ရန်ကုန်-၂၀၂၅ ဇန်နဝါရီ ၄ (မော်ကွန်း)
အိန္ဒိယတောင်ပိုင်းနွယ်၊ မြန်မာပြည်ဖွား တမီးလ်လူမျိုးတွေရဲ့ ၄၈ ရက် ဥပုသ်ထွက်ပွဲတော်(သျှရီ ရာသာကရိသျှနား= စရီ အိုက်ယပ္ပါ ဆွာမိ ပွဲတော် )ကို ဒီနေ့မှာ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က စရီ အိုက်ယပ္ပါ ဆွာမိ ဘုရားကျောင်းတော်မှာ ကျင်းပခဲ့ပါတယ်။
ယုံကြည်သူတွေဟာ ဒီ ၄၈ ရက်အတွင်း ခြေဗလာနဲ့ နေရသလို ဘာသာရေးယုံကြည်မှုအရ သတ်မှတ်ထားတဲ့ ဝတ်ရုံနဲ့ သတ်မှတ်ထားတဲ့ နေထိုင်စားသောက်မှုစည်းကမ်းတွေကို လိုက်နာ တည်ဆောက်ရတာဖြစ်ပါတယ်။
အိုက်ယပ္ပါဆွာမိယုံကြည်သူတွေရဲ့ အခမ်းအနားက ပုံရိပ်တချို့ကို ဖော်ပြလိုက်ပါတယ်။

ဓါတ်ပုံ-မော်ကွန်း

