စည်သူ
ရန်ကုန် -၂၀၂၀ ဇန်နဝါရီ ၂၄ (မော်ကွန်း)
နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကို ထောက်ခံတယ်ဆိုတဲ့ ဆန္ဒထုတ်ဖော်ပွဲကို ဒီကနေ့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒထုတ်ဖော်သူတွေက “သမ္မတနဲ့ UECကိုထောက်ခံပါတယ်၊ပြည်သူတင်မြောက်တဲ့ အစိုးရသစ်ကို ထောက်ခံပါတယ်၊တတိယအကြိမ် လွှတ်တော်ခေါ်ယူတာကို ထောက်ခံပါတယ်” ဆိုတဲ့ ကြွေးကြော်သံများနဲ့ အတူ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အဆိုပါ ထောက်ခံပွဲနဲ့ပတ်သက်ပြီး ဦးဆောင်သူ ဦးအောင်ကျော်က “ကိုယ်ရဲ့ရည်ရွယ်ချက်နဲ့ လုပ်တယ်။မှန်ကန်နေတဲ့ တစ်ခုကို ကျွန်တော်တို့က ပြောပြ ထောက်ခံမှသာလျင် သိမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်တာဖြစ်တယ်”လို့ပြောပါတယ်။
ဒီကနေ့ ဆန္ဒထုတ်ဖော်ပွဲကို တက်ကြွလှုပ်ရှားသူတွေက ဦးဆောင်ခဲ့ကြပြီး ဝန်းရံသူအင်အား ၅၀ခန့်က နေ့လည် ၃နာရီကနေ ၄နာရီအထိ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက လွှတ်တော်သုံးရပ်စလုံးမှာ နေရာစုစုပေါင်း ၉၀၀ကျော် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ပုံစာ – ယနေ့ရန်ကုန်မြို့တွင် ပြုလုပ်သည့် သမ္မတနှင့် UECထောက်ခံပွဲ
ဓာတ်ပုံ – SITHU
#Dailynews

