ဓါတ်ပုံ – ပြည်သူ့ မီဒီယာ ကွန်ယက်-မုံရွာ
မုံရွာနယ် – ၂၀၂၁ ဇွန် ၃၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း မုံရွာမြို့က မုံရွာပင်မသပိတ်စစ်ကြောင်းဟာ ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့မှာ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းကဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းဆီ သွားရောက်ပူးပေါင်းပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြပါတယ်။
မုံရွာပင်မသပိတ်ဦးဆောင်ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြည်သူလူထုကို နိုင်ငံရေးတရားများ မကြောက်တရားများဟောပြောခဲ့ပြီး စစ်အာဏာရှင်ကိုအမြစ်ဖြတ်တိုက်ထုတ်ရမည်ဖြစ်ကြောင်း၊ “ဘူး” သပိတ်ကိုပိုမိုအားကောင်းအောင် ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ သပိတ်စစ်ကြောင်းများရဲ့ အရေးပါမှုအခန်းကဏ္ဍနဲ့ PDF များစစ်ရေးအရပြင်ဆင်မှုများတွင် လုံခြုံရေး အထူးသတိရှိကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက မြို့နယ်နှစ်ခုပေါင်း ကျေးရွာသပိတ်စစ်ကြောင်းဟာ
ဆားလင်းကြီးမြို့နယ် ယင်းမာပင်အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြောက်ခြမ်းတို့ ပေါင်းစည်းထားတာဖြစ်ပြီး လူထုအင်အား အများအပြား ပါဝင်ခဲ့ကြပါတယ်။
#Dailynews

