မီးပ်က္တဲ့ည

၂ဝ၁၉၊ ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၄)မှ  Essay ဖြစ်ပါသည်။

လက်သွေးရေးသည်

အနာဂတ်မှာ လျှပ်စစ်မရ တော့ ရင် ကျွန်တော်တို့ ဘယ်လိုနေကြ မလဲ။ မိတ်ဆွေတို့ စဉ်းစားမိကြ သလား။ ကျွန်တော်ကတော့ စဉ်းစားတုန်းပဲ။ အဲဒီ အတွေးဝင် တာလည်း မကြာသေးဘူး။ တွေးလိုက်တိုင်း တော်တော် စဉ်းစားရကျပ်တယ်။

အဲဒီအတွေး စဖြစ်လာတာက ကျွန်တော့်အိမ်မှာ သုံးနာရီ လောက်ကြာအောင် မီးပျက်တာက စတာပဲ။ ပျက်တဲ့အချိန်က ကျွန်တော်တို့ လင်မယား နှစ်ယောက်အတွက် တကယ့် အချိန် ကောင်းပါ။ ည ၈ နာရီကနေ ၁၁ နာရီအထိပါ။

ကျွန်တော်ရယ် ကျွန်တော့်ဇနီးရယ်က နှစ်ဦးစလုံး အလုပ် ပြီးချိန် အိမ်ပြန်ပြီဆိုရင် လိုင်းကားစီးရတာ တစ်နာရီခွဲလောက် ကြာတဲ့အတွက် အိမ်ကို အစောဆုံး ရှစ်နာရီလောက်မှ ပြန်ရောက် ကြပါတယ်။

အဲဒါကြောင့် အိမ်ပြန်ရောက်မှ ညစာအတွက် ချက်ရပြုတ် ရတယ်။ ဆေးရကြောရတယ်။ တစ်ခါတလေ လျှော်စရာ ဖွပ်စရာ ဆိုရင် အဝတ်လျှော်စက်နဲ့ လျှော်တယ်။ မီးပူတိုက်မယ်။ ပြီးရင် အပန်းဖြေတဲ့အနေနဲ့ တီဗီက လာတဲ့ ဇာတ်လမ်းတွဲလေးတွေ ကြည့်မယ်။ ပြီးတော့ ဖုန်းလေးအားသွင်း၊ ဖေ့စ်ဘွတ်ခ် ကြည့်မယ်။

ဒီလို လုပ်ငန်းဆောင်တာတွေဟာ အဲဒီနေ့ကသုံးနာရီ လောက် မီးပျက်တဲ့အခါ ကမောက်ကမတွေ ဖြစ်ကုန်တော့တာ ပါပဲ။ ပထမဆုံးက ထမင်းချက်လို့မရတော့ဘူး။ လျှပ်စစ်ပေါင်းအိုး ရယ်၊ လျှပ်စစ်ဒယ်အိုးတွေ သုံးမရဘူး။ ဒုတိယက အဝတ်လျှော် စက်ကလည်း လျှော်မရတော့ဘူး။ ပြီးတော့ မီးပူတိုက်ဖို့ တီဗီ ကြည့်ဖို့ ဘာတစ်ခုမှ လုပ်မရတော့ဘူး။

ပိုဆိုးတာက အဲဒီနေ့က ဝယ်လာတဲ့ သုံးလေးရက်စာ အသားငါးတွေကို ရေခဲသေတ်္တာထဲ ထည့်ထားလို့ မရဘူး။ အဲဒီ တော့ အသားငါးတွေကို ရေဆေး၊ ဆားနနွင်းနယ် ထားရတယ်။ ပြီးတော့ ထိုင်နေရုံပဲ။ ဗိုက်ဆာလာတာနဲ့ ကံကောင်းထောက်မလို့ မနက်က ကျန်နေခဲ့တဲ့ ထမင်းကြမ်းခဲတစ်တုံးကို ပုစွန်ခြောက်နဲ့ ဆီဆမ်းဆားဖြူး စားလိုက်တယ်။

မီးမလာတာဟာ ဘာမှလုပ်လို့မရအောင်ဖြစ်သွားတယ်။ အဲဒီမှာ ကျွန်တော် တွေးမိတယ်။ အနာဂတ်မှာ လျှပ်စစ်မီးမရရင် ဘယ်လိုနေကြမလဲပေါ့။ မဖြစ်နိုင်ဘူးလို့ ပြောလို့မရပါဘူး။ တစ်ခါ က ၂၀၅၀ ကျော်ရင် ရန်ကုန်မှာ လျှပ်ဓာတ်ဓာတ်အားတွေ ကုန် ခန်းသွားမယ်လို့ ဝန်ကြီးတစ်ပါးက ပြောခဲ့ဖူးတယ်။

အဲဒီလိုသာဆို လျှပ်စစ်နဲ့ နိစ္စဓူ၀ တစ်သားတည်းဖြစ်နေတဲ့ ကျွန်တော်တို့ ဘဝတွေဘယ်လိုဖြစ်သွားကြမလဲ။ ပြန်စဉ်းစားမိ တော့ ဒီနေ့လို လူသုံးကုန် ရုပ်ဝတ်္ထုပစ္စည်းတွေ ပေါများလာချိန် ရောက်မှ လျှပ်စစ်ဟာ မရှိမဖြစ် ဖြစ်လာခဲ့တာပါ။ ငယ်ငယ်က လျှပ်စစ်ဆိုတာ ကျွန်တော်တို့အတွက် အလင်းရောင်ပေးဖို့သာ သာပဲ ရှိခဲ့တာ မှတ်မိပါသေးတယ်။

ကျွန်တော် ငယ်ငယ်က နေခဲ့တဲ့ မြို့ကလေးဟာ ရန်ကုန် တိုင်းထဲကလို့သာ ဆိုရပေမယ့် တောမြို့သာသာလေးပဲ။ ၁၉၉၀ ကျော်ကာလတွေတုန်းက မြို့ပေါ်လောက်သာ လျှပ်စစ်မီးသွယ် တန်းလို့ရပြီး အစွန်အဖျားရပ်ကွက်လေးတွေမှာ မီးမရသေးဘူး။ မီးရတာ၊ မီတာလျှောက်တာတွေ၊ ကြိုးသွယ်ရတာတွေအတွက် သိန်းနဲ့ ချီ အကုန်ခံရတယ်။ အကုန်ခံနိုင်တိုင်းလည်း မီးရဖို့ မလွယ် ပါဘူး။ ထီထိုးသလို ကံကောင်းမှ ရတဲ့အချိန်တွေပါ။

အဲဒီလိုရပ်ကွက်တွေမှာဆို အဓိက အားထားရတာက မီး စက်နဲ့ နှိုးပြီး ပေးတဲ့ မီးပါ။ နှစ်ပေ မီးချောင်းတွေကို အိမ်ရဲ့ အလယ် တည့်တည့်မှာ တပ်ဆင်ထားပြီး နှစ်ပင်လိမ်ကြိုးလို့ သိကြတဲ့ ကြိုး အနီနဲ့ အနက်ကို လိမ်ထားတဲ့ လက်သန်းလောက်တောင် မရှိတဲ့ ကြိုးလေးတွေနဲ့ တစ်အိမ်နဲ့ တစ်အိမ်ဆက်သွယ်ပြီး ပင်မမီးစက်က နေ လျှပ်စစ်ကို ထုတ်လွှင့်ပေးပါတယ်။

သူက ၂၄ နာရီပေးတာမဟုတ်ဘူး။ ညနေ ခြောက်နာရီက နေ ည ၁၁ နာရီအထိပေးတာပါ။ အလင်းရောင်က မြင်ရရုံသာ သာပဲ။ စာကျက်ချင်ရင် မီးချောင်းအောက်ကို တည့်တည့်သွားပြီး စာကြည့်မှ စာအုပ်ထဲက စာလုံးတွေကို မြင်ရပါတယ်။ ရွေးချယ် စရာမရှိတဲ့ အခါမှာတော့ ဒီမီးကပဲ အားကိုအားထားပြုစရာ ဖြစ် ခဲ့ရတယ်။ အချိန်တန်လို့ မီးပိတ်သွားရင်လည်း ဖယောင်းတိုင် ထွန်းထားလိုက်ပါတယ်။

မီးဖိုးက တစ်နေ့ကို တစ်ရာပေးရတယ်။ မီးဖိုးလိုက်ကောက် တဲ့ ဦးလေးကြီးကို ခုထိ မျက်စိထဲ မြင်ယောင်သေးတယ်။ အသား ညိုညို၊ ခန္ဓာခပ်ပိန်ပိန်နဲ့ ပုဆိုးတိုတိုဝတ်ပြီး ပိုက်ဆံတွေကို စပါယ် ယာတွေ ကိုင်သလိုမျိုး ကိုင်ကာ တစ်အိမ်တက် တစ်အိမ်ဆင်း မီးဖိုးတွေ လိုက်ကောက်နေတတ်တယ်။ သူ့ခါးမှာလည်း ပလာ ယာတွေ၊ မီးတိပ်တွေကို တိုးလို့တွဲလဲ တွေ့ရတယ်။

အိမ်တွေ အများကြီးကို မီးကြိုးသွယ်ထားပြီး သွယ်တဲ့ကြိုး တွေက တစ်ခါတစ်ရံ မိုးရွာလို့ပဲဖြစ်ဖြစ်၊ လေတိုက်တာပဲဖြစ်ဖြစ် ပြတ်တတ်ပါတယ်။ အဲဒီအခါ ကြိုးတွေကို လိုက်ဆက်ဖို့ ဆောင် ထားတာပါ။ သူကို တွေ့လိုက်ရင် အမြဲအလုပ်ရှုပ်နေတတ်ပါတယ်။

အဲဒီအချိန်က လျှပ်စစ်မီးဖိုဆိုတာကို သုံးဖို့ မဆိုထားနဲ့ မြင် တောင် မမြင်ဖူးဘူး။ မြို့ထဲက အဒေါ်အိမ်တွေကို သွားတဲ့အခါမှ တွေ့ရတယ်။ အဓိက မီးသွေးနဲ့ ချက်ပြုတ်တာပဲ။ နောက်တစ်မျိုးက မီးသွေးတွေကို ထမင်းရည်နဲ့ လုံးထားတဲ့ မီးသွေးလုံးတွေ၊ သူက ဈေးသက်သာတော့ သူ့ကိုလည်း တစ်ခါတလေသုံးတယ်။

အဲဒီလိုခေတ်ကတော့ လျှပ်စစ်မီး မရှိတာဟာ ကျွန်တော် တို့အတွက် ထူးထူးထွေထွေ သိပ်ရိုက်ခတ်မှု မရှိဘူး။ ပုံမှန် သွား လာ လှုပ်ရှားနေကြတာပါပဲ။

အဲဒီအချိန်က လက်ကိုင်ဖုန်းတွေက ရွှေလိုရှားနေချိန်။ တစ်ရပ်ကွက်လုံးမှာမှ ဖုန်းတစ်လုံးမရှိဘူး။ အရေးအကြောင်း ဆက်ချင်ရင် လေးငါးရပ်ကွက်အကျော်က ကားဂိတ်နားမှာရှိတဲ့ အထိုင်ဖုန်းနဲ့ ဆက်သွယ်ရတယ်။

ဒါပေမဲ့ ဒီနေ့ခေတ်လို လက်ကိုင်ဖုန်းတွေပေါလာချိန် ဖယောင်းတိုင်အစား ူနီ မီးလုံးတွေ၊ အားသွင်းပြီး ပြန်ထွန်း နိုင်တဲ့ လျှပ်စစ်မီးအိမ်တွေ၊ ဟင်းချက်ဖို့ လျှပ်စစ်ဒယ်အိုး၊ တီဗီ တွေ စသဖြင့် လျှပ်စစ်အားကို ယူပြီး အသုံးပြုရတဲ့ လူ့အသုံး အဆောင်ပစ္စည်းတွေ ပေါများနေတဲ့ အချိန်မှာ အရင်ခေတ်ကို ပြန်သွားလို့ ရပါတော့မလား စိုးရိမ်မိတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကြည့်ခဲ့ဖူးတဲ့ ဂျပန်ဇာတ်ကား တစ်ခုကို သတိရမိတယ်။ ကျွန်တော်တွေးတာနဲ့ တိုက်ဆိုင်တဲ့ ဇာတ်ကားပါ။ အဲဒီကားနာမည်က TOKYO ပါတာကိုတော့ မှတ်မိတယ်။ ဂျပန်နိုင်ရဲ့ တိုကျိုမြို့မှာ ချို့ယွင်းမှုတစ်ခုကြောင့် မီး ပျက်သွားတာ ပြန်မလာတော့ရာက ဒုက်္ခတွေမျိုးစုံ တွေ့ပြီး တော နယ်ကို ထွက်ပြေးတဲ့ မိသားစုတစ်စုအကြောင်းကို ရိုက် ပြထားတဲ့ ဇာတ်ကားပါ။

ဇာတ်လမ်းက ဂျပန်နိုင်ငံရဲ့ တိုကျိုမြို့မှာ တစ်ရက်တော့ မီး ပျက်သွားတယ်။ တစ်ရက်လည်း မလာ၊ နှစ်ရက်လည်း မလာတာ ဟာ တစ်လလောက်နေတော့ လူတွေ ဒုက်္ခ ရောက်လာကြပါတယ်။စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ ဂျပန်နိုင်ငံရဲ့ မြို့တော်ကြီးဆိုတော့ လုပ်ငန်းဆောင်တာအားလုံးကို လျှပ်စစ်နဲ့ ချိတ်ဆက် လုပ်ကိုင် ကြတာပါ။

ထမင်းချက်တာကအစ တိုက်ခန်းတွေပေါ်က ဓာတ်လှေကားနဲ့ ဆင်းတာအဆုံး။ ရုံးတက်ဖို့မပြောနဲ့၊ ရုံးတံခါးကအစ ဖွင့် မရတော့တာတွေ ကြုံကြရတယ်။ ကားတွေလည်း ဆီဖြည့်လို့ မရတော့ဘူး။ ရထားတွေလည်း မပြေးဆွဲတော့ဘူး။ သောက် ရေတောင် ဈေးကြီးပေး ဝယ်သောက်ရတာတွေ ဖြစ်လာ တော့တယ်။

အဲဒီလိုနေရတော့ လူတွေဟာ မြို့ကို စွန့်ခွာဖို့ ပြင်ကြပါ တယ်။ အဲဒီမှာ ဇာတ်လိုက်မိသားစုလည်းပါတယ်။ သူတို့နေတဲ့ မြို့မှာ လူတွေဟာ တိုက်ခန်းတွေကို စွန့်ခွာပြီး ထွက်ပြေးကြတော့ သူတို့မိသားစုလည်း နယ်က အဖေ အမေတွေရှိရာကို ထွက် ပြေးကြပါတယ်။ ကားလည်း သုံးမရတဲ့အတွက် စက်ဘီး တွေနဲ့ ခရီးဆက်ကြတာပါ။

လမ်းမှာ အငတ်ငတ်အပြတ်ပြတ်နဲ့ အန္တရာယ်တွေလည်း ကြုံတွေ့ပြီး ဒုက္ခရောက် ချိန် လူတွေရဲ့ စိတ်နေသဘောထားနဲ့ လျှပ်စစ် မီး မရလို့ ဖရိုဖရဲ ဖြစ်ရတဲ့ အခြေအနေတွေကို ဒါရိုက်တာက ဇာတ်လမ်းကို အနိမ့်အမြင့် အတက်အကျတွေနဲ့ ခြယ်မှုန်းသွားခဲ့ပါတယ်။ နောက်ဆုံးတော့ သူတို့မိသားစုဟာ လိုရာခရီးကို ရောက်ခဲ့ပါတယ်။ အဲဒီမှာ လျှပ်စစ်မီးလည်း မလိုဘဲ သဘာဝစွမ်းအင်တွေကို သုံးပြီး နေထိုင်ကြတာကို ဒါရိုက်တာ က ရိုက်ပြသွားခဲ့ပါတယ်။

အဲဒီဇာတ်ကားကြည့်ပြီးတုန်းကလည်း အတွေးတွေ ကျန် ခဲ့ပါတယ်။ ငါတို့ ရန်ကုန်မြို့ကြီးရော အဲဒီလိုဖြစ်လာရင် ဘယ်ကို ပြေးရမလဲ တွေးကြည့်မိတယ်။ နယ်မှာလည်း အမျိုးတွေ သိပ်မရှိ တာကြောင့် ဘယ်ပြေးရမလဲ စဉ်းစားမရဘူး။ ဈေးသက်သက် သာသာနဲ့ နယ်မှာ ခြံကွက်လေးတစ်ကွက် ဝယ်ဖို့လည်း စဉ်းစားမိ တယ်။ ဒါပေမဲ့ ကိုယ့်ဝင်ငွေနဲ့က အိပ်မက် သာသာပဲ။

ဒီတော့ သဘာဝအတိုင်း မီးမရှိဘဲ နေဖို့ ကြိုးစားကြည့် မလား ။ ရန်ကုန်မှာ မဖြစ်နိုင်တော့ဘူးလို့ ထင်ပါတယ်။ အဲဒီတော့ ကျွန်တော်က နည်းလမ်းနှစ်ခု စဉ်းစားမိတာရှိပါတယ်။ ပထမတစ် ချက်ကတော့ လျှပ်စစ်ကုန်သွားရင် နယ်မြို့လေးတစ်ခုမှာ သွား နေမယ်။ သဘာဝအတိုင်း ရှင်သန်ဖို့ ကြိုးစားပါမယ်။

နောက်တစ်ခုကတော့ ကျွန်တော် တတ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ အစိုးရမင်းများ စီမံ ဆောင်ရွက်ရမယ့် ကိစ်္စဖြစ်တယ်။ အဲဒါက တခြားတော့ မဟုတ်ဘူး။ လက်ရှိ ကျွန်တော်တို့ရနေတဲ့ လျှပ်စစ်စွမ်းအင်ရင်းမြစ်တွေကို ပြောင်းဖို့ပါပဲ။ လက်ရှိ ရေအား လျှပ်စစ်က တစ်နိုင်ငံလုံးရဲ့ သုံးပုံနှစ်ပုံလောက်ကို ပေးထားပါ တယ်။ ကျန်တာက ဓာတ်ငွေ့နဲ့ အခြား စွမ်းအင်တွေက ပေးပါတယ်။

ရေအားဆိုတာကလည်း ဆည်တွေ တမံတွေ အားကောင်း မောင်းသန်ဖြစ်ပါမှ ရာသီဥတုလည်း ကောင်းပါမှ။ အဲဒီ ဆည်တွေ မှာလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေ ရှိနေတယ်။ ဓာတ်ငွေ့နဲ့ ကျောက်မီးသွေးဆိုတဲ့ လျှပ်စစ် အရင်းအမြစ်တွေက လည်း အနာဂတ်အတွက် မဖူလုံနိုင်ဘူး။ တွင်းထွက် သယံဇာတ ဆိုတဲ့အတိုင်း အချိန်တန် ကုန်သွားမယ့် ပစ္စည်းတွေဖြစ်ပါတယ်။

အဲဒီတော့ သဘာဝကနေ အမြဲတမ်း ရနေမယ့် ပြန်လည် ပြည့်မြဲစွမ်းအင်တွေကနေ ကျွန်တော်တို့ လျှပ်စစ်ထုတ်နိုင်မလား။ ဥပမာနေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေနဲ့ လျှပ်စစ်ကို သုံးကြမလားပေါ့။ ကျေးရွာတွေဘက်မှာ အသုံးပြုနေပေမယ့် တွင်တွင်ကျယ်ကျယ်တော့ မရှိသေးဘူး။

အဲဒီတော့ ဒီလို သဘာဝကနေ ထုတ်မယ့် လျှပ်စစ်စွမ်းအင် နဲ့ဆို သဘာဝပတ်ဝန်းကျင်လည်း မထိခိုက်၊ ရေရှည်လည်း သုံးစွဲ နိုင်မယ်လို့ ကျွန်တော့် ဉာဏ်တထွာတစ်မိုက်နဲ့ စဉ်းစားမိတယ်။ လုပ်ငန်းသုံးတွေ၊ စက်ရုံသုံးတွေ အတွက်တော့ ဘယ်လိုတွေ ဆောင်ရွက်ကြမလဲ ပညာရှင်တွေ တွေးတော ကြံဆရင် ထွက်လာ နိုင်လောက်ပါတယ်။

ကျွန်တော်ကတော့ နည်းလမ်းနှစ်ခု ရွေးထားပြီးဖြစ်တဲ့ အတွက် အစိုးရမင်းများ စီမံ မဆောင်ရွက်ပေးနိုင်ရင်တော့ တော နယ်လေးတစ်ခုကို ထွက်ပြေးဖို့ စဉ်းစားထားပါတယ်။ လောလော ဆယ်တော့ ထွက်ပြေးပြီး နေဖို့ မြေနေရာလေးတစ်နေရာ ဝယ်နိုင် အောင် ပိုက်ဆံစုရပါဦးမယ်။

သိတဲ့အတိုင်းပဲ ရန်ကုန်မှာ အိမ်က စထွက်ကတည်းက အိမ်ပြန်ရောက်ချိန်အထိ ငွေလမ်းခင်းသွားရတာဆိုတော့ စုနိုင်ဖို့ က တော်တော် ကြိုးစားရမှာပါ။ ဒါကြောင့် မိတ်ဆွေတို့လည်း မီးလုံးဝမရှိတော့ရင် ဘယ်လိုနေကြမလဲဆိုတာကို ကြိုတင် စဉ်း စားသင့်နေပြီလို့ အကြံပြုလိုက်ပါရစေ။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."