ရန်ကုန်- ၂၀၂၁ ဇူလိုင် ၂၀ ( မော်ကွန်း)
အောက်စီဂျင်ဖြတ်တောက်မှု၊ ရှားပါးမှုတွေနဲ့ကြုံပြီး ဆေးကုသမှု အခက်အခဲတွေနဲ့ ရင်ဆိုင်ရကာ ပြည်သူလူထု သေနှုန်း မြင့်တက်နေချိန်မှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဘေးမှ ကင်းဝေးစေရန် နေအိမ်တွေမှာ ရတနသုတ် ရွတ်ဖတ်ပူဇော်ကြရန် စစ်အုပ်စု၏ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ယနေ့ တိုက်တွန်းသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ၄၇ ပါးစုံညီအစည်း အဝေးတွင် ဆရာတော်ကြီးများ မိန့်ကြားချက်အရ ယခု ကူးစက်နေသည့် ဗိုင်းရပ်စ်ပိုး အန္တရာယ်မှကင်းစေရန် ပရိတ်တရားများ ရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
#Dailynews

