ရေး – ၂၀၂၄ ဩဂုတ် ၂၀ (မော်ကွန်း)
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စံပြကျေးရွာမှာ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) နဲ့ အာဏာသိမ်းစစ်တပ်တို့ပူးပေါင်းထားတဲ့အဖွဲ့နဲ့ ကေအဲန်ယူ တပ်မဟာ ၆ တပ်ဖွဲ့တွေ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တစ်နာရီကြာပစ်ခတ်မှုမှာ အာဏာသိမ်းစစ်တပ်ဘက်က တစ်ဦးသေဆုံးပြီး ရွာထဲက နွားနှစ်ကောင်သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
မနေ့က မွန်းလွဲ ၃း၀၀ နာရီလောက်မှာ ရေးမြို့နယ်၊ ဒုံဖီအုပ်စု၊ စံပြရွာထဲကို KNLA တပ်ရင်း ၂၇၊ တပ်ခွဲ ၃ က စစ်သားတစ်ဦး ပြန်လာတဲ့အချိန် DKBA က ဗိုလ်သိန်းတန်အဖွဲ့နဲ့ အာဏာသိမ်းစစ်တပ်ဘက်က စတင်ပစ်ခတ်တာကနေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ၎င်းဒေသခံကပြောပါတယ်။
“ရွာထဲမှာ ပြန်လာတဲ့ ကေအဲန်ယူတပ်သားတွေက သူတို့က စံပြရွာသားတွေပဲလေ၊ စစ်သားလုပ်ကြတာ၊ သူတို့အလည်ပြန်လာတာ၊ စစ်ကောင်စီတွေ့တော့ သူတို့ကိုပစ်တာ၊ သူတို့ပြန်လာတာ သေနတ်မပါဘူး၊ စကစ ဘက်ပစ်ပြီး သေနတ်သံခဏတိတ်သွားတယ်၊ မိနှစ် ၂၀ လောက်ကြာတယ်၊ ပြီးမှ နောက်တစ်ခေါက် ထပ်ဖြစ်တယ်လို့” အထက်ပါ ဒေသခံကပြောပါတယ်။
ပစ်ခတ်မှုတွေငြိမ်သက်ပြီးနောက်မှာလည်း အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလည်း ရှိတယ်လို့ ဒေသခံကဆိုပါတယ်။
စစ်တပ်ဟာ စံပြကျေးရွာထဲမှာ တပ်စွဲထားတာ တစ်လကျော်ကြာနေပြီလို့ စံပြရွာသားတစ်ဦးကပြောပါတယ်။
ရေးမြို့နယ်၊ နှင်းစုံအုပ်စု၊ နှင်းစုံကျေးရွာနဲ့ ဒုံဖီအုပ်စု၊ စံပြကျေးရွာတွေမှာ အာဏာသိမ်းစစ်တပ်ဟာ ဒီကေဘီအေအဖွဲ့တွေနဲ့အတူ တပ်စွဲထားပြီး မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ရွာသားတွေဟာ စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။
အခုလ ၁ရက်ကလည်း ရေးမြို့နယ်၊ နှင်းစုံအုပ်စု၊ နှင်းစုံကျေးရွာထဲမှာ DKBA-အာဏာသိမ်းစစ်တပ်နဲ့ ကေအဲန်ယူတို့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
အခုလ ၁၄ရက်မှာလည်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ ကေအဲန်ယူ – တောင်ညိုစစ်ကြောင်းတို့ ချောင်းမြောင်းတိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်ကငါးဦးသေဆုံးပြီး နှစ်ဦးပြင်းထန် ဒဏ်ရာရသွားတယ်လို့ တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
တောင်ပိုင်း သံဖြူဇရပ်-ရေး-ထားဝယ် လမ်းမခွင်မှာ ကေအဲန်ယူတပ်ရင်းတွေ၊ ရေးဘီလူးအဖွဲ့၊ NUG အဖွဲ့လက်အောက်ခံ တောင်ညို၊ ဒေါနစစ်ကြောင်းတွေ၊မွန်ပြည်သစ်အပါအဝင် မွန်တော်လှန်ရေးတပ်ဖွဲ့တွေ၊ ကျောင်းသားတပ်မတော်(ABSDF)၊ ဒီကေဘီအေ၊ နယ်ခြားစောင့်တပ်(BGF)နဲ့ အာဏာသိမ်းစစ်တပ်တို့ လှုပ်ရှားပါတယ်။
ပုံစာ – ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ရေးမြို့၊ စံပြရွာနဲ့ နှင်းစုံရွာ
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

