၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Feature ဖြစ်ပါသည်။
အိရွှေဖြူ ရေးသည်။
ကိုအောင်အောင်မျိုးတို့ မိသားစု သုံးယောက် မိတ်ဆွေတစ်ယောက်ဆီ ကနေ အိမ်အပြန်၊ သားဖြစ်သူက ရေ ဆာလာတာကြောင့် လမ်းဘေးဇရပ် တစ်ခုပေါ်မှာရှိတဲ့ သောက်ရေအိုးဆီကို တက်သွားလိုက်တယ်ဆိုရင်ပဲ သူ့သား ရဲ့ အထိတ်တလန့်အော်သံကို ကြား လိုက်ရပါတယ်။ စိုးရိမ်စိတ်နဲ့ သွား ကြည့်လိုက်တဲ့အခါ သူတို့ရဲ့ ကိုးနှစ် အရွယ်သားလေးကို ဇရပ်ပေါ်မှာရှိနေ တဲ့လမ်းဘေးခွေးတစ်ကောင်က ကိုက် လိုက်တာကို တွေ့လိုက်ရပါတယ်။
ချက်ချင်းဆိုသလိုပဲ ကလေးကို သူတို့နေထိုင်ရာ မကွေး တိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ အေးသာယာရပ်ကွက်ထဲက ဆေးခန်းတစ်ခုကို ခေါ်သွားပါတယ်။ ဒါပေမဲ့ ဆေးခန်းမှာ ခွေးရူး ရောဂါကာကွယ်ဆေး မရှိပါဘူး။ ပြင်ပက ဝယ်ထိုးမယ်ဆိုရင် ဆေးတန်ဖိုးက ကျပ်သုံးသောင်းကျော်နေတာကြောင့် ဆေးဖိုး မတတ်နိုင်လို့ ဝယ်မထိုးနိုင်ခဲ့ပါဘူး။
ဆရာဝန်ကလည်း အနာကျက်ဆေးထိုးထားပြီး ကိုက်တဲ့ ခွေးကို ၁၀ ရက်အထိစောင့်ကြည့်ဖို့နဲ့ မူမမှန်တဲ့ လက်္ခဏာတွေ့ မှသာ ဆေးရုံကိုသွားဖို့ အကြံပေးပါတယ်။ ဒါကြောင့် ကလေးရဲ့ ဘယ်ဘက်လက်က ခွေးကိုက်တဲ့ ဒဏ်ရာကို ဆေးထည့်၊ အနာ ကျက်ဆေးထိုးပြီး ပြန်လာခဲ့ကြပါတယ်။
သီတင်းသုံးပတ်အကြာမှာတော့ ခွေးကိုက်တဲ့ဒဏ်ရာ ကျက်သွားခဲ့ပေမယ့် သူတို့သားလေးဟာ ရေမြင်ရင် တဆတ် ဆတ် တုန်လာပါတော့တယ်။ ရေလည်းတိုက်လို့ မရတော့ပါဘူး။
ဒါကြောင့် နောက်ထပ်ဆေးခန်းတစ်ခုကို သွားပြပါတယ်။ ဆေးခန်းက စမ်းသပ်ပြီး ရေနံချောင်းဆေးရုံကို သွားဖို့ ဩွန် ကြားလိုက်ပါတယ်။ သူတို့လည်း မရှိရှိတာ ရှာဖွေပြီး ဆေးရုံကို သွားတော့ ဆရာဝန်က ဖြစ်ဖြစ်ချင်း ဆေးရုံမလာတဲ့အတွက် သူ တို့ကို မာန်မဲပါတယ်။ ပြီးတော့ မကွေးဆေးရုံကို တန်းလွှတ် ပါတယ်။
မကွေးဆေးရုံရောက်တော့ ကလေးက ရေမြင်ရင် ကြောက်လန့်နေပြီး ပါးစပ်ကနေ သွားရည်တွေကျနေပါပြီ။ ရေ လည်း မသောက်တော့ဘဲ ညဘက်ဆို မအိပ်တော့ဘူးလို့ မိခင် ဖြစ်တဲ့ မလဲ့လဲ့ထွန်းက ပြောပါတယ်။

လေလွင့်ခွေးများကို စည်ပင်မှရှင်းလင်း
Photo-Thet Oo Mon
လေလွင့်ခွေးများကို စည်ပင်မှရှင်းလင်း
““အိပ်တော့ သားရယ် ဆိုတော့ “သားက မအိပ်တတ်တော့ ဘူးအမေ” လို့ ပြန်ပြောတယ်။ အဖေနဲ့ အမေကိုတော့ သတိ တစ်ချက်ကလေးမှ မလစ်ဘူး။ ကျောင်းကိုလည်း သတိ မလစ် ဘူး။ သူ့ကိုချိတ်ထားတဲ့ ဆေးဘူးကိုပဲ သူကြောက်နေတယ်””လို့ ကလေးအခြေအနေကို သူက ဆက်ပြောပြပါတယ်။
မကွေးဆေးရုံရောက်ပြီး နောက်တစ်ရက် ညနေပိုင်းမှာ တော့ သူတို့ရဲ့ တစ်ဦးတည်းသောသားလေးဟာ ဆုံးပါးသွားခဲ့ပါ တော့တယ်။ သူ့သားလေးကို ခွေးကိုက်တဲ့အချိန်က စက်တင်ဘာ ဖြစ်နေတာကြောင့် နွေခေါင်ခေါင် လက်ပံပွင့်ချိန်ကသာ ခွေးရူး ရာသီဖြစ်တယ်လို့ ထင်ထားတဲ့ သူတို့အတွေးမှားတယ်ဆိုတာကို သူတို့ရဲ့သားလေးက သက်သေပြသွားပါတော့တယ်။
သူတို့မိသားစုဟာ အထိန်းအကွပ်မရှိ ပေါက်ဖွားနေတဲ့ ခွေးလေခွေးလွင့်တွေရဲ့ အ်္တရာယ်ပေးမှုကြောင့် ထိခိုက်ခံစားခဲ့ ရတဲ့ မိသားစုတစ်စု ဖြစ်ပါတယ်။
အထိန်းအကွပ်မရှိ ပေါက်ဖွားနေတဲ့ လေလွင့်ခွေးတွေဟာ အများပြည်သူ စိတ်အေးချမ်းသာ သွားလာနိုင်မှုကို ဟန့်တားနေ ကြသလို ခွေးရူးရောဂါဗိုင်းရပ်စ်ကို အဓိကလက်ခံဖြန့်ဝေနေတဲ့ သတ်္တဝါတွေဖြစ်တာကြောင့် လေလွင့်ခွေးတွေကို အချိန်မီ ထိန်း ချုပ်သင့်နေပြီလို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။
မြန်မာနိုင်ငံ တိရ်္ဆာန်ဆေးကုဆရာဝန်များအသင်း (Myanmar Veterinary Association) အထွေထွေအတွင်း ရေးမှူး ဒေါက်တာစိုးမင်းက ““လေလွင့်ခွေးကောင်ရေ များလေ လေ ခွေးရူးရောဂါပိုး (Rabies Virus) ရှိတဲ့ နှုန်းက များလေ လေ””လို့ ပြောပါတယ်။
ခွေးရူးရောဂါဖြစ်ပွားရခြင်းရဲ့ ၉၉ ရာခိုင်နှုန်းဟာ ခွေးရူး ရောဂါရှိနေတဲ့ ခွေးကိုက်လို့ဖြစ်ပြီး အဲဒီ ၉၉ ရာခိုင်နှုန်းမှာမှ ၈၀ ရာခိုင်နှုန်းလောက်က လေလွင့်ခွေးကြောင့် ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
လေလွင့်ခွေး ပေါများတဲ့ နိုင်ငံ
မြန်မာနိုင်ငံမှာ ခွေးကောင်ရေနဲ့ပတ်သက်လို့ စာရင်းတိတိ ကျကျ ကောက်ခံထားတာမျိုးမရှိပေမယ့် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရဲ့ ၂၀၁၆ ခန့်မှန်းစာရင်းအရ မြန်မာနိုင်ငံမှာ ခွေးကောင်ရေ လေးသန်းခန့်ရှိပြီး ခွေးအားလုံးရဲ့ ၈၀ ရာခိုင်နှုန်း (ခွေးကောင်ရေ သုံးဒသမနှစ်သန်း) ဟာ လေလွင့်ခွေးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီ လေလွင့်ခွေးအရေအတွက်ဟာ ရန်ကုန်မြို့လူဦးရေ ထက်ဝက်နီးပါး ရှိနေတာဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံဦးရေနဲ့ အချိုးချကြည့်ရင် လူ ၁၆ ယောက်မှာ ခွေးတစ်ကောင်နှုန်း ရှိနေ တာပါ။
ခွေးပမာဏ များနေတာဟာ ခွေးတွေကို ချစ်လို့၊ ဘာသာ ရေးယုံကြည်မှု၊ ယတြာစတဲ့အကြောင်းအမျိုးမျိုးနဲ့ အစာကျွေး သူတွေကြောင့် စိတ်ကြိုက် သားပေါက်နိုင်နေတာ ဖြစ်တယ်လို့ ယူဆကြသလို တချို့ကျတော့လည်း အစိုးရက လုံခြုံတဲ့ အမှိုက် သိမ်းစနစ်ကို မဖော်ဆောင်နိုင်တာကြောင့် လမ်းဘေးမှာ စား သောက်ပြီး ခွေးတွေ ရှင်သန်များပြားလာတာ ဖြစ်တယ်လို့ မော် ကွန်းက ချဉ်းကပ်မေးမြန်းခဲ့သူတွေက ပြောပါတယ်။
ရန်ကုန်၊ လှိုင်မြို့နယ် ချောင်းဝဘုန်းကြီးကျောင်းထဲက ခွေးတွေအပြင် ရပ်ကွက်ထဲက ခွေးတွေကိုပါ ထမင်းနဲ့ ဟင်းတွေ ကို ထုပ်ပြီး ကားနဲ့လှည့်လှည်ကာ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ကျွေးမွေးနေတာ ၁၀ နှစ်ရှိပြီဖြစ်တဲ့ ဦးစိုးကြည်ကတော့ ““အစာ ကျွေးတာက သံယောဇဉ်ရှိတာလည်း ပါတယ်။ သူလည်း အသက် တစ်ချောင်းပဲ။ ခွေးကိုကျွေးတာလည်း ကုသိုလ်ရတယ်လေ။ တို့က ဗုဒ်္ဓဘာသာတွေကိုး””လို့ ပြောပါတယ်။
စမ်းချောင်းမြို့နယ်မှာ နေထိုင်တဲ့ အသက် ၄၂ နှစ်အရွယ် ဒေါ်နီလာအောင်ကတော့ ““(သူတို့က) ကုသိုလ်လိုချင်လို့ အစာ ကျွေးတယ်ဆိုပေမယ့် ကိုယ်တွေကတော့ စိတ်ညစ်တယ်””လို့ ဆိုပြီး ခွေးလေခွေးလွင့်တွေ လျော့နည်းလာအောင် အစာကျွေး တဲ့ သူတွေ မရှိဖို့ လိုတယ်လို့လည်း သူ့အမြင်ကို ဆိုပါတယ်။
၂၀၁၈ အောက်တိုဘာ ၁ ရက်မှာ စတင် အသက်ဝင်တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ အခန်း ၂၉၊ ပုဒ်မ ၃၂၂၊ ပုဒ်မခွဲ (မ) အရ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာများမှာ တိရ်္ဆာန်များကို အစာကျွေးမွေးခြင်း မပြုရဟု ပါရှိပြီး ကျူးလွန် ပါက ဒဏ်ငွေ ကျပ် ငါးသောင်းမှ တစ်သိန်းအထိ ဖြစ်စေ၊ ထောင် ဒဏ် သုံးလအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည် ဟု ဖော်ပြထားပါတယ်။
တိရ်္ဆာန် ညှဉ်းပန်းနှိပ်စက်မှု ကာကွယ်ရေးကွန်ရက်ဥက်္ကဋ္ဌ ဦးသန့်ဇင်က လေလွင့်ခွေးတွေ ပေါများနေတာဟာ အစိုးရ အဆက်ဆက်က ခွေးကိစ်္စကို အရေးတယူ စိတ်ဝင်စားမှုမရှိခဲ့လို့ ခွေးမျိုးပွားမှုတွေက များပြားနေပြီး ယနေ့အချိန်မှာ ခွေးနဲ့ ပြည် သူအကြား ပဋိပက်္ခဖြစ်ပွားနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မေ့ဆေးပေးခံထားရသည့် လေလွင့်ခွေးတစ်ကောင်
Photo-Ei Shwe Phyu မေ့ဆေးပေးခံထားရသည့် လေလွင့်ခွေးတစ်ကောင်
သင်္ဃန်းကျွန်းမြို့နယ်၊ ဗိုလ်ကံညွန့်ရပ်ကွက်မှာ နေထိုင်တဲ့ မနော်ရာမောင်ဟာ ရပ်ကွက်ထဲက ခွေးတွေ အမြဲတမ်း အုပ်စု ဖွဲ့နေတာကြောင့် ခွေးရန်ကို စိုးရိမ်လို့ သမီးနှစ်ယောက်ကို တိုက် အောက် ဆင်းဆော့ခိုင်းလေ့မရှိသလို ကျောင်းအသွားအပြန်ကို လည်း ဆိုက်ကားနဲ့ ကြိုပို့တယ်လို့ဆိုပါတယ်။
အဲဒီလို ဂရုစိုက်နေတဲ့ကြားက လွန်ခဲ့တဲ့ သုံးလနီးပါးက သူ့သမီးငယ်ဟာ ကျောင်းမုန့်စားဆင်းချိန်မှာ လေလွင့်ခွေး ကိုက် ခံခဲ့ရပါတယ်။ ဒါပေမဲ့ ကလေးက ချက်ချင်းမပြောပြတာကြောင့် ခွေးရူးကာကွယ်ဆေးထိုးချိန်ဟာ ၂၄ နာရီကျော် သွားခဲ့ပါ တယ်။
ဆေးထိုးချိန် နောက်ကျသွားတာကြောင့် အဲဒီအချိန်မှာ ထိုးလိုက်တဲ့ ကာကွယ်ဆေးဟာ လက်ရှိ ကိုက်လိုက်တဲ့ ခွေးက ကူးစက်မယ့် ဗိုင်းရပ်စ်ကို တားဆီးနိုင်မယ်လို့ အာမမခံဘဲ နောက် ခွေးကိုက်ရင် ကူးစက်လာမယ့် ဗိုင်းရပ်စ်တွေအတွက်သာ အာမခံ တယ်လို့ သူနာပြုက ပြောလိုက်တဲ့စကားကြောင့် မနော်ရာ မောင်ရဲ့ စိုးရိမ်စိတ် မြင့်တက်ခဲ့ရတယ်လို့ ဆိုပါတယ်။
က်္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) ရဲ့ ၂၀၁၈ စက်တင်ဘာလမှာ ထုတ်ပြန်တဲ့ အချက်အလက်အရ ခွေးရူးရောဂါပိုးရဲ့ ပိုးပျိုးချိန်ဟာ ဗိုင်းရပ်စ် စတင်ဝင်ရောက်တဲ့ နေရာပေါ် မူတည်ပြီး တစ်ပတ်မှ တစ်နှစ်ထိ ကြာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ခွေးရူးရောဂါကာကွယ်ဆေး ထိုးဖို့ပြင်ဆင်နေစဉ်
Photo-Ei Shwe Phyu ခွေးရူးရောဂါကာကွယ်ဆေး ထိုးဖို့ပြင်ဆင်နေစဉ်
ခွေးရူးရောဂါ
က်္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ယခုနှစ် ခန့်မှန်းတွက်ချက်မှုအရ နှစ်စဉ် က်္ဘာပေါ်ရှိ လူဦးရေ ၁၀ သန်းဟာ ခွေးကိုက်ခံနေကြရပြီး လူဦးရေ ၅၉,၀၀၀ ဟာ ခွေးရူးရောဂါနဲ့ သေဆုံးနေကြတယ်လို့ ဆိုပါတယ်။ သဘောက ကိုးမိနစ်မှာ တစ်ယောက်နှုန်း သေဆုံးနေ တာ ဖြစ်ပါတယ်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ စာရင်းတွေအရ မြန်မာ နိုင်ငံမှာ ၂၀၀၅ ဇန်နဝါရီကနေ ၂၀၁၈ စက်တင်ဘာကုန်အထိ ခွေးရူးရောဂါကြောင့် သေဆုံးသူ ၂,၃၁၀ ရှိခဲ့တယ်လို့ ဖော်ပြထား ပါတယ်။ ဒီစာရင်းက ဆေးရုံတွေမှာ လာတက်ရင်း သေဆုံးခဲ့တဲ့ လူနာစာရင်းတွေကိုပဲ ပြုစုထားတာဖြစ်ပါတယ်။ ဆေးရုံ၊ ဆေး ခန်းတွေကို ရောက်မလာဘဲ သေဆုံးသွားသူတွေရဲ့စာရင်းမပါ တာကြောင့် ခွေးရူးရောဂါပိုးကြောင့် အမှန်တကယ် သေဆုံးသူ စာရင်းဟာ ဒီထက်များပြားမယ်လို့ ဆိုနိုင်ပါတယ်။
အာဆီယံခွေးရူးရောဂါပပျောက်ရေး မဟာဗျူဟာအရ အာဆီယံဆယ်နိုင်ငံအတွင်း ခွေးရူးရောဂါကြောင့် သေဆုံးသူ ဦးရေမှာ မြန်မာနိုင်ငံက အများဆုံးဖြစ်ပါတယ်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာန စာရင်းများအရ ၂၀၁၇ မှာ ခွေးကိုက်ခံရပြီး ကာကွယ်ဆေးလာထိုးသူ ဦးရေ တစ်သိန်းရှစ် သောင်းကျော် (၁၈၀,၃၆၇) ရှိပြီး ၂၀၁၈ စက်တင်ဘာထိ တစ်သိန်းလေးသောင်းကျော် (၁၄၂,၉၂၁) ရှိတယ်လို့ ဖော်ပြ ထားပါတယ်။

မျိုးထိန်းခွဲစိတ်ရန် ခွေးတစ်ကောင်ကို သယ်လာစဉ်
Photo-Ei Shwe Phyu မျိုးထိန်းခွဲစိတ်ရန် ခွေးတစ်ကောင်ကို သယ်လာစဉ်
လူနဲ့ တိရ်္ဆာန်တွေကို ခွေးရူးရောဂါဖြစ်နေတဲ့ ခွေး၊ ကြောင် အကိုက်ခံရခြင်းနဲ့ အစွယ်နဲ့ ခြစ်မိခြင်းတွေ ခံရရင် ခွေးရူးရောဂါ ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ပါတယ်။ ကိုက်ခံရတဲ့သူရဲ့ သွားရည်ဟာ အခြားလူရဲ့ ဒဏ်ရာပေါ်ကို ထိတွေ့ပါကလည်း ထပ်မံကူးစက်နိုင် ပါတယ်။ ခွေးရူးရောဂါဗိုင်းရပ်စ်ဟာ အကိုက်ခံရတဲ့ ဒဏ်ရာကနေ တစ်ဆင့် အာရုံကြောတွေကို ဖြတ်သန်းသွားပြီး တံတွေးမှာ သွား ရောက်နေထိုင်တာ ဖြစ်ပါတယ်။
ခွေးအကိုက်ခံရပြီဆိုရင် ၂၄ နာရီအတွင်း ကာကွယ်ဆေး ထိုးဖို့ လိုအပ်တယ်လို့ ကြည့်မြင်တိုင်မြို့နယ်မှာ တိရ်္ဆာန်ဆေးခန်း ဖွင့်ထားတဲ့ ဒေါက်တာမင်းထွဋ်က ပြောပါတယ်။ ယင်းအချိန်ထက် ကျော်လွန်ပါက ရောဂါပိုးဝင်ဖို့ အခွင့်အလမ်းပေးသလို ဖြစ်သွား ပြီး ရောဂါပိုးကိုဟန့်တားဖို့ နောက်ကျနိုင်တယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ကိုက်တဲ့ခွေးက ခွေးရူးဖြစ်ကြောင်း သေချာပါက ခွေးရူးရောဂါကာကွယ်ဆေးအပြင် ခွေးရူးရောဂါပိုးမဝင်ရန် ပဋိဇီဝဆေးဖြစ်တဲ့ Immunoglobulin ပါ ထိုးဖို့ လိုတယ်လို့ ဆိုပါတယ်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ တိရ်္ဆာန်ဆေးကုဆရာဝန်များအသင်းနဲ့ မြန်မာ့ခွေးရူးရောဂါကာကွယ်ရေးအသင်းက ၂၀၁၆ က်္ဘာ့ခွေးရူး ရောဂါနေ့အတွက် ထုတ်ဝေထားတဲ့ ပိုစတာမှာတော့ ခွေးကိုက်ခံ ရရင် ဒဏ်ရာကို ရေများများသုံးကာ ဆပ်ပြာနဲ့ ၁၅ မိနစ်ခန့် သေ ချာစွာဆေးကြောပြီး ပိုးသတ်ဆေးရည် တစ်မျိုးမျိုး ထည့်ပေးဖို့ ဖော်ပြထားပါတယ်။
Rabies Virus (ပိုး)ကို လိုင်ပိုပရိုတင်း (LYPOPROTEIN) လို့ခေါ်တဲ့ အဆီတစ်မျိုးနဲ့ ဖုံးအုပ်ထားတယ်။ အဲဒီ လိုင်ပိုပရိုတင်းက ဆပ်ပြာမှာ ပါရှိတဲ့ ဆိုဒီယမ်ကာဗွန်နိတ် ြေ၂ဃသ၃ နဲ့ ထိတွေ့လိုက်တဲ့အခါ အဆီက ပေါက်သွားပြီးတော့ ရေတွေ ဝင်လာခဲ့အခါ အဲဒီဗိုင်းရပ်စ်က ဆက်လက် အသက်မရှင် နိုင်တော့ဘဲ သေသွားတယ်””လို့ ဒေါက်တာစိုးမင်းက ပြောပါတယ်။
ခွေးရူးရောဂါဆိုတာက ၁၂ ရာသီလုံး ဖြစ်နိုင်တဲ့ ရောဂါပိုး ဖြစ်ပြီး ကူးစက်ခံရပါက ““တစ်ရာ ရာခိုင်နှုန်း သေနိုင်တဲ့ရောဂါ””ဖြစ်တယ်လို့ သူကဆိုပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးထိုးမယ် ဆိုရင်တော့ ရာနှုန်းပြည့် ကာကွယ်တားဆီးလို့ရတဲ့ ရောဂါဖြစ် တယ်လို့ သူက ဆက်ပြောပါတယ်။

မင်းကွန်းတောရ ကျောင်းတိုက်မှ လေလွင့်ခွေးတွေကို ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနေစဉ်
Photo-Ei Shwe Phyu မင်းကွန်းတောရ ကျောင်းတိုက်မှ လေလွင့်ခွေးတွေကို ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနေစဉ်
ခွေးကောင်ရေ ဘယ်လို လျှော့ချမလဲ
ခွေးကိုက်ခံရနှုန်းနဲ့ ခွေးရူးပြန်ရောဂါ ဖြစ်ပွားနှုန်း လျှော့ချ နိုင်ဖို့ ခွေးလေခွေးလွင့်တွေကို လျှော့ချရမှာဖြစ်တယ်လို့ ပညာရှင် တွေက ထောက်ပြကြပေမယ့် အကောင်အထည်ဖော်တဲ့အပိုင်းမှာ စိန်ခေါ်မှုတွေ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ခွေးလေခွေးလွင့်တွေကို လျှော့ချဖို့ အဆိပ်ချ သတ် ခြင်း၊ ဂေဟာပို့ခြင်းနဲ့ သားဆက်ခြားခြင်းစတဲ့ နည်းလမ်းသုံးခုနဲ့လေလွင့်ခွေးတွေကို ရှင်းလင်းနေတာဖြစ်တယ်လို့ တိရ်္ဆာန် ဆေးကုနှင့် အသားထုတ်လုပ်ရုံများဌာနက ဩန်ကြားရေးမှူး ဦးမျိုးလွင်က ဆိုပါတယ်။
အဆိပ်ချသတ်ခြင်းကို ၁၉၂၂ ကတည်းက လုပ်ဆောင်ခဲ့ တာ ဖြစ်ပြီး သားဆက်ခြားနည်းကိုတော့ ၂၀၁၄ မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဂေဟာစနစ်ကို ၂၀၁၇ ဒီဇင်ဘာမှာ စတင်ခဲ့တာ ဖြစ်ပြီး လှိုင်သာယာမြို့နယ်မှာ ဖွင့်လှစ်ထားကာ ခွေးကောင်ရေ ၃၀၀ ကို လက်ခံ စောင့်ရှောက်ပေးထားတာ ဖြစ်ပါတယ်။
ဒေါက်တာစိုးမင်းကတော့ အဆိပ်ကျွေးတဲ့နည်းလမ်းက ရေတိုဖြေရှင်းနည်းလမ်းတစ်ခုဖြစ်ပြီး ““အတိုင်းအတာတစ်ခု လောက်ထိတော့ ဖြစ်သင့်တယ်””လို့ ဆိုပါတယ်။ ရေရှည်အနေ နဲ့ကတော့ ခွေးသားပေါက်နှုန်းကို ထိန်းချုပ်ဖို့ပဲ ဖြစ်တယ်လို့ ဒေါက်တာစိုးမင်းက အကြံပြုပါတယ်။
ခွေးမတစ်ကောင်ဟာ တစ်နှစ်မှာနှစ်ကြိမ် သားပေါက် နိုင်ပြီး အနည်းဆုံး လေးကောင်မှ ၁၀ ကောင် အထိပေါက်ကာ သက်တမ်းအားဖြင့် ပျမ်းမျှ ၁၀ နှစ်ခန့်ရှိပါတယ်။ ဒါကြောင့် ခွေးကောင်ရေ မလျှော့ချမချင်း ဆက်လက်ပေါက်ပွားနေမှာ ဖြစ်တဲ့အပြင် ပေါက်သလောက်ကို ခွေးရူးရောဂါ ကာကွယ်ဆေး လည်း လိုက်မထိုးနိုင်တဲ့အတွက် ဖြစ်တယ်လို့ သူက ဆိုပါတယ်။
အဆိပ်ကျွေးသတ်တဲ့နည်းလမ်းနဲ့ ခွေးဂေဟာတွေကို ပို့တာက လေလွင့်ခွေး ပပျောက်ဖို့ အဖြေမဟုတ်ဘဲ သားပေါက် နှုန်းထိန်းချုပ်ခြင်း နည်းလမ်းကသာ နိုင်ငံတကာမှာ ကျင့်သုံးနေ တာ ဖြစ်ပြီး ခွေးကောင်ရေကို လျှော့ချနိုင်မှာ ဖြစ်တယ်လို့ ခွေး ချစ်သူတွေအပါအဝင် တိရ်္ဆာန်ဆရာဝန်တွေလည်း ဆိုကြပါတယ်။
တိရ်္ဆာန်ညှဉ်းပန်းနှိပ်စက်မှု ကာကွယ်ရေးကွန်ရက်ဥက်္ကဋ္ဌ ဦးသန့်ဇင်က ခွေးတွေကို မမြင်ချင်လို့ ရွှေ့လိုက်ရင် နောက်ရက် အနည်းငယ်ကြာရင် တခြားနေရာက ခွေးတွေက ထပ်ရောက် လာမှာဖြစ်ပြီး အသစ်တွေရောက်တိုင်းသာ ရှင်းရမယ်၊ သတ်ရ မယ် ဆိုရင်တော့ ဘယ်တော့မှ အဆုံးရှိမှာ မဟုတ်တော့ဘဲ သားဆက်ခြား မျိုးထိန်းနည်းကသာ ခွေးကောင်ရေ လျော့ကျ သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
သားဆက်ခြားမျိုးထိန်းနည်းဟာ ရေရှည်စီမံကိန်း ဖြစ်တာ ကြောင့် အချိန်အတိုင်းအတာတစ်ခုအထိတော့ ပေးဖို့လိုအပ်ပြီး သုံးနှစ်ကနေ လေးနှစ်အတွင်းမှာ ခွေးကောင်ရေသိသိသာသာကျ ဆင်းသွားမှာ ဖြစ်တယ်လို့ ဦးသန့်ဇင်ကပြောပါတယ်။
ဒေါက်တာစိုးမင်းက မွေးဖွားနှုန်းလျှော့ချတဲ့စနစ် အောင် မြင်ဖို့ တိရ်္ဆာန်ချစ်တဲ့သူတွေအနေနဲ့ ဝိုင်းဝန်းပူးပေါင်း ပါဝင်ပေး ဖို့လိုသလို နိုင်ငံတော် အစိုးရအနေနဲ့လည်း ခွေးပြဿနာကို သိရှိ ပြီး ပါဝင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

လေလွင့်ခွေးတစ်ကောင်ကို အစာကျွေးနေစဉ်
Photo-Ei Shwe Phyu လေလွင့်ခွေးတစ်ကောင်ကို အစာကျွေးနေစဉ်
ကာကွယ်ဆေးထိုးဖို့ အခက်အခဲ
ခွေးရူးရောဂါဖြစ်ပွားနှုန်း လျှော့ချနိုင်ဖို့ ခွေးလေခွေးလွင့် လျှော့ချရမှာဖြစ်သလို ခွေးတွေကိုလည်း ကာကွယ်ဆေးထိုးဖို့ လိုအပ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
က်္ဘာ့တိရ်္ဆာန်ကျန်းမာရေးအဖွဲ့ရဲ့ ပြောကြားချက်အရ ခွေးကောင်ရေရဲ့ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနိုင်မှသာ ခွေးရူးရောဂါကို ကာကွယ် ထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေနဲ့ ကမ်္တာ့တိရ်္ဆာန် ကျန်းမာရေးအဖွဲ့ OIE (World Organization For Animal Health) က လှူဒါန်းတဲ့ ခွေးရူးရောဂါကာကွယ်ဆေး လေးသိန်းနဲ့ ၂၀၁၃ ကနေ ၂၀၁၈အတွင်းမှာ တိုင်းနှင့်ပြည်နယ် အနှံ့အပြားက ခွေးတွေကို ခွေးရူးကာကွယ်ဆေး ထိုးနိုင်ခဲ့တယ်လို့ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနက ဩန်ကြားရေးမှူး ဒေါက်တာမင်းသိန်း မော်က ဆိုပါတယ်။ တစ်နိုင်ငံလုံး ခွေးကောင်ရေရဲ့ ဆယ်ရာခိုင် နှုန်းသာ ထိုးနိုင်ခဲ့တဲ့ သဘောပါ။
မြန်မာနိုင်ငံအနေနဲ့ ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံနိုင်တဲ့ အခြေအနေက ““တစ်တိုင်းပြည်လုံးကို ဆောင်ရွက်တာ မဟုတ်သေးပါဘူး””လို့ ဒေါက်တာမင်းသိန်းမော်ကပြောပါတယ်။
““တစ်တိုင်းပြည်လုံးကို ချက်ချင်းကြီးထလုပ်ဖို့က လူအင် အား၊ ငွေအင်အား၊ ဘတ်ဂျက်အင်အား၊ ဆေးလိုအပ်ချက်တွေက အများကြီးရှိတယ်”” လို့ သူက ဆိုပါတယ်။
လာမယ့် ၂၀၁၉ မှ ၂၀၂၁ အတွင်းမှာတော့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် နိုင်ငံတကာ တိရ်္ဆာန်များ ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုအဖွဲ့ (Four Paws International) တို့ ပူးပေါင်းပြီး ခွေး၊ ကြောင် အကောင်ရေတစ်သန်းကို ကာကွယ် ဆေးထိုးဖို့ ရှိတယ်လို့ ဒေါက်တာမင်းသိန်းမော်က ပြောပါတယ်။
က်္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ ဖြစ်တဲ့ စက်တင်ဘာ ၂၈ ရက်က အင်းစိန်မြို့နယ်၊ တောင်သူကုန်း ရပ် ကွက်မှာရှိတဲ့ မင်းကွန်းကျောင်းတိုက်မှာ မြန်မာနိုင်ငံတိရ်္ဆာန် ဆေးကုဆရာဝန်များအသင်းဝင်တွေ ခွေးရူးရောဂါကာကွယ် ဆေး သွားရောက်ထိုးကြပေမယ့် ခွေးကောင်ရေ ၅၀ ကျော်မှာ ၂၀ ကျော်ကိုပဲ ထိုးနိုင်ခဲ့ပါတယ်။
မင်းကွန်းတောရ ကျောင်းတိုက်က ဆရာတော်လက် ထောက် အရှင်ကဝိဒက ဒီလိုမျိုး ကာကွယ်ဆေးထိုးတဲ့ လူတွေ လာကြပေမယ့် လူတွေနဲ့ မယဉ်တဲ့အကောင်တွေက အကိုင်မခံ တာကြောင့် ခွေးကောင် ရေအကုန်လုံးကို ကာကွယ် ဆေးမထိုး နိုင်ဘူးလို့ မိန့်ပါတယ်။
အဲဒီလို အခြေအနေမျိုးမှာဆိုရင်တော့ ဆေးကို မှုတ် ပြောင်းထဲထည့်၊ ပါးစပ်နဲ့မှုတ်ပြီး ဆေးထိုးနိုင်သလို ပိုက်နဲ့ အုပ် ဖမ်းပြီးလည်း ဆေးထိုးနိုင်တယ်လို့ တိရ်္ဆာန်ဆရာဝန်တွေက ပြောပါတယ်။
မနိုင်ဝန် ထမ်းနေရတဲ့ ခွေးဂေဟာများ
လတ်တလောမှာတော့ အစိုးရက မရှင်းလင်းနိုင်သေးတဲ့ ခွေးလေခွေးလွင့်ပြဿနာကို ကူညီဖြေရှင်းပေးနေပြီး ပိုင်ရှင်မဲ့ လေလွင့်ခွေးတွေကို လက်ခံစောင့်ရှောက်ပေးနေတဲ့ ခွေး ဂေဟာတွေကလည်း လေလွင့်ခွေးလျော့ပါးသွားဖို့ မစွမ်းဆောင် နိုင်ကြဘူးလို့ တိရ်္ဆာန်ဆရာဝန်နဲ့ ဂေဟာပိုင်ရှင်ဖြစ်တဲ့ တိရ်္ဆာန် ချစ်သူတွေက ဆိုပါတယ်။
၂၀၁၃ နှစ်ဝက်လောက်က စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိမှာ လေလွင့်ခွေးအကောင် ၂၀၀ ခန့်ကို စောင့်ရှောက်ပေးနေတဲ့ Myat Thet Mon Animal Shelter ကို တည်ထောင်ထားတဲ့ မမြတ်သက်မွန်က နေရာထိုင်ခင်း၊ အလုပ်သမားနဲ့ ကျွေးမွေး စရိတ်တွေ စတဲ့ အခက်အခဲတွေကြောင့် ဂေဟာတွေဟာ လာပို့ သမျှ ခွေးတွေကို လက်မခံနိုင်ဘူးလို့ ပြောပါတယ်။
သူ့ဂေဟာဆီကို ခွေးပို့ချင်လို့ ဆက်သွယ်လာတဲ့သူဟာ တစ်ရက် ၁၀ ကြိမ်လောက်ရှိပြီး အကောင်ရေအားဖြင့် သုံးပတ်မှာ အကောင် ၄၀၀ ခန့် ရှိတယ်လို့ မမြတ်သက်မွန်က ဆိုပါတယ်။
အဲဒီလို ဆက်သွယ်လာသူတွေဟာ နေရာစုံက ဖြစ်ပြီး ဆေးရုံနဲ့ စာသင်ကျောင်းတွေကတော့ အများဆုံး ဆက်သွယ်လာ တာ ဖြစ်တယ်လို့ မကြာသေးခင်ကသူ ပြုစုခဲ့တဲ့ စာရင်းအရ ပြော ပါတယ်။ သူကတော့ ဆက်သွယ်သမျှ ခွေးတိုင်းကို လက်မခံနိုင်ဘဲ အရေးပေါ် နာမကျန်းဖြစ်နေတဲ့ လမ်းဘေးခွေးတွေနဲ့ အသတ်ခံရ ဆဲဆဲ ခွေးတွေကိုသာ လက်ခံတယ်လို့ ဆိုပါတယ်။
““ဂေဟာတွေမှာလည်းပဲ မနိုင်ဝန်ကို ထမ်းပိုးထားရပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်””လို့ သူက ဆို ပါတယ်။
ဂေဟာပို့လိုက်တဲ့ ခွေးတွေကို မျိုးပွားနှုန်းထိန်းချုပ်နိုင်မှာ ဖြစ်သလို ကာကွယ်ဆေးလည်း ထိုးမှာဖြစ်တဲ့အတွက် သက်တမ်း စေ့ နေသွားနိုင်မှာဖြစ်ပေမယ့် အပြင်မှာ ကျန်နေတဲ့ခွေးတွေက ပေါက်ချင်တိုင်း ပေါက်နေဦးမှာဖြစ်တဲ့အတွက် ဂေဟာစနစ်က အလုပ်မဖြစ်ဘူးလို့ ဒေါက်တာစိုးမင်းက ပြောပါတယ်။
အမျိုးသားအဆင့် မူဝါဒ
မြန်မာနိုင်ငံအနေနဲ့ ၂၀၃၀ မှာ အခြားနိုင်ငံများနည်းတူ ခွေးရူးရောဂါ ပပျောက်ကင်းစင်ရေးအတွက် အမျိုးသားအဆင့် မူဝါဒ(၂၀၁၇-၂၀၃၀) ကို ၂၀၁၆ ကတည်းက ရေးဆွဲလျက် ရှိ ပါတယ်။
က်္ဘာ့တိရ်္ဆာန်ကျန်းမာရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ကုလသမဂ်္ဂစားနပ်ရိက်္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၊ မြန်မာ နိုင်ငံ တိရ်္ဆာန်ဆေးကုဆရာဝန်များအသင်း၊ နေပြည်တော်၊ ရန်ကုန်နဲ့ မ်္တလေး အစရှိတဲ့ ဒေသမှ စည်ပင်သာယာရေးအဖွဲ့ များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ မွေးမြူရေးဆိုင်ရာဆေး တက်္ကသိုလ်တို့ ပူးပေါင်းပြီး နောက်ဆုံးအဆင့် မူကြမ်းကို ပြီးခဲ့တဲ့ ဇွန်လမှာ ရေးဆွဲခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြ ထားပါတယ်။
ဒီနှစ် မကုန်ခင်မှာ မူဝါဒအချောထွက်လာဖို့ မျှော်မှန်းထား ပြီး အတည်ပြုပြီးတဲ့အခါမှာ လွှတ်တော်မှာတင်ပြဖို့ ဆောင်ရွက် နေတယ်လို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဩန်ကြားရေးမှူး ဒေါက်တာမင်းသိန်းမော်က ပြောပါတယ်။
အဲဒီမူဝါဒမှာဆိုရင် ခွေးကောင်ရေလျော့နည်းပပျောက် ထိန်းချုပ်ဖို့ ခွေးထီးနဲ့ ခွေးမတွေကို မျိုးပွားနှုန်း ထိန်းချုပ်မယ့် အစီအစဉ်တွေ ပါဝင်မှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
အမျိုးသားအဆင့် စီမံကိန်း အတည်ပြု ထွက်ရှိလာပြီဆိုရင် တော့ ဘတ်ဂျက် ခွဲဝေချထားသူတွေကို အစီအစဉ် တင်ပြနိုင်ရင် စီမံကိန်းအကောင်အထည်ဖော်ဖ့ို ဘတ်ဂျက်တောင်းလာနိုင်မယ့် အနေအထားရှိလာမယ်လို့ ဒေါက်တာမင်းသိန်းမော်က ဆိုပါတယ်။
မြန်မာနိုင်ငံတိရ်္ဆာန်ဆေးကုဆရာဝန်များအသင်း အထွေ ထွေအတွင်းရေးမှူး ဒေါက်တာစိုးမင်းက အစိုးရရေးဆွဲနေတဲ့ မူဝါဒမှာ လေလွင့်ခွေးတွေကို အလုံးအရင်းနဲ့ ကာကွယ်ဆေးထိုး ရန်သာပါရှိပြီး ခွေးမွေးတဲ့လူတွေကို အခွန်ကောက်ဖို့နဲ့ ဂေဟာ တွေကို ထောက်ပံ့မယ့်အစီအစဉ်တွေ မပါဝင်ဘူးလို့ သူက ဆက် ပြောပါတယ်။
သူက ခွေးရူးရောဂါထိန်းချုပ်ကာကွယ်ဖို့ ခွေးကောင်ရေ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးခြင်း၊ မွေးဖွားနှုန်း လျှော့ ချခြင်း၊ စာသင်ကျောင်းများတွင် ပညာပေးအစီအစဉ်များလုပ် ခြင်းတို့အပြင် ပြည်ထောင်စုအဆင့်အနေနဲ့ ငွေကြေးရန်ပုံငွေ ခွဲဝေသတ်မှတ်ပေးတဲ့ ကိစ်္စကို မဖြစ်မနေ ပါအောင် လုပ်ပေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ခွေးကောင်ရေ ၇၀ ရာခိုင်နှုန်းကို လည်း ဆေးမထိုးနိုင်သေးသလို မွေးဖွားနှုန်းလျှော့ချတာကိုလည်း အင်တိုက်အားတိုက် မလုပ်နိုင်သေးပါဘူး။
““ခွေးရူးရောဂါရော လမ်းဘေးခွေးတွေကိုရော ပျောက်စေ ချင်တယ်ဆိုရင်တော့ ဘတ်ဂျက်ပေးကိုပေးရမယ်။ မပေးဘဲနဲ့ အလကားနေရင်း ပျောက်သွားမှာတော့ မဟုတ်ဘူး””လို့ ဒေါက် တာစိုးမင်းက ပြောပါတယ်။
အ်္တရာယ်က လက်တစ်ကမ်းမှာ
လေလွင့်ခွေးတွေ များနေတာဟာ ခွေးရူးရောဂါဖြစ်ပွားမှုနဲ့ တိုက်ရိုက်အချိုးကျနေတာကြောင့် မဖြစ်မနေ ဖြေရှင်းရမယ့် ပြဿနာဖြစ်ပြီး မဖြေရှင်းနိုင်ရင်တော့ က်္ဘာလုံးဆိုင်ရာ ရည် မှန်းချက်ဖြစ်တဲ့ ၂၀၃၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံအနေနဲ့ ခွေးရူး ရောဂါ သုညရာခိုင်နှုန်းထိ ထိန်းချုပ်မယ်ဆိုတဲ့ ရည်မှန်းချက် ဟာလည်း အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ ဒေါက်တာစိုးမင်းက သတိပေးပါတယ်။
ထို ခွေးလေခွေးလွင့်တွေကြောင့် ““အ်္တရာယ်က ကျွန်တော် တို့ အနီးအနားမှာ အမြဲတမ်းရှိနေတာပဲပေါ့””လို့ သူက ဆိုပါတယ်။
ခွေးရူးရောဂါကြောင့် သားဖြစ်သူ ဆုံးပါးခဲ့ရတဲ့ ကိုအောင် အောင်မျိုးတို့ ဇနီးမောင်နှံနှစ်ယောက်ဆိုရင် ခွေးတွေကို ကြောက်လို့ ခွေးမရှိဘူးထင်တဲ့ လမ်းတွေကို ရှောင်ကွင်းသွားလာ နေကြပါတယ်။ ဒါပေမဲ့ ခွေးမရှိတဲ့လမ်း မရှိတာကြောင့် သတိ ထားပြီး သွားရုံမှအပ ဘာမှမတတ်နိုင်ဘူးလို့ ကိုအောင်အောင်မျိုး က ပြောပါတယ်။
ဒါ့အပြင် ကိုအောင်အောင်မျိုးက ခွေးတွေကို မြင်တိုင်း ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်ကို ယခုလိုပြောပြပါတယ်။
““ခွေးမြင်ရင် ကြောက်လည်းကြောက်တယ်။ သတ်လည်း သတ်ချင်တယ်””

