကာ စာရင်းပြု လုပ်ထားချက်အရ အလိမ်ခံရသူ ၇၅ ယောက်မှာ ၆၀ လောက်ဟာ အမျိုးသမီး တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သူက အဲဒီ လိမ်လည်မှုတွေကို စုစည်းပြီး ဦးဆောင် တရားစွဲမယ့်သူရှိရင် နောက်ကနေ သက် သေလိုက်ထွက်ပေးဖို့ စုဆောင်းထားတာပါ။
အလိမ်ခံရသူ ၇၅ ယောက်ရဲ့ ဆုံး ရှုံးမှုတန်ဖိုးစုစုပေါင်းဟာ ကျပ်သိန်း ၂,၃၀၀ ကျော်ခန့်ရှိတယ်လို့ သူကဆိုပါ တယ်။ သူဟာအမေဖြစ်သူနဲ့အမျိုးသား ဖြစ်သူက သဘောမတူတာကြောင့် သ့ူရဲ့ နာမည်ရင်း မထည့်ဖို့ မော်ကွန်းကို ပြော ပါတယ်။
ဒေါ်စမ်းစမ်းဟာ ပွန်ဇီလုပ်ငန်းတွေ ကို ဖေ့စ်ဘွတ်ခ်ကနေ တစ်ဆင့်သိခဲ့တာ ဖြစ်ပြီး သူ့အမျိုးသားက မယုံကြည်ဖို့ တား ခဲ့ပေမယ့် အဲဒီ လုပ်ငန်းတွေက ပေးတဲ့ အတိုးနှုန်းတွေက မက်လောက်စရာ ဖြစ် တာကြောင့် ရှယ်ယာဝင်မိသွားတယ်လို့ ဆိုပါတယ်။
ဆုံးရှုံးသွားတဲ့ ငွေတွေထဲမှာ သူ့ရဲ့ ကိုယ်ပိုင်ငွေတွေအပြင် မိခင်အတွက် သူ့ ညီမက ထောက်ပံထားတဲ့ ငွေတွေပါ ဆုံး ရှုံးလိုက်ရတဲ့အတွက် ““နောင်တရမိ တယ်””လို့ ဒေါ်စမ်းစမ်းက ဆိုပါတယ်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ်္ပဏီများ ဩန် ကြားမှုဦးစီးဌာနက ၂၀၁၇ သြဂုတ် ၁၅ ရက်မှာ အများပြည်သူအတွက် အသိပေး ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပါ တယ်။ ကြေညာချက်ထဲမှာတော့ ၂၀၁၇ သြဂုတ် ၈ ရက်အထိ မြန်မာနိုင်ငံကုမ်္ပဏီများအက်ဥပဒေနှင့်အညီ တရားဝင် ဖွဲ့ စည်းမှတ်ပုံတင်ထားတဲ့ ရှယ်ယာခေါ်ခွင့် ရှိတဲ့ကုမ်္ပဏီ ၅၅ ခုသာရှိတယ်လို့ ထုတ်ပြန် ခဲ့ပါတယ်။ (WWW.DICA.COM မှာ ဝင် ရောက်လေ့လာနိုင်ပါတယ်။)
၂၀၁၇ စက်တင်ဘာ ၁၇ ရက်မှာ နောက်ထပ် ကုမ်္ပဏီ လေးခု၊ ၂၀၁၈ အောက်တိုဘာ ၁ ရက်မှာ နောက်ထပ် ကုမ်္ပဏီ နှစ်ခုကို ထပ်မံခွင့်ပြုခဲ့တယ်လို့ အောက်တိုဘာ ၁ ရက်မှာ ကြေညာခဲ့ပြီး ကုမ်္ပဏီများ စုစုပေါင်း ၆၁ ခုရဲ့ စာရင်းကို ပူးတွဲဖော်ပြခဲ့ပါတယ်။ အဲဒီကုမ်္ပဏီတွေ သာ ရှယ်ယာရောင်းချခွင့်ရှိပြီး အဲဒီစာ ရင်းမှာ မပါဝင်တဲ့ ကုမ်္ပဏီတွေဟာ ပြည် သူတွေကို ရှယ်ယာရောင်းချခွင့် မရှိဘူးလို့ သူ့ဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ကြေညာထား ပါတယ်။

အွန်လိုင်းပေါ်တွင် ရှယ်ယာခေါ်ယူနေသည့် ပုံစံတစ်မျိုး
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ်္ပဏီများ ဩန်ကြားမှုဦးစီးဌာနရဲ့ ဩန်ကြားရေး မှူးချုပ် ဦးအောင်နိုင်ဦးက ““ကုမ်္ပဏီ လိုင် စင်ပြပြီး ရှယ်ယာတွေ ခေါ်နေတာဟာ တရားမဝင်ဘူး””လို့ မော်ကွန်းကို ပြော ပါတယ်။ ဒီလို တရားမဝင်ရှယ်ယာ ခေါ်တဲ့ ကုမ်္ပဏီတွေကို မြန်မာနိုင်ငံကုမ်္ပဏီများ ဥပဒေနဲ့ အရေးယူလို့ရတယ်လို့ သူက ဆက်ပြောပါတယ်။
ဒီလိုကြေညာချက်တွေ ထုတ်ပြန် ခဲ့တဲ့ အချိန်ဟာ ဒေါ်စမ်းစမ်းတို့ လုပ်ငန်း ဟန်ပြ ရှယ်ယာခေါ်တဲ့သူတွေဆီမှာ ငွေ တွေမထည့်ခင် လပိုင်းအလိုမှာ ဖြစ်ပါ တယ်။ ဒါပေမဲ့ ဒီထုတ်ပြန်ချက်တွေကို သူ လုံးဝမသိခဲ့ဘူးလို့ ဆိုပါတယ်။
““ရော်ဘာတောကြီးထဲမှာနေတာ၊ သတင်းစာ အန်တီတို့ဘက်မှာ မရောက် ဘူး။ ဥပဒေတွေ၊ ဘာတွေလဲ သေချာ မလေ့လာဖြစ်ဘူး။ ဒီလိုလုပ်ငန်းတွေ တရားဝင်တာ မဝင်တာလည်း မသိဘူး””လို့ ဒေါ်စမ်းစမ်းက ဆိုပါတယ်။
လိုအပ်ချက်တွေရှိနေသေးတဲ့ အရေးယူမှု
လူပေါင်း ၁,၅၀၀ ကျော်လောက် လိမ်လည်ခံခဲ့ရတဲ့ JUDE JUDE လုပ်ငန်းစု ရဲ့ဖြစ်စဉ်မှာ သူတို့ရဲ့ ဆုံးရှုံးမှုတွေကို ပြန် လည်ရရှိဖို့ တရားစွဲဆိုသူ ၁၀ ရာခိုင်နှုန်း တောင်မရှိဘူးလို့ ကိုဇင်ဇေလွင်က ဆို ပါတယ်။
တရားစွဲဆိုမှု အပိုင်းတွေမှာလည်း ထင်သလောက် တိုးတက်မှုတွေ မတွေ့ ရဘဲ အမှုအများစုမှာ ကြန့်ကြာနေတဲ့ ပုံစံ မျိုးတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ လိမ် လည်သူတွေဘက်ကလည်း တရား ဥပဒေရဲ့ အားနည်းချက်အချို့ကို အခွင့် ကောင်းယူပြီး ““ရှေ့နေကောင်းကောင်း ငှားပြီး ရေရှည် တရားရင်ဆိုင်သွားမယ့် သဘောမှာ ရှိတယ်”” လို့ ကိုဇင်ဇေလွင်က ပြောပါတယ်။ တချို့ နစ်နာသူတွေဟာ ငွေကြေးအင်အား နည်းပါးတာ၊ လူတွေ သိမှာကြောက်တာကြောင့် တရားမစွဲကြ တဲ့အတွက် တရားစွဲဆိုတဲ့သူ အရေ အတွက် နည်းသွားတယ်လို့ သူက ထပ် ပြောပါတယ်။
““သူက ပိုက်ဆံပြန်မဆပ်တာ မဟုတ်ဘူး။ ပြန်ဆပ်မှာ ဆိုပြီး ရှယ်ယာရှင် တချို့ကို ပိုက်ဆံနည်းနည်း ပြန်ပေးလိုက် တယ်”” ပိုက်ဆံ ပြန်ဆပ်ဖို့ အစီအစဉ် ရှိ တယ်၊ အချိန်စောင့်ပေးပါဆိုတဲ့ ပုံစံမျိုး ဖြစ်အောင် လုပ်ထားပြီး တချို့ ရှယ်ယာ ရှင်တွေကလဲ သူပြန်ပေးတဲ့ ပိုက်ဆံကို လက်ခံလိုက်တာတွေ ရှိတယ်လို့ ကိုဇင်ဇေ လွင်က ဆိုပါတယ်။
တချို့ အမှုတွေမှာဆိုရင် မြန်မာ နိုင်ငံ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၁၅ မှာ ဖော်ပြထားတဲ့ လိမ်လည်မှုမြောက်တဲ့ အချက်တွေနဲ့ မကိုက်ညီတာကြောင့် လိမ် လည်မှု မမြောက်တော့တာတွေလည်း ရှိ တယ်လို့ ဥပဒေပညာရှင်တွေက ဆို ပါတယ်။
ဦးနေစည်သူဇော်ကတော့ အဲဒီလို လက်ခံလိုက်တဲ့အတွက် JUDE JUDE လုပ်ငန်းစုရဲ့ ပိုင်ရှင်ဟာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၁၅၊ ဥပမာ(ဆ) အရ ငွေယူစဉ်က လိမ်လည်ဖို့ အစီအစဉ်မရှိဘဲ နောင်အခါမှ ကတိဖျက်သည့်အတွက် လိမ်လည်မှု မမြောက်ဘဲ ပဋိညာဉ် ဖောက် ဖျက်မှုသာ ဖြစ်ပြီး တရားမကြောင်းအရ သာ တရားစွဲဆိုရမယ်ဆိုတဲ့ အချက်နဲ့ သွားကိုက်ညီနေတဲ့ ပုံစံမျိုး ဖြစ်သွားတယ် လို့ ဆိုပါတယ်။
JUDE JUDE လုပ်ငန်းစုရဲ့ ပိုင်ရှင်ကို တရားစွဲဆိုထားတဲ့ အချို့အမှုတွေမှာ ဆိုရင် JUDE JUDE လုပ်ငန်းစုပိုင်ရှင်ဟာ နစ်နာခဲ့သူတွေကို အကျိုးအမြတ်အဖြစ် ငွေကြေး အနည်းငယ်ပြန်ပေးခဲ့ပြီး နစ်နာ သူအချို့က လက်ခံခဲ့တာကြောင့် လိမ် လည်မှုပုဒ်မတွေဖြစ်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၄၀၆၊ ၄၂၀ စတာတွေနဲ့ တရားစွဲလို့ မရတော့ဘဲ တရားမကြောင်းအရသာ တရားစွဲဆိုရတာတွေလည်း ရှိတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးနေစည်သူ ဇော်ကပြော ပါတယ်။
ဒါ့အပြင် ရှယ်ယာခေါ်ယူစဉ်က ချုပ် ဆိုခဲ့တဲ့ တချို့ စာချုပ်တွေဟာ နှစ်ဦး နှစ်ဖက် စုံညီချုပ်ဆိုထားတာ မဟုတ်တဲ့ အပြင် တချို့ စာချုပ်တွေမှာဆိုရင် စာချုပ် တစ်စောင်ထဲမှာ လူနှစ်ယောက် ပေါင်း ချုပ်ထားတာ၊ JUDE JUDE လုပ်ငန်းစုရဲ့ ပိုင်ရှင်နဲ့ တွေ့ပြီး မျက်နှာချင်းဆိုင် စာချုပ် ချုပ်တာမဟုတ်ဘဲ ဝန်ထမ်းတွေက တစ် ဆင့် ချုပ်ဆိုခဲ့တာတွေကြောင့် ပုဒ်မ ၄၀၆၊ ၄၂၀ တွေနဲ့ တရားစွဲဖို့ အားနည်းချက်တွေ ဖြစ်သွားတယ် ဥပဒေရေးရာ ကျွမ်းကျင် သူတွေက ဆိုပါတယ်။
ဒါ့အပြင် တရားရင်ဆိုင်နေတုန်း တရားသူကြီး အပြောင်းအလဲဖြစ်လို့ အမှု ကို အစကနေ ပြန်စစ်ဖို့ တရားပြိုင်တွေ ဘက်က တောင်းဆိုတာ၊ တရားမမှုတွေ မှာ ကြားဖြတ်ချလိုက်တဲ့ ဆုံးဖြတ်ချက် တွေကို အထက်တရားရုံးတွေကို အယူခံ ဝင်တာတွေကြောင့်လည်း အမှုတွေက ကြန့်ကြာတဲ့ အခြေအနေမျိုးတွေမှာ ရှိ နေတာလို့ လုပ်ငန်းဟန်ပြ ငွေကြေးလိမ် လည်မှု ၂၀ ကျော်ကို ရှေ့နေလိုက်ပေး နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးနေစည် သူဇော်က ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာ JUDE JUDE လုပ်ငန်းစုကို ရာဇဝတ်ကြောင်းအရ ရော တရားမကြောင်းအရပါ တရားစွဲဆို ထားတဲ့ အမှုပေါင်း ၅၀ ကျော်ရှိတယ်လို့ ရှေ့နေဦးနေစည်သူဇော်က ပြောပါတယ်။
JUDE JUDE လုပ်ငန်းစုရဲ့ ပိုင်ရှင်ကို ဗဟန်းမြို့နယ်တရားရုံးမှာ လိမ်လည်မှု တွေ ဖြစ်တဲ့ ပုဒ်မ ၄၀၆ နဲ့ ရှစ်မှု၊ ပုဒ်မ ၄၂၀ နဲ့ နှစ်မှု တရားစွဲဆိုထားပါတယ်။ ငွေရလိုမှု ဖြစ်တဲ့ တရားမကြောင်းအရ ၂၂ မှုနဲ့ အနောက်ပိုင်းခရိုင် တရားရုံးမှာ တရားမ ကြောင်းအရ တရားစွဲထားတာ ၂၃ မှု ရှိတယ်လို့ နစ်နာသူတွေနဲ့ အမှုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ပြော ကြပါတယ်။

Jude Jude လုပ်ငန်းစု၏ ကြော်ငြာများ
ဒါပေမဲ့ ပွန်ဇီလုပ်ငန်းတွေကို အရေးယူဖို့ သီးသန့်ဥပဒေမရှိဘဲ လိမ် လည်မှု၊ ငွေရလိုမှုများနဲ့သာ တရားစွဲဆိုရ တဲ့အခါမှာ အခက်အခဲများစွာ ကြုံတွေ့ နေရတယ်လို့ ဦးနေစည်သူဇော်က ပြော ပါတယ်။ ရှယ်ယာခေါ်ခဲ့တဲ့ဖြစ်စဉ် တော် တော်များများမှာ အွန်လိုင်းပေါ်က ခေါ်ခဲ့ တာဖြစ်တဲ့အတွက် ယခုနောက်ပိုင်း ဆက် သွယ်ရေး ဥပဒေ ပုဒ်ပ ၆၆(ဂ)နဲ့ တရား စွဲဆိုထားတဲ့ အမှုတွေလည်း ရှိတယ်လို့ ပြောပါတယ်။
ဆက်သွယ်ရေး ဥပဒေရဲ့ ပုဒ်မ ၆၆ (ဂ)မှာတော့ ဆက်သွယ်ရေးကွန်ရက် တစ်ခု အသုံးပြု၍ ငွေကြေးနှင့် ပစ်္စည်း တစ်ရပ်ရပ်ကို ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားပြုခြင်း သို့မဟုတ် အကျိုး ပျက်စေခြင်းတို့ကို မည်သူမဆို ပြစ်မှုကျူး လွန်ကြောင်း ထင်ရှားခဲ့ပါက သုံးနှစ်ထက် မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ် စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမယ် လို့ ပြဋ္ဌာန်းထားပါတယ်။
၆၆ (ဂ) နဲ့အမှု ဖွင့်မယ်ဆိုရင်လည်း ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် ရမှသာ ဖွင့်ခွင့်ရပြီး ““ဖုန်းရှိရင် ဖုန်း၊ ကွန် ပျူတာရှိရင် ကွန်ပျူတာ၊ အွန်လိုင်းအသုံး ပြုထားတဲ့ ဆင်းမ်ကတ် အကုန်လုံး သိမ်း ပြီးတော့မှ တင်ရတယ်။ ဆက်သွယ်ရေးဝန် ကြီးဌာနက အဲဒါကို စစ်ဆေးပြီးတော့ ခွင့် ပြုမိန့် ပြန်ချပေးတယ်”” လို့ ဦးနေစည်သူ ဇော်က ဆိုပါတယ်။ အဲဒီလို ခွင့်ပြုမိန့်ရပြီး မှ ရဲစခန်းကနေ တရားရုံးကို တရားစွဲတင် ရတာ ဖြစ်တဲ့အတွက် အမှုတစ်ခု တရားရုံး ပေါ်ရောက်ဖို့ အချိန်တွေ အရမ်းကြာတယ် လို့ သူက ဆိုပါတယ်။
ထိထိရောက်ရောက် အရေးယူပေးပါ
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ်္ပဏီများ ဩန်ကြားမှုဦးစီးဌာနဘက်ကလည်း ယခု အချိန်မှာ ရှယ်ယာခေါ်ခွင့် မရှိဘဲ ရှယ်ယာ ခေါ်နေတဲ့ ကုမ်္ပဏီတွေကို စောင့်ကြည့် တာ၊ စစ်ဆေးအရေးယူတာတွေ မရှိသေး ဘူးလို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ်္ပဏီများ ဩန်ကြားမှုဦးစီးဌာနက ဩန်ကြားရေးမှူး ဦးမျိုးမင်းက ပြောပါတယ်။
ဒါပေမဲ့ ၂၀၁၈ သြဂုတ်လ ၁ ရက်က အသစ်ပြဋ္ဌာန်းလိုက်တဲ့ မြန်မာနိုင်ငံ ကုမ်္ပဏီများ ဥပဒေနဲ့ ပွန်ဇီလုပ်ငန်းတွေကို ထိထိရောက်ရောက် အရေးယူနိုင်မယ်လို့ ဦးမျိုးမင်းက ဆိုပါတယ်။ ဒါပေမဲ့ ယခု အချိန်ဟာ ဥပဒေ အကူးအပြောင်းကာလ ဖြစ်တာကြောင့် အရေးယူတာတွေ မလုပ် ရသေးဘူးလို့ဆိုပါတယ်။ မိမိရင်းနှီး မြှုပ်နှံတဲ့ ကုမ်္ပဏီဟာ တရားဝင်ရှယ်ယာ ခေါ်ခွင့်ရှိတဲ့ ကုမ်္ပဏီ ဟုတ်မဟုတ်ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ်္ပဏီများ ဩန်ကြားမှု ဦးစီးဌာန(DICA)ရဲ့ တရားဝင် ဝက်ဘ် ဆိုက်မှာ လေ့လာနိုင်တယ်လို့ ပြောပါတယ်။

ပွန်ဇီလိမ်လည်မှုပုံစံ
တရားဝင် ရှယ်ယာခေါ်ခွင့်မရှိဘဲ ရှယ်ယာခေါ်တဲ့ကုမ်္ပဏီတွေရဲ့ ကုမ်္ပဏီလုပ် ကိုင်ခွင့်ကို ဖျက်သိမ်းနိုင်သလို သူတို့ ကျူး လွန်တဲ့ ပြစ်မှုအလိုက် တရားရုံးတွေမှာ တရားစွဲဆိုနိုင်တယ်လို့ တရားလွှတ်တော် ရှေ့နေဦးဖိုးဖြူက ဆိုပါတယ်။
ဦးနေစည်သူဇော်ကတော့ လုပ်ငန်း ဟန်ပြရှယ်ယာခေါ်တဲ့ ကုမ်္ပဏီတွေကို အရေးယူဖို့ ဥပဒေအသစ်ရေးဆွဲမယ်ဆို ရင် အဆင့်တွေများပြီး အချိန်ကြာမှာ ဖြစ်တဲ အတွက် ဥပဒေအသစ်မဆွဲသေးဘဲ တည်ဆဲဥပဒေတွေနဲ့အညီ ထိထိရောက် ရောက် အရေးယူသင့်တယ်လို့ ပြော ပါတယ်။
““တချို့တွေကလည်း ကြာလို့ စိတ် ပျက်ပြီး အမှုပြန်ပိတ်မယ်ဆိုတာတွေ ဖြစ် ကုန်တယ်””လို့ သူက ဆိုပါတယ်။
ပွန်ဇီ လိမ်လည်မှုဖြစ်စဉ်တော် တော်များများ မြန်မာနိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားခဲ့ပေမယ့် နစ်နာသူတွေဘက်က တိုင်ကြားတာဟာ အလွန်နည်းတယ်လို့ ကိုဇင်ဇေလွင်တို့လို စောင့်ကြည့်ပညာ ပေးတဲ့ လူတွေက ဆိုပါတယ်။
အလိမ်ခံခဲ့ရတဲ့ မွန်ပြည်နယ်က ပညာရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဒေါ်စမ်း စမ်းဆိုရင် ““တိုင်ဖို့လည်း ပိုက်ဆံမရှိတော့ ဘူး။ ကိုယ်ကလည်း ဝန်ထမ်းဖြစ်နေတော့ တိုင်လိုက်ရင် ပြဿနာတွေ ဖြစ်လာမှာ ကိုကြောက်တယ်””လို့ ပြောပါတယ်။
မော်ကွန်းက မေးမြန်းခဲ့တဲ့ နစ်နာ သူတော်တော်များများဟာ သူတို့ရဲ့ အမည်ရင်းတွေကို မဖော်ပြဖို့ တောင်းဆိုပါ တယ်။ နစ်နာသူတွေဟာ မိဘတွေမသိ ဘဲရှယ်ယာဝင်မိတာ၊ ဇနီးခင်ပွန်းတွေမသိ ဘဲ ရှယ်ယာတွေဝင်မိတာတွေကြောင့် နစ်နာမှုတွေ ဖြစ်လာတဲ့အခါ သူတို့ပတ် ဝန်းကျင်က လူတွေသိမှာ ကြောက်တဲ့ အတွက် သူတို့ရဲ့ နစ်နာမှုတွေကိုကြိတ်ခံ ကြတာများတယ်လို့ စောင့်ကြည့်လေ့ လာသူတွေက ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ အခုလို ပြဿနာတွေ ဖြစ်လာခဲ့ရင် အကြောက် တရားကို ဖယ်ပြီး ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖို့ လို တယ်လို့ ဦးဖိုးဖြူက ပြောပါတယ်။ ““တရား ရုံးတွေကို ကြောက်စရာမလိုဘူး။ အမှန် တရားတွေ ဖော်ထုတ်ဖို့ တရားမျှတမှု ရှာဖွေဖို့ နစ်နာသူတွေဘက်က ပူပေါင်း ဆောင်ရွက်ဖို့လိုတယ်””လို့ သူက ပြော ပါတယ်။
မဖြစ်ခင် ကြိုတင် ကာကွယ်ကြပါ
လတ်တလောမှာ မြန်မာနိုင်ငံမှာ ဆင့်ပွားရောင်းဝယ်မှု လုပ်ငန်းတွေ (MULTI LEVEL MARKETING) ကို အစိုးရ က တားမြစ်လိုက်တဲ့ကိစ်္စမှာ အရပ်ဘက် စောင့်ကြည့်တဲ့ အဖွဲ့အစည်းတွေရဲ့ ကြိုးစား အားထုတ်မှုတွေ အများကြီးပါတယ်လို့ ရှေ့နေ ဦးနေစည်သူဇော်က ဆိုပါတယ်။
ပညာပေး အစီအစဉ်တွေ၊ ဟော ပြောပွဲတွေ၊ အွန်လိုင်းပေါ်မှာ အဖွဲ့လေး တွေ ဖွဲ့ပြီး MLM လုပ်ငန်းတွေရဲ့ အား နည်းချက်တွေကိုထောက်ပြတာ မီဒီယာ တွေမှာ စကားဝိုင်းဆွေနွေးပွဲတွေပြုလုပ်တာတွေကြောင့် အစိုးရ တာဝန်ရှိသူတွေ ရဲ့ အာရုံစိုက်မှုကိုရခဲ့တယ်လို့ အရပ်ဘက် အဖွဲ့အစည်းတွေက ဆိုပါတယ်။
ဦးဖိုးဖြူကတော့ ပွန်ဇီနည်းနဲ့ ပြည် သူတွေ ထပ်ပြီး အလိမ်မခံရအောင် ““စီးပွားရေးပညာရှင်တွေ၊ ဥပဒေပညာ ရှင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ပေါင်းပြီးတော့ ဆွေးနွေးပွဲတွေ၊ လက် ကမ်းစာစောင်ဝေတာတွေ လုပ်သင့် တယ်။ နောက်ပြီးတော့ မီဒီယာတွေနဲ့ ပူးပေါင်းပြီး အင်တာနက် လူမှုကွန်ရက်တွေ၊ သတင်း စာတွေကနေ ဒီလုပ်ငန်းတွေအကြောင်း ကို ပညာပေးအစီအစဉ်တွေ လုပ်သင့် တယ်””လို့ ဆိုပါတယ်။
နောက်ပြီးတော့ ငွေကြေးဆိုင်ရာ လိမ်လည်မှုကိစ်္စတွေမှာ အဓိကတာဝန်ရှိ တဲ့ အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အထူး စုံစမ်း စစ်ဆေးရေးဦးစီးဌာနလို ဌာနတွေ အနေနဲ့ လာရောက်တိုင်ကြားမှ အရေးယူ တာမျိုးမဟုတ်ဘဲ စောင့်ကြည့်လေ့လာပြီး စုံစမ်းစစ်ဆေးသင့်တယ်လို့ သူက ပြော ပါတယ်။
ဒါပေမဲ့ တိုင်ကြားအမှုဖွင့်တဲ့အခါ မှာသာမန်လူတွေအနေနဲ့ အလွယ်တကူ အမှုဖွင့်လို့မရတာမျိုးတွေ ရှိနေပြီး အမှု ဖွင့်ဖို့ တရားရင်ဆိုင်ဖို့ဆိုရင် ငွေထုတ် ပိုက် ထားနိုင်မှ အဆင်ပြေမယ့် အနေအထား မျိုးတွေ ဖြစ်နေတယ်လို့ ဦးဖိုးဖြူက ထောက်ပြပါတယ်။
နစ်နာခဲ့သူ တစ်ဦးဖြစ်တဲ့ ဒေါ်မာမာ ထွန်းဟာ သူနေထိုင်တဲ့ မ်္တလေးမြို့က ရဲစခန်းတစ်ခုမှာ သူ့ရဲ့နစ်နာမှုတွေအတွက် သွားရောက်တိုင်ကြားခဲ့ပေမယ့် သုံးလေး လကြာတဲ့အထိ အမှုမဖွင့်ပေးတာမျိုး လည်း ရှိခဲ့တယ်လို့ မော်ကွန်းကို ပြော ပါတယ်။
သူဟာနစ်နာသူတွေကို ဦးဆောင် ပြီး နိုင်ငံတော်သမ်္မတ၊ ပြည်သူ့လွှတ်တော် ဥက်္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ်္စများ လေ့လာဆန်း စစ် သုံးသပ်ရေးကော်မရှင်ရုံး၊ ပြည် ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည် ထောင်စုရှေ့နေချုပ်၊ အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာန အပါအဝင် ဌာနဆိုင်ရာတွေ ကို တိုင်ကြားစာပို့ထားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ရဲချုပ်ရဲ့ ဩန်ကြားချက် အရဆိုပြီး သူ့ကိုဆက်သွယ်လာကာ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း ရဲစခန်းမှာ ပထမအကြိမ် စစ်ဆေးခဲ့တယ်လို့ ဆိုပါ တယ်။ ကျန်တဲ့ ဌာနဆိုင်ရာတွေဆီက တော့ ဘာမှ အကြောင်းပြန် တာမရှိဘူးလို့ ဒေါ်မာမာထွန်းက ဆိုပါတယ်။
အမေရိကန်နိုင်ငံမှာဆိုရင် SEC လို့အတိုကောက်ခေါ်တဲ့ THE SECURITIES AND EXCHANGE COMMISSION ကနေ လုပ်ငန်း ဟန်ပြ ရှယ်ယာခေါ်တဲ့ ပွန်ဇီလုပ် ငန်းတွေကို စောင့်ကြည့် အရေးယူလေ့ရှိပါ တယ်။ ဒါအပြင် ပွန်ဇီလုပ်ငန်းတွေမှန်း သိစေနိုင်တဲ့ သတိပေးချက်တွေကိုလည်း တရားဝင်ထုတ်ပြန်ထားပါတယ်။ ပွန်ဇီ လုပ်ငန်းလုပ်ကိုင်ရင်လည်း အနိမ့်ဆုံး ထောင်ဒဏ် လေးနှစ်နဲ့ ဒေါ်လာငါးထောင် ချမှတ်နိုင်တယ်လို့ တရားဝင် ပြဋ္ဌာန်းထား ပါတယ်။
ထင်ရှားတဲ့ အရေးယူမှုတစ်ခုက တော့ ၂၀၀၈ မှာ ပွန်ဇီပုံစံလိမ်လည်မှုတွေ ပြုလုပ်ခဲ့တဲ့ ဘာနီမားဒေါ့ဖ် (BERNIE MADOFF) ကိုအရေးယူခဲ့ပါတယ်။ ၂၀၀၉ မှာ MADOFF ကို အာမခံစာချုပ်စာတမ်း တွေ လိမ်လည်မှု၊ ငွေကြေးခဝါချမှုနဲ့ အလုပ်သမားအကျိုးအမြတ်အစီအစဉ်မှ ခိုးယူမှုအပါအဝင် အမေရိကန်နိုင်ငံ ဗဟို အစိုးရကနေ အမှုအပေါင်း ၁၁ မှုမှာ အပြစ်ရှိကြောင်း စီရင်ချက်ချခဲ့ပါတယ်။ ပြစ်ဒဏ်ကေတော့ ထောင်ဒဏ်နှစ် ၁၅၀ နဲ့အမေရိကန်ဒေါ်လာ ၁၇၀ ဘီလီယံ ပြန်လည်ပေးလျော်ခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာလည်း ပွန်ဇီလုပ်ငန်း လုပ်ကိုင်သူတွေကို အစိုးရကဦးစီးပြီး စောင့်ကြည့်စစ်ဆေးအရေးယူဖို့ လိုသလို၊ လွှတ်တော်ကနေလည်း ဒီလုပ်ငန်းတွေကို တားမြစ်ဖို့ ဥပဒေထုတ်တာတွေ လုပ်ဖို့ လိုအပ်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးဖိုးဖြူကဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဒီလိုလုပ်ငန်းတွေ ပပျောက်သွားဖို့ဆိုရင် သက်ဆိုင်ရာ ဝန် ကြီးဌာနတွေက အချိန်နဲ့ တစ်ပြေးညီ စစ် ဆေးဖော်ထုတ်အရေးယူဖို့ လိုအပ်ပြီး ““ဘယ်လုပ်ငန်းတွေက အမှန်လဲ၊ ဘယ် ဟာက အတုလဲ၊ ကျော်ဇောသတင်း ထွက် သူတွေကဘယ်သူလဲဆိုတာ စစ်ဆေးဖို့ အစိုးရမှာသာ တာဝန်ရှိတယ်””လို့ ဥပဒေ ရေးရာ ကျွမ်းကျင်သူ ဦးဖိုးဖြူက ပြော ပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ အစဦး ကာလကတည်းက ပုံစံမမှန်တဲ့ လုပ်ငန်း တွေကို စိစစ်သင့်ပြီး လိုအပ်ရင် နောက် ယောင်ခံလိုက်ဖို့ လိုအပ်တယ်လို့ သူက ထပ်ပြောပါတယ်။
ပွန်ဇီလုပ်ငန်း လုပ်သူတွေကို ထိထိ ရောက်ရောက် အရေးမယူနိုင်ဘဲ ဒီ အတိုင်း ဆက်သွားနေမယ်ဆိုရင် လုပ်ငန်း တကယ် လုပ်ကိုင်လိုတဲ့ စွန်ဦးတီထွင်မှု လုပ်ငန်းတွေ အရင်းအနှီးတွေ လိုအပ်လာ တဲ့အခါ လူတွေ မယုံတော့တာတွေ ဖြစ် လာ နိုင်တယ်လို့ ဦးဖိုးဖြူက ဆိုပါတယ်။
မမေမဒီခင်နဲ့ ဒေါ်စမ်းစမ်းအပါ အဝင် ရှယ်ယာရှင်တော်တော်များများ ကတော့ JUDE JUDE လုပ်ငန်းစုရဲ့ ပိုင်ရှင်ကို တရားမစွဲထားပေမယ့် အစိုးရ အဖွဲ့အစည်းတစ်ခုခုက ဦးဆောင်ပြီး အရေးယူမှုတွေ ပြုလုပ်ပေးမယ်ဆိုရင် သက်သေအဖြစ် အချိန်မရွေး ထွက်ဆို သွားဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။
မမေဒီခင်ကတော့ သူ့ရဲ့ ခံစားချက် ကို ယခုလို ဆိုပါတယ်။
““ကိုယ့်လိုနောက်လူတွေ အလိမ် မခံရစေချင်ဘူး။ တရားဥပဒေ နည်းလမ်း အရပဲ ဖြစ်ဖြစ် တခြားဘယ်နည်းလမ်းကပဲ ဖြစ်ဖြစ် ဒီလုပ်ငန်းတွေက ရပ်တန့်သွား စေချင်တယ်””
#Season Myo Kyaw

#MawKunMagazine
ဆက်သွယ်မှာယူနိုင်စေရန်…….
OFFICE : No.121, 4th Floor, Corner or 49 Street and Anawrahta Street, Pazundaung Township, Yangon, Myanmar.
: 0931340239
: 09791663065
website: www.mawkun.com
facebook: @mawkunmagazine
mawkun.chronicle@gmail.com