ကော့ကရိတ် – ၂၀၂၅ မတ် ၉ (မော်ကွန်း)
တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကိုရည်စူးကာ အမျှအတန်းပေးဝေတာကို ဒီနေ့ ကေအဲန်ယူတပ်မဟာ-၆ နယ်မြေတစ်နေရာမှာ ဒေသခံကရင်လူမျိုးတွေက ဦးဆောင်ပြုလုပ်ခဲ့ကြပါတယ်။
ကရင်ရိုးရာအရဆိုရင် “ထီးတံခွန်အပ်”တယ်လို့ ခေါ်ဆိုကြပြီး ကွယ်လွန်သွားကြသူတွေရဲ့ ဝိဉာဉ်တွေ လွတ်မြောက်ပြီး ကောင်းမွန်ရာကို ရောက်ရှိဖို့ အမျှအတန်းပေးဝေကြတာဖြစ်ပါတယ်။
ဒီနေ့ ထီးတံခွန်ခေါ်ယူအပ်ခဲ့တဲ့ ကျဆုံးတော်လှန်ရေးစစ်သည် ၁၀၀ ကျော်ရှိကာ အများစုဟာ PDF စစ်ကြောင်းတွေကဖြစ်ပြီး အမျိုးသမီးတပ်ဖွဲ့ဝင်တွေလည်း ပါပါတယ်။
ဦးဆောင်သူတစ်ဦးက”ဒီအရေအတွက်က လက်လှမ်းမီသလောက်ဘဲ အစအဆုံးအများကြီးကျန်သေးတယ်၊ ဒီထက်များတယ်” လို့ဆိုပါတယ်။
တပ်မဟာ(၆) ထဲက ကေအဲန်ယူနဲ့ PDF စစ်ကြောင်းအားလုံးက ကျဆုံးသွားတဲ့တပ်ဖွဲ့ဝင်တွေပါဝင်ပြီး ကျဆုံးစဉ် အမျှအတန်းပေးဝေချိန် အနီးအနားမှာမရှိတာမျိုးဖြစ်တတ်တာကြောင့် မကျွတ်မလွတ်ဖြစ်မှာစိုးလို့ အခုလို ပြုလုပ်ပေးရတာလို့ သူကဆိုပါတယ်။
ကေအဲန်ယူ- တပ်မဟာ ၆ ဟာ နွေဦးတော်လှန်ရေးအစပိုင်းကတည်းက တော်လှန်ရေးသမားတွေကို မွေးထုတ်ပေးတဲ့ မြန်မာပြည်တောင်ပိုင်းရဲ့ အဓိကနေရာဖြစ်ပါတယ်။
လတ်တလော တပ်မဟာ ၆ နေရာတော်တော်များများဟာ လွတ်မြောက်နယ်မြေဖြစ်လာပြီး ဝင်းရေးမြို့နယ် အနန်းကွင်းစစ်ဗျူဟာစခန်း၊ ကော့ကရိတ်မြို့၊ အာရှလမ်း အောင်ဇေယျစစ်ကြောင်းတွေနဲ့ ကေအဲန်ယူဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွါးနေဆဲပါ။

ပုံစာ- ထီးတံခွန်အပ် အမျှအတန်းပေးဝေနေပုံ
ဓာတ်ပုံ – Mawkun Magazine

