Photo – Kyaw Lin Htoon
“လွှတ်တော်နည်းဥပဒေမှာကတော့ ဝန်ကြီးချုပ်က ခွင့်တိုင်နိုင်တဲ့ အခွင့်အရေးရှိတယ်။ဒါပေမဲ့ ဒီမိုကရေစီအစိုးရ၊ ဒီမိုကရေစီ အင်အားစုက ဝန်ကြီးချုပ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အရင်တုန်းက အာဏာရှင်စနစ်တုန်းက ဝန်ကြီးချုပ်တွေကတောင်မှ ပြည်သူ့ကိုယ်စားလှယ်အသံကို နားထောင်ခဲ့တယ်။ အခုလိုမျိုး ခွင့်ယူတယ်ဆိုတဲ့ ဖြစ်ရပ်ကမရှိသလောက်ဖြစ်တယ်။”
“အခု ဒီမှာ မှတ်ချက်ချလို့ရနေတာက ဝန်ကြီးချုပ်အနေနဲ့ ကိုယ်လုပ်ထားတဲ့ စီမံကိန်းရဲ့ကောင်းကျိုး၊ ဆိုးကျိုးတွေကို လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်ပြောကြားတဲ့အပေါ်မှာ ဝေဖန် ၊ အကြံပေးမှုကို လက်မခံနိုင်ဘူးလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေတယ်။”
“ဝေဖန်တဲ့အသံဆိုရင် မကြားချင်ဘူးဆိုတဲ့ သဘောဆိုရင် ဒီမိုကရေစီစနစ်ကပေါက်ဖွားလာတဲ့ ဝန်ကြီးချုပ်လို့ ပြောဖို့ခက်မှာပေါ့။ ဥပဒေအရ ခွင့်တိုင်ခွင့်ရှိတာမှန်ပါတယ်။ သို့သော်လည်းဒီမိုကရေစီဝန်ကြီးချုပ်တစ်ယောက်ရဲ့ အကြီးဆုံးတာဝန်ဖြစ်တဲ့ ပြည်သူ့ အကျိုးစီးပွား၊ ပြည်သူ့အသံကို နားထောင်ခြင်းဆိုတဲ့အကြီးမားဆုံးဝတ္တရားကိုတော့ ပျက်ကွက်ခဲ့တယ်။”
“ဒုတိယသမ္မတကို ကြိုတာနဲ့ ပြည်သူလူထုရဲ့အသံကို နားထောင်တာ ဘယ်ဟာကအရေးကြီးလဲဆိုတာကို ဒီမိုကရေစီ ဝန်ကြီးချုပ်တိုင်း သိပါတယ်။”
“လွှတ်တော်မှာ ဆွေးနွေးမယ့် အကြောင်းအရာကို အစိုးရအဖွဲ့ကိုတော့ အကြောင်းကြားရတယ်။ ဘာကြောင့်လဲဆိုတော့ သက်ဆိုင်ရာဝန်ကြီးက လာနားထောင်ဖို့အတွက်။ဒါကြောင့်မို့ YBS ကိစ္စ ဆွေးနွေးမှာကို အစိုးရအဖွဲ့က မသိစရာ အကြောင်းမရှိဘူး။”
“ပွင့်ပွင့်လင်းလင်းပြောရရင် အစိုးရအဖွဲ့က ဆွေးနွေးဖို့ ခွင့်ပြုလို့သာလျှင် လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးမယ့် အာဂျင်ဒါထဲကို ထည့်တာပေါ့။ အဲဒီနေ့မှာ သက်ဆိုင်ရာဝန်ကြီးတွေက နားထောင်ရတယ်။ အထူးသဖြင့် ဒီကိစ္စအတွက် YBS အတွက် တာဝန်အရှိဆုံးသူက ဝန်ကြီးချုပ်လို့ ပြောနိုင်တယ်။ ဝန်ကြီးချုပ်အနေနဲ့ ၂၄ ရက်မှာ ဆွေးနွေးမယ်ဆိုတာကို သိပြီးသားဖြစ်တယ်လို့ အားလုံးကပဲ မှတ်ယူထားတယ်။”
“ပြည်သူ့အသံကိုနားမထောင်ခြင်းဟာ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့လွှတ်တော်ကို မထေမဲ့မြင်ပြုရာ ရောက်နေတယ်”
၂၀၁၇-မေလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၆)မှ ပညာရှင် သုံးသပ်ချက် ဖြစ်ပါသည်။