မုံရွာ – ၂၀၂၁ အောက်တိုဘာ ၂၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် ခမရ ၁၆ ဂိတ်စောင့်တပ်သားတစ်ဦးကို ဒီကနေ့ ညနေ ၃ နာရီဝန်းကျင်က ပစ်သတ်ခဲ့ပြီး စစ်တပ်ဝင်းထဲအထိဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ မုံရွာအခြေစိုက် PDF-South Monywaအဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်တွေက အနီးနားရပ်ကွက်တွေထဲအထိ ရှာဖွေနေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ပစ်သံကြားတယ်၊ တစ်ယောက်သေတယ်၊ တစ်ယောက်ဒဏ်ရာရတယ်တဲ့။ အခုရပ်ကွက်ထဲ စစ်ကားတွေပတ်နေတာ အိမ်ရှေ့လမ်းမှာ တစ်စီးပြီးတစ်စီး ဖြတ်သွားနေတာ။ ခါတိုင်းအဲ့လိုမတွေ့ဘူး”လို့၎င်းဒေသခံကပြောပါတယ်။
အဲဒီပစ်ခတ်မှုကို People’s Defence Force – South Monywa, Monywa Heroes Groupနဲ့ Generation Defense Force အဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဂိတ်စောင့်စစ်သားတစ်ဦးသေဆုံးခဲ့ပြီး PDF အဖွဲ့တွေအနေနဲ့ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ထုတ်ပြန်ထားပါတယ်။
#Dailynews

