တောင်ကုတ် – ၂၀၂၄ စက်တင်ဘာ ၁၂ ( မော်ကွန်း)
မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရခိုင်ပြည်နယ် ၊တောင်ကုတ်မြို့ပေါ်က ရပ်ကွက်တစ်ချို့မှာ တောင်ကျချောင်းရေတွေ ဝင်ရောက်ကာ ရေနစ်မြုပ်နေပါတယ်။
တောင်ကုတ်မြို့ပေါ်ရှိ ဂူတာရပ်ကွက်အုပ်စုက ဆေးရုံကွက်သစ်၊ မီးစက်ကွက်သစ်၊ ကံပိုင်းရပ်ကွက်အုပ်စုက အင်းခုံတောင်၊ ချောင်းကောက်ရပ်ကွက်နှင့် သိမ်တောင်ရပ်ကွက်စတဲ့မြေနိမ့်ပိုင်းတွေမှာ ရေလွှမ်းမိုးနေတာပါ။
” မိုးက အဆက်မပြတ်ရွာနေတာက လေးရက်ရှိပြီ ။ မိုးကတအားသည်းတော့ တောင်ကျချောင်းရေတွေက အနိမ့်ပိုင်းရပ်ကွက်တွေကို ဝင်ပြီးတော့ အိမ်တွေပါနစ်မြှုပ်နေတယ်။ မိုးဒီလိုအဆက်မပြတ်ရွာပုံမျိုးနဲ့ဆို ရေကထပ်တက်လာနိုင်ခြေရှိပါသေးတယ်” လို့တောင်ကုတ်မြို့ခံတစ်ဦးကပြောပါတယ်။
လက်ရှိမှာ ရေနစ်မြှုပ်နေတဲ့ရပ်ကွက်တွေကဒေသခံအချို့ဟာ ရေထပ်တက်လာမှာကို စိုးရိမ်ပြီး ကုန်းမြင့်ပိုင်းဒေသက ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေဆီပြောင်းရွှေ့နေကြရပါတယ်။
” ရေကဒီလောက်နဲ့ပြန်ကျသွားမယ့် အခြေအနေမရှိလို့ အရေးပေါ်အခြေအနေမဖြစ်ခင် ကြိုတင်ပြောင်းရွှေ့နေတာပါ။ ကလေးတွေနဲ့ဆိုတော့ စိတ်ပူတယ်။ ချောင်းရေက ဝင်ပြီဆိုတာနဲ့ဒလဟောဝင်လာတာ။ အခုတောင် စားဖို့သောက်ဖို့ ဘာမှမပါလာဘူး။ အိမ်မှာရှိတဲ့ဆန်အိတ်တွေလည်း ရေထဲပါသွားပြီ” လို့ ချောင်းကောက်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးကပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သံတွဲ၊ မာန်အောင်ကျွန်း၊ စနဲ၊ ရမ်းဗြဲကျွန်း၊ ကျောက်နီမော်၊ တောင်ကုတ်၊ အမ်း၊ မအီ၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ပေါက်တော၊ မြေပုံနဲ့ ကျောက်ဖြူဒေသတွေမှာ ၂၄ နာရီအတွင်း ရေကြီးရေလျှံနိုင်တယ်လို့ မိုးလေဝသခန့်မှန်းသူ Su Su San က ၎င်းရဲ့လူမှုကွန်ရက်မှာ စက်တင်ဘာ ၁၁ ရက်က ထုတ်ပြန်အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်းက ဂွ၊ ကျောက်တော်၊မြောက်ဦးနဲ့ မင်းပြား စတဲ့ဒေသတွေမှာ မြစ်ရေ၊ချောင်းရေတွေဝင်ရောက်ကာ ရေလွှမ်းမိုးခဲ့ပြီး နေအိမ်တွေနဲ့လယ်ယာအများအပြားပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ပုံစာ – တောင်ကုတ်မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်တချို့တွင် ရေနစ်မြှုပ်နေသည်ကိုတွေ့ရစဉ်
Photo – Soe San Aung
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

