စစ်ကိုင်းတိုင်း – ၂၀၂၃ မေ ၇ (မော်ကွန်း)
တိုင်းပြည်ကိုအကြမ်းဖက်နေတဲ့ အာဏာသိမ်းစစ်တပ်ကို တရုတ်အစိုးရအနေနဲ့ ပူးပေါင်းဆက်ဆံနေတာကို ဆန့်ကျင်တဲ့အနေနဲ့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်က တရုတ်အလံကိုမီးရှို့ပြီး ဒီကနေ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စလို့ တရုတ်ကအမြဲတမ်းပြောနေပေမယ့် အာဏာသိမ်းစစ်တပ်ကိုထောက်ခံနေတာကြောင့် ရွာပေါင်းစုံသပိတ်က “သိုးရေခြုံတဲ့ ဝံပုလွေမလုပ်နဲ့”လို့ တရုတ်အစိုးရကို ဆိုထားပါတယ်။
ဓါတ်ပုံ – ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်
#Dailynews

