အလှူ ရှင်နဲ့လူနာရှင်ကြား ကြုံရတဲ့ ပြဿ နာ
တချို့လူမှုကူညီရေးအသင်းတွေဟာ အရေးပေါ်လူနာတွေ ကို ဆေးရုံသို့ အခမဲ့လာရောက်ပို့ပေးကြပေမယ့် အရေးပေါ် လူနာ တင်ယာဉ်ပေါ်မှာ ကုသရေးပစ္စည်းကိရိယာတွေ မပြည့်စုံတာ၊ ရှေး ဦးသူနာပြုစုနည်း မကျွမ်းကျင်တာ၊ ပြီးတော့ လူနာကို အချိန်မီ ဆေးရုံုံသို့ မပို့ဆောင်နိုင်တဲ့အခါမှာ အသက်ဆုံးရှုံးမှုတွေဖြစ်ပြီး လူနာတင်ယာဉ်နဲ့ လူနာရှင်ကြား ပြဿ နာတွေ မကြာခဏ ဖြစ် တတ်ပါတယ်။
အရေးပေါ်လူနာက သေဆုံးသွားတဲ့အခါမှာ လူနာတင် ယာဉ်က ဆေးရုံကို ရောက်တာနောက်ကျလို့ဆိုပြီး အပြစ်ပြော တတ်ကြသလို လူမှုရေးအသင်းမှ လူနာတင်ယာဉ်အဖွဲ့ကလည်း သူတို့အနေနဲ့ အခကြေးငွေမယူဘဲ စေတနာနဲ့ကူညီပေးတာ ဖြစ် တဲ့အတွက် ”မတတ်နိုင်ဘူးလေ” ဆိုတာမျိုးဖြစ်တတ်တယ်လို့ ဒေါက်တာမော်ဦးက သူကိုယ်တိုင်ကြုံတွေ့ရတာကို ရှင်းပြပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့က အရေးပေါ်လူ နာတင်ယာဉ်လူမှုကူညီရေးအသင်း(ပန်းတနော်)မှ အတွင်းရေး မှူး လူနာတင်ယာဉ်မောင်း ဦးကျော်လွင်ဆိုရင် လွန်ခဲ့တဲ့တစ်နှစ် က ပြဿ နာတစ်ခုမှတ်မှတ်ရရကြုံဖူးပါတယ်။ ဦးနှောက်သွေး ကြောပြတ်ပြီး သတိလစ်နေတဲ့ လူနာတစ်ယောက်ကို ပန်းတနော် ကနေ ရန်ကုန်ဆေးရုံုံကြီးကို အခမဲ့ ကိုယ်တိုင်မောင်းပို့ခဲ့ရတာပါ။ ရန်ကုန်ဆေးရုံကြီးရောက်တော့ အချိန်နောက်ကျသွားတာ ကြောင့် လူနာသေဆုံးခဲ့ရပါတယ်။
ဒီအခါမှာ ”ကားအရမ်းခုန်တာကြောင့် သေဆုံးတာ”ဆို ပြီး လူနာရှင်က သူ့ကို စွပ်စွဲခဲ့တယ်လို့ သူက ပြောပြတယ်။
”အဲဒီတုန်းက တော်တော်ခံစားရတာ။ နောင်တရလို့ မဆုံး တော့ဘူး” လို့ အသက် ၄ဝအရွယ် ဦးကျော်လွင်က သူ့အတွေ့ အကြုံကို ပြောပြပါတယ်။
အဲဒီလူနာကိုလိုက်ပို့တုန်းက သူ့ရဲ့လူနာတင်ယာဉ်ပေါ်မှာ အောက်ဆီဂျင်ဘူးနဲ့ ဆေးပတ်တီးကလွဲလို့ ဘာမှပါမလာပါဘူး။ ပြီးတော့ ကားပေါ်မှာ ရှေးဦးသူနာပြုစုနည်းတတ်ကျွမ်းသူတစ် ယောက်မှလည်း မရှိခဲ့ပါဘူး။
အခုဆိုရင် အသက်အန္တရာယ်စိုးရိမ်ရတဲ့ လူနာတွေကို ပို့ ဆောင်တဲ့အခါ လူနာရှင်ကို သူတို့လုပ်ငန်းအကြောင်း သေချာ ကြိုတင်ပြောပြပါတယ်။ ကားပေါ်မှာ ရှေးဦးသူနာပြုစုနည်း ကျွမ်း ကျင်တဲ့ ဝန်ထမ်းမပါပေမယ့်ရန်ကုန်-ပန်းတနော် လမ်းတစ် လျှောက်မှာရှိတဲ့ ဆေးရုံတွေကို ကြိုတင်ပြီး အရေးပေါ်လိုအပ်ချက် တွေ ကုသပေးဖို့ ညှိနှိုင်းလုပ်ဆောင်နေရတယ်လို့ ဆိုတယ်။
အရေးပေါ်လူနာတင်ယာဉ်လူမှုကူညီရေးအသင်း(ပန်း တနော်)ကို တည်ထောင်လာတာ သုံးနှစ်ကျော်ရှိပါပြီ။ လူနာတင် ကားလေးစီးနဲ့ လစဉ် လူနာစုစုပေါင်း ၂ဝဝ ဝန်းကျင်ကို အခမဲ့ဝန် ဆောင်မှုပေးနေတာပါ။ လုပ်အားပေးဝန်ထမ်း ၆ဝ ရှိပေမယ့် ရှေး ဦးသူနာပြုသင်တန်းတော့ မတက်ကြရသေးပါဘူး။
လူနာတင်ယာဉ်နဲ့ကူညီရေးတွေလုပ်လာတာ အခုဆိုရင် သုံးနှစ်ထဲရောက်လာပါပြီ။ လက်ရှိအချိန်ထိ လမ်းမှာသေဆုံးတဲ့ လူနာ ၁၅ ယောက်ခန့်ရှိတယ်လို့ ဦးကျော်လွင်က ပြောပါတယ်။
ဆရာဝန်များအသင်းမှ ဒေါက်တာလင်းအောင်ကလည်း အရေးပေါ်လူနာတင်ယာဉ်တွေပေါ်မှာ လူနာရှင်တွေ ထိခိုက်နစ် နာမှုမရှိအောင် ဆေးကိရိယာ အစုံအလင်နဲ့ အရေးပေါ်ရှေးဦးသူ နာပြုနည်း ကျွမ်းကျင်ဝန်ထမ်းတွေနဲ့ လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။
”သတ်မှတ်ထားတဲ့ စံနှုန်းသတ်မှတ်ချက်တွေမပါတဲ့ ယာဉ် တွေကို အရေးပေါ်လူနာတင်ယာဉ်မခေါ်သင့်ဘူး။ သယ်ဆောင် ရေးယာဉ်ပဲ ခေါ်သင့်တယ်”လို့ သူက ဆက်ပြောပါတယ်။
အရေးပေါ်လူနာတင်ယာဉ်ပေါ်မှာ လူနာအသက်ရှူပိတ် နေတာမျိုးကြုံတွေ့ရလို့ လုပ်တတ်ကိုင်တတ်တဲ့သူ မပါခဲ့ရင် ”လူ နာက သေမှာပဲ”လို့ သူကဆိုပါတယ်။ အရေးပေါ်လူနာတင်ယာဉ် ဟာ ကုသရေးပစ္စည်းကိရိယာစုံလင်တဲ့ လူနာတင်ယာဉ်ဖြစ်ပါက လူနာဟာ နာရီဝက်၊ တစ်နာရီကြာ မသေနိုင်ပါဘူးလို့ ဆိုပါတယ်။
ဒါကြောင့် ”အရေးပေါ်လူနာတင်ယာဉ်ကလည်း သူရဲ့ အရည်အချင်းတစ်ခု ပြည့်စုံရမယ်။ မောင်းနှင်တဲ့ သူကိုယ်တိုင်က လည်း တကယ်သင်တန်းပေးထားတဲ့သူဖြစ်ရမယ်”လို့ ဒေါက် တာလင်းအောင်က အကြံပြုပါတယ်။
အရေးပေါ်လူနာတင်ယာဉ်မှာ အနိမ့်ဆုံးအဆင့်အနေနဲ့ ရှေးဦးသူနာပြုစုနည်း ကျွမ်းကျင်သူ၊ ဆေးဝါး၊ ဘီးပါတဲ့ လူနာတင် တွန်းလှည်း၊ အောက်စီဂျင်နဲ့ ချွဲစုပ်စက်တို့ ပါဝင်မှသာ အရေးပေါ် လူနာတင်ယာဉ်အဖြစ် သက်မှတ်ထားတယ်လို့ သူကဆိုပါတယ်။
လမ်းမပေါ်က လူနာတင်ယာဉ်ရဲ့ ဒုက္ခ
ရန်ကုန်မြို့ကားလမ်းမတွေပေါ်မှာ မော်တော်ယာဉ်တွေ များလာပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်လာတဲ့အခါမှာ အရေး ပေါ် လူနာတင်ယာဉ်တွေလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်လာ ရပါတယ်။
ရွှေပြည်သာမြို့နယ်မှာရှိတဲ့ အာယုသုခလူမှုကူညီရေး အသင်းမှာ အရေးပေါ်လူနာတင်ယာဉ်မောင်းနှင်နေတဲ့ ဦးဇော် လင်းထွန်းဆိုရင် သူ လူနာတင်ကားစမောင်းခါစ ၂ဝ၁၁ တုန်းက ရွှေပြည်သာကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို မိနစ် ၃ဝ၊ ၄ဝ လောက်နဲ့ အရောက်မောင်းခဲ့တာပါ။ ဒါပေမဲ့ အခု ရွှေပြည်သာ ကနေ ရန်ကုန်ဆေးရုံကြီးကို ရောက်ဖို့ ”တစ်နာရီခွဲကြာ မောင်း လာရတယ်”လို့ တောက်တစ်ချက်ခေါက်ပြီး ဒေါသသံနဲ့ ပြော ပါတယ်။
အဲဒီနေ့က(ဖေဖော်ဝါရီ ၅ ရက်) သူဟာ မျက်လုံးမှာ ဒဏ် ရာရနေတဲ့ အသက် ၆ဝ ကျော်အရွယ် အမျိုးသမီးတစ်ဦးကို ရွှေ ပြည်သာကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လာပို့ပေးရတာပါ။
”လမ်းပိတ်တာက တကယ်အရေးကြီးလူနာဆိုရင် သေဖို့ပဲ ရှိတယ်” လို့ သူက ဆက်ပြောပါတယ်။
သူကြုံတွေ့နေရတဲ့ လူနာတင်ယာဉ်တွေ လမ်းပိတ်ဆို့မှုဖြစ် တာဟာ ခရီးသည်တင်လိုင်းကားတွေက ကားလမ်းမရဲ့ အပေါ် ကြောက မောင်းလိုက်၊ အောက်ကြောက မောင်းလိုက်နဲ့ စည်း ကမ်းမဲ့ မောင်းနှင်တာတွေကြောင့်လို့ သူက ဆိုပါတယ်။
မှော်ဘီမြို့က မြို့မလူမှုကူညီရေးအသင်းမှာ လူနာတင် ယာဉ်မောင်းနေတဲ့ အသက် ၄ဝ ကျော်အရွယ် ဦးစောညွှန့်မောင် ဆိုရင် ပြီးခဲ့တဲ့ မိုးတွင်းတုန်းက ကျွဲခတ်ခံရတဲ့ အမျိုးသမီး အရေး ပေါ်လူနာတစ်ဦးကို ရန်ကုန်ဆေးရုံကို ပို့ပေးခဲ့ဖူးပါတယ်။ လူနာက ဗိုက်ပွင့်သွားတာကြောင့် အူတွေက အပြင်အထိထွက်နေပါတယ်။ အဲဒါကို ခြုံစောင်နဲ့ပတ်ပြီး လူနာတင်ကားနဲ့ သယ်လာရတာပါ။
လမ်းတစ်လျှောက်မှာ လူနာအတွက် ဘာမှလုပ်မပေးနိုင်ကြပါ ဘူး။ လူနာအသက်ရှူနေသေးလားဆိုတာကို မကြာခဏ မေးပြီး ဆေးရုံကိုသာ အမြန်မောင်းခဲ့ရတာပါ။ အဲဒီတုန်းက မှတ်မှတ်ရရ ဖြစ်ခဲ့တဲ့ အတွေ့အကြုံကို ဦးစောညွန့်မောင်က အခုလိုပြောပါတယ်။
”ပွိုင့်မှာ မီးနီနေတာ ကိုယ့်ရှေ့မှာ ကားနှစ်စီး၊ သုံးစီးပဲရှိ တယ်။ ယာဉ်ထိန်းရဲက ပွိုင့်မဖွင့်ပေးဘူး။ အဲဒါ လက်ပြပြီး မောင်း ထွက်လာရတယ်”
အဲဒီတုန်းကဆိုရင် ဦးစောညွန့်မောင်ဟာ လမ်းပေါ်မှာ ကားတွေအရမ်းပိတ်နေလို့ လမ်းပြောင်းပြန် မောင်းခဲ့ရတာပါ။ သူ့အနေနဲ့ လူနာမသေဖို့ အချိန်မီမောင်းနေရပေမယ့် စိတ် လောလောနဲ့မောင်းလို့ ကိုယ်တိုင်အန္တရာယ်ဖြစ်သွားမှာကိုလည်း သတိထားနေရတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက လူနာ ဟာ ဆေးရုံကို အချိန်မီရောက်ခဲ့တာကြောင့် အသက်မသေခဲ့ ပါဘူး။
အရေးပေါ်လူနာတင်ယာဉ်တွေ အသံပေးပြီး မောင်းလာတဲ့ အခါမှာ ယာဉ်ထိန်းရဲတချို့က ဂရုတစိုက်လမ်းရှင်းပေးတာမျိုးရှိ သလို တချို့ကလည်း အရေးမစိုက်တာမျိုးလည်း ရှိတယ်လို့ အရေးပေါ်လူနာတင်ယာဉ်မောင်းတွေက ဆိုပါတယ်။
တကယ်တော့ အရေးပေါ်ယာဉ်တွေလာရင် လမ်းပေါ်မှာရှိ တဲ့ ယာဉ်တွေအားလုံးက မိမိတို့ရဲ့ ညာဘက်ယာဉ်ကြောကို ကပ် ပေးရမယ်လို့ ၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေမှာ ပြဋ္ဌာန်း ထားပါတယ်။ အလားတူ ယာဉ်ထိန်းရဲတွေအနေနဲ့လည်း မဖြစ် မနေလမ်းရှင်းပေးရမယ်ဆိုတာ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်လို့ အမှတ် (၂၇) ယာဉ်ထိန်းရဲတပ်ဖွဲ့တပ်စုမှူး ဒုရဲမှူးဝင်းလွင်က ပြောပါတယ်။
ယာဉ်ထိန်းရဲတချို့က အရေးပေါ်လူနာယာဉ် မောင်းလာ တာကို ကြားသိတွေ့မြင်ရသော်လည်း ဂရုမစိုက်ဘဲနေတဲ့အပေါ် ”အရေးပေါ်ယာဉ်ကို ဘာလူနာမှ မပါဘဲ (အသံတွေ၊ မီးတွေ) ဖွင့် မောင်းတာပေါ့။ ဒါအခွင့်အရေးကို အလွဲသုံးစားလုပ်တာပေါ့။ ဒီလိုဟာတွေကို ကြုံတွေ့နေတဲ့ တပ်ဖွဲ့ဝင်တွေက တကယ်ကြုံတွေ့ နေတော့ သိပ်စိတ်မဝင်စားတော့ဘူး”လို့ ဒုရဲမှူးဝင်းလွင်က ပြန် လည်တုံ့ပြန်ပါတယ်။
အသံနဲ့ မီးကိုဖွင့်ပြီး သွားတယ်ဆိုရင်တော့ အရေးကြီးလူ နာကို သွားရောက်သယ်ယူတာလည်း ဖြစ်နိုင်တယ်လို့ ဒေါက် တာမော်ဦးက ရှင်းပြပါတယ်။
”အသံလည်း ဖွင့်ထားတယ်၊ မီးလည်း ဖွင့်ထားတယ်။ ဒါပေမဲ့ ယာဉ်ထိန်းရဲက လူနာမပါဘဲ ဘာကြောင့် ဖွင့်တာလဲဆိုပြီး တားတာရှိတယ်။ ဘာကြောင့်ဆိုတာ သူ(ယာဉ်ထိန်းရဲ)က နား မလည်ဘူး” လို့ သူက ပြောပါတယ်။
ဒါကြောင့် မီးသတ်ဦးစီးဌာနနဲ့ ရဲဝန်ထမ်းတွေအနေနဲ့ သူ တို့ရဲ့ ဌာနအလိုက် အရေးပေါ်လမ်းကြောင်းအသံစနစ် အသုံးပြုမှု သင်တန်းတွေကို ရထားပြီးဖြစ်ပေမယ့် အရေးပေါ်လူနာတင် ယာဉ်အသံ အသုံးပြုတဲ့နည်းစနစ်နဲ့ပတ်သက်လို့လည်း ”သူ့ စနစ်နဲ့သူ သုံးနေတာကို မီးပွိုင့်မှာ မထွက်ရဘူးလား၊ ထွက်ရ မလားဆိုတာ (အသံစနစ်ကို မီးပွိုင့်ရှိ ဂိတ်တဲရဲဝန်ထမ်းတွေကို ပါ) လေ့ကျင့်သင်တန်းပေးရမှာ”လို့ ဒေါက်တာမော်ဦးက အကြံ ပြုပါတယ်။
နောက်ထပ်ကြုံရတာက တချို့မော်တော်ယာဉ်တွေဟာ အရေးပေါ်လူနာတင်ယာဉ်အသံကို အသုံးပြုပြီး လူနာတင်ယာဉ် အရှေ့ကနေ လမ်းမဖယ်ပေးဘဲ မောင်းပြေးတာမျိုးတွေလည်းရှိတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ကုသရေး ဌာန ရှေ့ရှိ ‘ဗဟို’အရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှုလုပ်ငန်းမှ လူနာတင်ယာဉ်မောင်းတဲ့ ကိုအောင်သူက ပြောပါတယ်။
အခုအခါမှာ လမ်းလယ်ဘလောက်တုံးတွေကလည်း အရေးပေါ်လူနာတင်ယာဉ်တွေအတွက် ကြီးမားတဲ့အနှောင့် အယှက်တစ်ခုဖြစ်နေတယ်လို့ လူနာတင်ယာဉ်မောင်းတွေက ဆို ပါတယ်။ လူနာတွေကို သွားခေါ်တဲ့အခါမှာ လမ်းလယ်ဘလောက် တုံးတွေကြောင့် ကွေ့ပတ်မောင်းနေရတာတွေ ရှိပါတယ်။
ပြီးတဲ့အခါ လမ်းပိတ်နေလို့ တစ်ဖက်ယာဉ်ကြောကနေ ပြောင်းပြန် မောင်းချင်ပေမယ့် ဘလောက်တုံးတွေ ခံနေတာ ကြောင့် လူနာတင်ယာဉ်တွေပါ ယာဉ်ကြောထဲ ပိတ်မိနေတတ် တယ်လို့ လူနာတင်ယာဉ်မောင်းတွေက ဆိုကြပါတယ်။
ယာဉ်ကြောပိတ်ဆို့မှုဒဏ်ကို ယာဉ်စည်းကမ်းထိန်းသိမ်း ရေးဌာနက ဖွဲ့စည်းထားတဲ့ အရေးပေါ် အသက်ကယ်ဆယ်ရေး တပ်ဖွဲ့ (ဖုန်း-၅ဝဝဝဝ၅) က ယာဉ်မောင်းတွေကိုယ်တိုင် ခံစားနေ ရတာပါ။
သူတို့ရဲ့အရေးပေါ်လူနာတင်ယာဉ် မောင်းလာတဲ့အချိန်မှာ မီးပွိုင့်မှာရှိတဲ့ တာဝန်ကျယာဉ်ထိန်းရဲကို မီးစိမ်းပေးထားဖို့ လှမ်း ပြောပေမယ့် ကားအရေအတွက် အများအပြားရှိတာကြောင့် လမ်းရှင်းယာဉ်ထိန်းရဲလည်း အခက်အခဲရှိတယ်လို့ အရေးပေါ် အသက်ကယ်ဆယ်ရေးတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုပါတယ်။
”မီးပွိုင့် စိမ်းခိုင်းလည်း ကားက အစီးတစ်ရာကျော်လောက် ပိတ်မိနေတာ။ အရင်လို သုံးလေးဆယ် ပိတ်တာမဟုတ်ဘူးလေ။ တချို့က ယာဉ်စည်းကမ်းကို နားမလည်ဘူး။ ရှေ့က ရောက်နေ တယ်။ ဖယ်မပေးချင်ဘူး။ နာရီဝက်ခရီးက အချိန်တစ်နာရီ လောက်ပေးနေရတယ်”လို့ သူက ဆက်ပြောပါတယ်။
၂၀၁၆ ဧပြီ-မေလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၄) မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
မောင်သင်တုန်း ရေးသည်။