အရာတော် – ၂၀၂၁ ဒီဇင်ဘာ ၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ ဒီကနေ့ နယ်ခံPDF တွေနဲ့ ပျူစောထီးတွေပါဝင်တဲ့စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပျူစောထီး ၅ ယောက်ခန့် သေဆုံးနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းက အရာတော်အရှေ့တောင်နယ်၊ သလဲဘာကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို အရာတော် – မြင်းမူ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မနက် ၄:၀၀ နာရီခန့်မှာ သလဲဘာရွာတွင်း၌ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး မနက် ၆:၀၀ နာရီခန့်မှာ စစ်ကောင်စီတပ်ဖွဲ့များ ဆုတ်ခွာသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
သလဲဘာရွာထဲမှ ပျူစောထီးခေါင်းဆောင်တွေရဲ့ နေအိမ်တချို့ကို ပြည်သူပိုင်အဖြစ် တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းချိတ်ပိတ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အလားတူ ဒီကနေ့မွန်းလွဲပိုင်းက ကန့်ဘလူမြို့နယ်မှာ ပျူစောထီး ခုနှစ်ယောက်လိုက်ပါလာတဲ့ ကားကို အဝေးထိန်းစနစ်ဖြင့် မိုင်းသုံးဆင့် ဆွဲကာ တိုက်ခိုက်ခဲ့ကြောင်း KBU-UG အဖွဲ့က အသိပေးထားပါတယ်။
#Dailynews

