နတ်တလင်း – ၂၀၂၁ အောက်တိုဘာ ၂၀ (မော်ကွန်း)
အကျဥ်းထောင်ကနေ လွတ်လာပြီးနောက် ပြန်လည်ဖမ်းဆီးခံရတဲ့ နတ်တလင်းမြို့ခံ နှစ်ဦးထဲက ကိုအောင်ဝင်းထွန်းဟာ ဒီကနေ့ မနက်ပိုင်းမှာ ပြန်လွတ်လာတယ်လို့ ဒေသခံတစ်ဦးဆီကသိရပါတယ်။
“သူ့ကိုတော့ သဘာဝ ပတ်ဝန်းကျင် ဥပဒေကိုပါ လွှတ်ပေးလိုက်တယ်။ ဒီမနက် ၁၁နာရီလောက်က အိမ်ပြန်ရောက်တယ်။ သူတစ်ယောက်ထဲကိုပြန်လွှတ်ပေးတာ “လို့ဒေသခံတစ်ဦးကဆိုပါတယ်။
ကိုအောင်ဝင်းထွန်းကို စစ်ကောင်စီက ပုဒ်မ ၅၀၅ ကအပြင် သဘာဝ ပတ်ဝန်းကျင် ဥပဒေ ပုဒ်မ ၂၅နဲ့ပါထပ်မံ တရားစွဲဆိုထားခဲ့ပြီးနောက်ပေါင်းတည်အကျဥ်းထောင်မှာ အကျဉ်းချထားခဲ့တာပါ။
မနေ့က နတ်တလင်းဒေသခံ ကိုးဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးပြီးနောက် ကိုအောင်ဝင်းထွန်းနဲ့ကိုဝင်းမင်းသန်းတို့ကို ပြန်လည်ဖမ်းဆီးသွားခဲ့ကာ ဒီကနေ့မှာတော့ ကိုအောင်ဝင်းထွန်းကိုပြန်လွှတ်ပေးခဲ့တာပါ။
” ကိုဝင်းမင်းသန်းကတော့ အမှုဆက်ရင်ဆိုင်ရမယ်။သူကတော့ပြန်မလွှတ်လာသေးဘူး”လို့ သတင်းရင်းမြစ်ကဆိုပါတယ်။
ကိုဝင်းမင်းသန်းကတော့ လက်နက်ဥပဒေပုဒ်မ ၁၉ စ၊ ပုဒ်မ ၅၀၅ ကတို့နဲ့ ပထမအကြိမ်ဖမ်းဆီးခံခဲ့ရပြီး ပြန်လွတ်လာချိန် ချက်ချင်းပြန်အဖမ်းခံခဲ့ရတာပါ။
#Dailynews

