ရေး – ၂၀၂၁ စက်တင်ဘာ ၂၃ (မော်ကွန်း)
မွန်ပြည်နယ်ရေးမြို့မြောက်ပိုင်း ကနင်ကမော့ကျေးရွာက Mytel တာဝါတိုင် စက်တင်ဘာ ၂၂ရက်နေ့ ည ၉နာရီဝန်းကျင်က မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ အနီးအနားရွာက ဒေသခံတွေဆီက သတင်းရရှိပါတယ်။
“ညပိုင်းပဲ မီးရှို့ဖျက်ဆီးခံရတယ် ၊ တာဝါတိုင်က ရွာဘက်မှာရှိတာ ၊ အရင်ကလည်း အဲ့တာဝါတိုင်က တခါ ဖောက်ခွဲခံရသေးတယ် “လို့ ဒေသခံတစ်ဦးကဆိုပါတယ်။
ဒီတာဝါတိုင်ကို ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင်လမှာ မိုင်းခွဲဖျက်ဆီးထားခဲ့ပြီး စစ်ကောင်စီတပ်က ပြန်လည်ပြုပြင်ထားတာလို့ ရေး PDF က ကြေညာထားပါတယ်။
မနေ့ညက ထပ်မံဖျက်ဆီးခဲ့တာဟာလည်း ရေး PDF က သူတို့ လုပ်ဆောင်တာလို့ ထည့်သွင်းကြေညာပါတယ်။
မွန်ပြည်နယ် ရေးမြို့မှာ စက်တင်ဘာလအတွင်း Mytel တာဝါတိုင်ဖျက်ဆီးခံရတာဟာ ၆ တိုင်ထိရှိလာပါပြီ။
#Dailynews

