ရှမ်းမြောက် – ၂၀၂၁ ဇွန် ၂၈ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့အဝင် မန့်ခမ်းရွာကစပြီး SSPP/SSA(ဝမ်ဟိုင်း) အဖွဲ့က ဇွန်လ ၂၂ ရက်ဝန်းကျင်ကစပြီး ရွာတစ်ရွာကို လူ ၁၅ယောက်တောင်းပြီး တပ်သားသစ်စုဆောင်းနေတယ်လို့ ရွာသားတစ်ဦးကဆိုပါတယ်။
“ရွာတစ်ရွာကို လူ ၁၅ ယောက်တောင်းတယ်။ လူမလိုက်ရင် ပိုက်ဆံငါးသိန်းပေးရမယ်ပြောတယ်။ မလိုက်ရင် တွေ့တဲ့သူဆွဲခေါ်သွားမယ်လို့ခြိမ်းခြောက်သေးတယ်။ဆက်ကြေးဆိုလဲ သုံးဖွဲ့တောင်ကောက်တယ်။ ရွာသူရွာသားတွေက ဘယ်မှကို မထွက်ရဲကြတော့ဘူး “လို့ ဆိုပါတယ်။
အခုအခြေနေလို ဆက်ကြေးတင်မကဘဲ လူတွေပါ စစ်သားအဖြစ်စုဆောင်းနေတာကြောင့် ရွာသူရွာသားတွေက စိုးရိမ်ပူပန်နေကြပါတယ်။
SSPP က တပ်သားသစ်တွေစုဆောင်းပြီး ရှမ်းလူမျိုးအချင်းချင်းတိုက်ခိုင်းမှာကို ဒေသခံဖြစ်တာကြောင့် သိနေတယ်လို့ ရွာသားတစ်ဦးက ဆိုပါတယ်။
SSPP အဖွဲ့သည် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က အပစ်ရပ်လက်မှတ်ထိုးထားခဲ့ဖူးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
#Dailynews

