တန့်ဆည် – ၂၀၂၁ ဒီဇင်ဘာ ၃၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာမှာ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးမှုတွေ ရှိနိုင်ကြောင်း ဒေသခံက ပြောပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက် မနက် ၉း၂၀ ဝန်းကျင်က တန့်ဆည်မြို့နယ်၊ ကံထူးမစခန်းကနေ ဆိုင်ကယ် ရှစ်စီး၊ အင်အား ၁၈ ယောက်နဲ့ ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ကို ကံထူးမ ဘောလုံးကွင်းနားအရောက်မှာ မိုင်းခွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံက ပြောပါတယ်။
“သေနတ်အချက်ရေ အများကြီးရမ်းပစ်တယ်။ လမ်းပေါ်မှာလည်း ပတ်ဆဲသွားတယ်” လို့ နယ်ခံတစ်ဦးက ပြောပါတယ်။
မိုင်းထိသွားတဲ့ စစ်ကောင်စီအဖွဲ့က ရမ်းသမ်းပြီးပစ်ခတ်ခဲ့တာကြောင့် ပြည်သူနှစ်ဦး ပေါင်နဲ့ လက်မောင်းတွေမှာ ကျည်ထိသွားကြောင်း၊ ရိုက်နှက်ဖမ်းဆီးခံရသူတွေလည်းရှိကြောင်း နယ်ခံတွေဆီက သီရပါတယ်။
မနေ့ကညနေပိုင်းနဲ့ ဒီကနေ့ နံနက် ၄:၀၀နာရီဝန်းကျင်ကလည်း ကံထူးမ အနီးမှာ ပေါက်ကွဲမှု များ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ကလည်း တန့်ဆည်အဝိုင်းပတ်မှာ အလံနက်လာဖြုတ်တဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းထိခဲ့ပြီး လေးဦးသေဆုံးခဲ့ပါသေးတယ်။
#Dailynews

