ဖုန်းပွတ်ခြင်းဖြင့် ပွန်းပဲ့သွားသော အချိန်များ

Photo: Zay Yar Hlaing

၂၀၁၄၊စက်တင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၆)မှ သတင်းဆောင်းပါးဖြစ်သည်။

ဝေလင်းရေးသည်။ ကောင်းမြတ်မိုး နှင့် သီတာဝင်း ပံ့ပိုးသည်။

ကျွန်တော် အိမ်ထောင်ကျခဲ့သည်မှာ သုံးနှစ်ကျော်ခဲ့လေ ပြီ။ ထိုကာလအတွင်း ကျွန်တော်တို့လင်မယားနှစ်ယောက်၏ အိမ်ထောင်ရေးသာယာမှုကို ရာခိုင်နှုန်းဖြင့် ဖော်ပြပေးပါဟုဆို လျှင် ကျွန်တော့်တစ်ဦးတည်းအမြင်တွင် ၉၅ ရာခိုင်နှုန်းသာယာ သည်ဟု မကွယ်မဝှက်ဘဲ အမှန်အတိုင်းဆိုရပေမည်။ ၅ ရာခိုင်နှုန်း မသာယာဟုဆိုထားခြင်းကြောင့် အဘယ်သို့သော အကြောင်း အရာများလဲဟု ထပ်မံမေးလာမည်ဆိုပါက ထို ၅ ရာခိုင်နှုန်း အတွက် ကျွန်တော့်တွင် လောက်လောက်လားလား ထောက်ပြ စရာ အပြစ်မရှိ။

သို့သော် တစ်ခါတရံ ကျွန်တော်တို့နှစ်ယောက်ကြား စိတ်ခု စရာလေးများ၊ သဘောထားမတူမှုများ(ရှားရှားပါးပါး) ရှိနိုင်ရာ ယင်းအတွက်လည်း ၅ ရာခိုင်နှုန်း ချန်ထားခြင်းဖြစ်သည်။ ထို့ ကြောင့် အိမ်ထောင်ကျပြီးမှ အဆင်မပြေကြသူများ၊ အိမ်ထောင် ကွဲသွားကြသူများအကြောင်း ကြားရသည့်အခါ ကိုယ့်ကိုယ်ကိုယ် “အတော်ကံကောင်းပါလား”ဟု ချီးကျူးမိသည်။

ကျွန်တော်တို့လင်မယားနှစ်ယောက်သည် သူငယ်ချင်း ဘဝနှင့် သမီးရည်းစားဘဝက သူ့အကြောင်း၊ ကိုယ့်အကြောင်း ပြောရသည်မှာ ပြောစရာကုန်သည် မရှိ။ ကျွန်တော့်ထက် ဇနီး ဖြစ်သူက ပို၍ ပြောစရာများဟန်တူသည်။ ကျွန်တော်နှင့် တွေ့ လိုက်တိုင်း သူကချည်း ပြောပြီး ကျွန်တော်က နားထောင်ပေး ရသည်။ အိမ်ထောင်ကျပြီးသွားသည့်နောက်တွင်လည်း ကျွန် တော်တို့နှစ်ယောက်သည် ရုံးက ပြန်လာ၊ အတူချက်ပြုတ်ပြီး အတူစားသောက်ကြသည်။ ပြီးလျှင် စကားပြော၊ စာဖတ်ကာ အိပ်ရာဝင်လိုက်ကြ၏။

သို့သော် ယခုလပိုင်းအတွင်း စိတ်မကြည်လင်စရာ၊ နောင် အတွက် စိတ်ပူစရာအဖြစ်တစ်ခုကို ကျွန်တော် သတိထားမိလာ ၏။ ယင်းမှာ ကျွန်တော်တို့နှစ်ယောက် ယခင်တုန်းကလောက် စကားမပြောဖြစ်ကြတော့ပေ။ ညနေရုံးဆင်းပြီး အိမ်ပြန်ရောက် လျှင် ကျွန်တော်တို့နှစ်ယောက်အနက် တစ်ယောက်မဟုတ်  တစ်ယောက်က ဂိမ်း သို့မဟုတ် ဖေ့စ်ဘွတ်ခ်သုံးနေတတ်သည်။ ထမင်းစားပြီးလျှင်လည်း တယ်လီဖုန်း တစ်ယောက်တစ်လုံးကိုင် ကာ ကျွန်တော်က Facebook သုံးသည်။ ဇနီးဖြစ်သူက Candy Crush Game ဆော့လေ၏။ ယင်းသို့ ဂိမ်းဆော့ရာ၌ ကျွန်တော့် ဇနီးသည် ဖုန်း Setting တွင် ရောက်မလာသေးသည့် ရက်စွဲများ ပြောင်းကာ ဆော့သည်အထိဂိမ်းဆော့ခြင်း၌ ဝါသနာကြီးလေသည်။

ပြီးခဲ့သည့်ရက်က ကျွန်တော့်မိခင် အိမ်သို့ ရောက်လာ သည်။ သူသည် တစ်ပတ်လျှင် နှစ်ရက်၊ သုံးရက်ခန့် အိမ်တွင် နေ တတ်သည်။ ယင်းသို့ရောက်လာပါက သူသည် ကျွန်တော်တို့ အတွက် ထမင်း၊ ဟင်းတို့ကို အဆင်သင့်ချက်ပေးထားတတ်လေ ၏။ မိခင်ချက်ပေးသော ညစာထမင်းဟင်းကို စားပြီးသည့်နောက် ထုံးစံအတိုင်း ကျွန်တော်တို့နှစ်ယောက်သည် ဖုန်းတစ်ယောက် တစ်လုံးဖြင့် ငြိမ်နေတတ်ကြသည်။

ကျွန်တော်က ခုံတစ်လုံးတွင်ထိုင်ကာ ဖေ့စ်ဘွတ်ခ်သုံး သည်။ ဇနီးဖြစ်သူက ဖျာပေါ်တွင် ပက်လက်လှန်ကာ ဂိမ်းဆော့နေ သည်။ မိခင်ဖြစ်သူကတော့ ယပ်တောင်တစ်ချောင်းဖြင့် ယပ်ခတ် ရင်း ထိုင်နေ၏။ အိမ်ထဲတွင် ဇနီးသည် ဆော့နေသော Candy Crush Game ၏ “ချွမ်…ချွမ်”မြည်သည့်အသံမှလွဲ၍ အားလုံး စကားမပြောဘဲ တိတ်ဆိတ်နေသည်။

အင်တာနက်လိုင်းကလည်း မကောင်း၊ ဖေ့စ်ဘွတ်ခ်သုံးချင် သည့် စိတ်လည်း မရှိတာကြောင့် ကျွန်တော်သည် ဖုန်းကို ဘေး သို့ ချထားလိုက်သည်။ ထိုအခါမှ မိခင်သည် ဘာစကားမှ မပြော ရဘဲ ထိုင်နေရသည့် အထီးကျန်မှုကို သတိပြုမိလိုက်သည်။

ယင်းနှင့် ဆက်စပ်ကာ ကျွန်တော်တို့လင်မယားနှစ် ယောက်လည်း အခုနောက်ပိုင်း ရုံးက ပြန်လာသည့်အခါ စကား မပြောဖြစ်ဘဲ နေနေကြသည့်အဖြစ်ကို သတိပြုဆင်ခြင်မိလေ သည်။ ထို့ကြောင့် ကျွန်တော်က ““ဂိမ်းမဆော့နဲ့တော့ကွာ၊ စကား ပြောရအောင်””ဟု ဆိုလိုက်သည်။

““ခဏလေး…ဒီတစ်ပွဲပြီးရင်တော်ပြီ။ ပြီးတော့မယ်””

မျက်နှာကို ဖုန်းက မခွာဘဲ ဂိမ်းဆော့လျက်ပင် ကျွန်တော့် ဇနီးက ပြန်ဖြေသည်။ သူပြောသည့်တစ်ပွဲပြီး၍ နောက်တစ်ပွဲ ဆက်ဆော့နေသည့် အသံကို ကျွန်တော်ကောင်းစွာသိသည်။ ကျွန်တော်သည် ရှေ့ဆက်ပြီး ဟန့်တားခြင်း မပြုလုပ်တော့။သူ သည် တော်တော်ကြာ ဆော့ကစားပြီးသည့်နောက် အိပ်ချင်ပြီဟု ဆိုကာ အိပ်ရာထဲဝင်သွားလေသည်။

သားသမီးများနှင့် စကားမပြောရဘဲ ငုတ်တုတ်ထိုင်နေရ သော မိခင်၏အဖြစ်နှင့် ရုံးက ပြန်လာသည့်တိုင် ဖုန်းကိုယ်စီဖြင့် စကားမပြောဖြစ်ဘဲ နောက်တစ်ရက် မိုးလင်းသွားခဲ့သည့် ကျွန် တော်တို့လင်မယားအဖြစ်ကို ပြန်တွေးကာ ရင်ထဲတွင် ဝမ်းနည်း သလိုလို ခံစားလိုက်ရလေ၏။

အေးစက်သွားသော ဆက်ဆံရေး

ကျွန်တော့်တွင် ဆယ်တန်းကျောင်းသားဘဝက ညီအစ်ကို လို ခင်မင်ကြသည့် တစ်ဦးတည်းသော သူငယ်ချင်းတစ်ယောက်ရှိ သည်။ သူ့နာမည်အရင်းက ကျော်ဆန်းလှိုင်ဖြစ်သော်လည်း ကျွန် တော်က ကျော်ဆန်းလို့သာခေါ်သည်။ ကျွန်တော်တို့ နှစ်ယောက် သည် ဆိုဒ်တူ၊ ဂိုက်တူ၊ မျက်နှာလည်း တူသယောင်ယောင်ရှိသော ကြောင့် တချို့သူများကဆိုလျှင် ညီအစ်ကိုဟု ထင်ကြလေ၏။

ဆယ်တန်းစာမေးပွဲဖြေဆိုပြီးသည့်နောက်တွင် သူနှင့် ကျွန်တော်သည် ညနေတိုင်းလိုလို အအေးဆိုင်ထိုင်ကာ ဟို အကြောင်း၊ သည်အကြောင်း ပြောကြသည်မှာ ပြောကုန်သည် မရှိ။ အအေးဆိုင်ပိတ်သွားသည့်အခါတွင် သူက ကျွန်တော့်အိမ်သို့ လိုက်ပို့ရင်း အမျှင်မပြတ်သေးသော စကားတွေကို ဆက်ကာပြော သည်။ ကျွန်တော့်အိမ်ရောက်လို့မှ ပြောစရာစကား ကျန်နေပါ သေးလျှင် တဖန် သူ့အိမ်သို့ ကျွန်တော်က လိုက်ပို့ရင်း စကား ဆက်ကာပြောသည်။

ကျွန်တော်တို့အလုပ်အကိုင်များနှင့် လုပ်ငန်းခွင်ဝင်ခဲ့ကြသည့်အခါမှာလည်း ကျောင်းသားဘဝကလို နေ့စဉ်မတွေ့နိုင် သည့်တိုင် အားသည့်အခါတိုင်း တစ်ပတ်လျှင် နှစ်ရက်၊ သုံးရက် လောက်တော့ တွေ့ဖြစ်ကြသည်။ စာအုပ်များအကြောင်း၊ လုပ် ငန်းခွင်အကြောင်း၊ အိမ်ထောင်ရေးအကြောင်းတို့ကို ပြောဖြစ် ကြသည်။ တွေ့ပြီဆိုလျှင် မပြန်မဖြစ်သည့်အခြေအနေ ရောက်မှ သာ လမ်းခွဲကြမြဲဖြစ်သည်။

သူ့အဖေဆုံးစဉ်အခါက ဆေးရုံမှ ကားများ နှစ်နာရီထွက် မည်ဖြစ်ရာ သူ၏မိခင်နှင့် အစ်ကိုများ(သူက အငယ်ဆုံးသားဖြစ်)၊ အသုဘလိုက်ပို့မည့်သူများ အားလုံးရောက်နေကြပြီဖြစ်သည်။ သို့သော် ကျွန်တော် မရောက်သေးဟုဆိုကာ အသုဘကားများ မထွက်ဘဲ နှစ်နာရီကျော်သည်အထိ ကျွန်တော့်ကို စောင့်နေသည့် အဖြစ်မျိုးကြုံခဲ့ဖူးသဖြင့် ကျွန်တော့်အပေါ် သူ၏ တန်ဖိုးထားမှုနှင့် ခင်မင်မှုကြီးမားပုံကို လက်တွေ့မြင်ဖူးသည်။ ထိုကဲ့သို့ ၁၄ နှစ် ကြာအောင် ခင်မင်လာခဲ့ကြသည့် ကျွန်တော်တို့နှစ်ယောက်၏ ရင်းနှီးမှု၊ နားလည်မှုသည် ညီအစ်ကိုအရင်းများထက်ပင် ပိုသည် ဟုဆိုရမည်။

သို့ရာတွင် အစိုးရ၏ ကျပ်ငါးသိန်းတန်ဖုန်း၊ ၁၅၀၀ တန်ဖုန်း စီမံကိန်းကျေးဇူးကြောင့် ကျွန်တော်တို့နှစ်ယောက် လက်ထဲသို့ ဖုန်းတစ်လုံးစီ ရောက်လာချိန်ကစပြီး ကျွန်တော်တို့နှစ်ယောက်၏ ဆက်ဆံရေးပုံစံသည် တစ်မျိုးပြောင်းလဲသွားတော့သည်။

သူနှင့် ကျွန်တော်သည် ထုံးစံအတိုင်းတွေ့ဖြစ်ကြသည်။ သို့ သော် ဒီအခါမှာတော့ ကျွန်တော်တို့နှစ်ယောက် စကားပြောခြင်း ထက် ဖုန်းလေးများ ကိုယ်စီပွတ်ကာ ဖေ့စ်ဘွတ်ခ်သုံးတာက ပို များလာကြသည်။

သူ့အကြောင်း၊ ကိုယ့်အကြောင်း သိပ်မပြောဖြစ်၊ မမေးဖြစ် ကြတော့။ လက်ဖက်ရည်ဆိုင်ထိုင်၍ စကားပြောဖြစ်သည့်အခါ အပြန်အလှန်စကားပြောနေသည့်တိုင် ဖုန်းကိုကြည့်ကာ အာရုံ က ဖေ့စ်ဘွတ်ခ်တွင်သာ ရှိနေသည်။ (ကျွန်တော်က သုံးတာများပါ သည်) တော်ရုံစကားလောက်တော့  “အင်း..အင်း”ဟုသာ ဝတ် ကျေတန်ကျေပြန်ဖြေသည့်သဘောလုပ်ဖြစ်သည်။ လေးလေး နက်နက်ဖြင့် အာရုံစိုက်နားထောင်ခြင်းမရှိတော့။

တစ်ခါတရံ ကျွန်တော် ရုံးပိတ်ရက်တွင် သူ့ကို အိမ်သို့လာ ရန် လှမ်းခေါ်တတ်သည်။ သူသည် မအားသည့်ကြားက အချိန်လု ကာ အရောက်လာတတ်သည်။ သူရောက်လာလျှင်လည်း ခဏ သာစကားပြောဖြစ်ပြီး ဖုန်းတစ်ယောက်တစ်လုံးနှင့် ဖေ့စ်ဘွတ်ခ် ကိုယ်စီသုံးကာ အချိန်ကုန်ပြီး အရင်လို စကားမပြောဖြစ်တော့ဘဲ သူပြန်သွားရတတ်သည်။

ထိုသို့ မကြာခဏလုပ်မိခြင်းကြောင့် သူနှင့် ကျွန်တော့် ကြားတွင် ခင်မင်ရင်းနှီးမှု လျော့သွားခြင်းမရှိသည့်တိုင် ယခု နောက်ပိုင်းတွင် အချိန်ပေးကာ လူချင်းတွေ့ဖို့အတွက် အနည်း ငယ်မျှ စဉ်းစားသွားကြသည်ဟု ခံစားမိလေ၏။

လူသာလာပါ

အထက်ပါအဖြစ်အပျက်နှစ်ခုမှာ လက်တလော ကျွန်တော် ကြုံတွေ့နေရသည့် ဖုန်းပွတ်(သုံး)ခြင်း၏ အကျိုးကျေးဇူးပင်ဖြစ် တော့သည်။ ဆိုးသည်၊ ကောင်းသည်ဟု အဆုံးအဖြတ်မပေးချင် သည့်တိုင် ဆင်ခြင်သင့်သည်ဆိုတာကိုတော့ နှလုံးသွင်းမိ၏။

ယင်းသို့ဖြစ်ခြင်းမှာ ကျွန်တော်တစ်ယောက်တည်းပင် မဟုတ်။ ကျွန်တော့်အစ်ကိုနှင့် သူ၏ ဇနီးသည်လည်း ညနေအလုပ် က ပြန်လာကြပြီးနောက် ဖုန်းတစ်ယောက်တစ်လုံးစီဖြင့် ဖေ့စ် ဘွတ်ခ်သုံး၊ ဂိမ်းဆော့နေခြင်းကြောင့် တစ်ယောက်နှင့် တစ် ယောက် စကားမပြောဖြစ်ကြ။ ယင်းအတွက်ကြောင့် အခန့်မသင့် လျှင် စကားပင် များတတ်ကြသေးသည်။

အလုပ်မှ ပြန်လာသည့်အခါဖြစ်စေ၊ အိမ်တွင် အတူရှိနေ သည့်အခါဖြစ်စေ ဇနီးဖြစ်သူမှာ ဖုန်းတစ်လုံးဖြင့် ဂိမ်းဆော့ခြင်း၊ ဖေ့စ်ဘွတ်ခ်သုံးခြင်းမျိုးတွေ့ရှိပါက ခံစားရသည့် ခံစားမှုကို ကျွန် တော့်အစ်ကိုက ““ဖုန်းသုံးနေတာ ပြဿနာမရှိပေမယ့် စိတ်ထဲမှာ တော့ “ခု”သွားတာတော့ အမှန်ပဲ။ အခု ဘာမှမဖြစ်သေးပေမယ့် နောင်ဘာဖြစ်မလဲတော့ မသိဘူးပေါ့””ဟု ဆိုသည်။

လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတစ်ယောက်ဆိုလျှင် သူ့ အိမ်သို့ သူငယ်ချင်းများလာရောက်ကြရန် ဖိတ်ခေါ်ရာတွင် “လူ သာလာပြီး ဖုန်းများကို အိမ်တွင် ထားခဲ့ကြပါ”ဟု သူ၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် အသိပေးရေးသားထားခြင်းကပင် ယနေ့ ခေတ် ဖုန်းများ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြခြင်းကို ထင် ဟပ်၍နေသည်။

လက်ဝါးသာသာအရွယ်ရှိသော ဖုန်းလေးပေါ်တွင် မိုင် ပေါင်းရာ၊ ထောင်ချီဝေးနေသော ကျွန်တော်တို့မိတ်ဆွေ၊ သူငယ် ချင်းများရှိသည်။ ကျွန်တော်တို့မရောက်နိုင်သည့် မြန်မာနိုင်ငံအနှံ့ မှ အကြောင်းအရာများရှိသည်။ ကမ္ဘာကြီးပေါ်တွင် ဖြစ်ပျက်နေ သည့် အကြောင်းအရာအချို့ကိုပင် သိနိုင်သည်။ ယင်းကဲ့သို့ အကျိုးကျေးဇူးများရှိနေသည့်တိုင်ကျွန်တော်တို့ နေ့စဉ်ထိတွေ့နေ သည့် မိတ်ဆွေများ၊ မိသားစုဝင်များနှင့်ကား အထိအတွေ့ နည်း လာသည်။ ပတ်ဝန်းကျင်ကိုလည်းသတိမမူမေ့လျော့နေ တတ် သည်။

အထက်ပါအတိုင်း ပြုမူနေခြင်းသည် ရေရှည်တွင် မည်သို့ ဖြစ်လာနိုင်သနည်းဆိုတာကို ကျွန်တော်တွေးတောစဉ်းစားမိ လာသည်။ ယခုဆိုလျှင် မြန်မာနိုင်ငံ၌ ပုဂ္ဂလိက တယ်လီဖုန်း ကုမ္ပဏီကြီးများဖြစ်သော တယ်လီနောနှင့် အော်ရီဒူး ကုမ္ပဏီကြီး များက တယ်လီဖုန်းဆင်းမ်ကတ်များကို ဈေးသက်သက်သာသာ ဖြင့် နည်းပညာမြင့်သော ဝန်ဆောင်မှုများပေးတော့မည်ဖြစ်သည်။

ယင်းအချိန်တွင် လူတစ်ကိုယ် ဖုန်းတစ်လုံးဖြင့် တစ်ဦးကို တစ်ဦး စကားမပြောကြ၊ ပတ်ဝန်းကျင်ကို ဂရုမစိုက်ကြဘူးဆိုလျှင် ကျွန်တော်တို့မိသားစုတွေ၊ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်း တွေကြား မည်သို့ဖြစ်လာမည်နည်း၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်း သည် မည်သို့ရှိလာမည်နည်း စသဖြင့် ကျွန်တော်သည် သိလို စိတ်နှင့် တွေးတောပူပန်လာမိသည်။

ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးမှ စိတ်ကျန်းမာရေး အထူးကုဆရာဝန် ဒေါက်တာအေးချမ်းမောင်မောင်ကတော့ အင်တာနက် လူမှုကွန်ရက်အသုံးပြုခြင်းနှင့် ပတ်သက်၍ ယခုလို မှတ်ချက်ပြုသည်။

““ဆိုရှယ်မီဒီယာတွေ၊ ဆိုရှယ်ဝက်ဆိုက်ဘ်တွေကတော့ ကမ္ဘာနဲ့အဝှမ်း သုံးနေကြတယ်။ ဆိုရှယ်ဝက်ဆိုက်ဘ်တွေ သုံးခြင်း က ကောင်းကျိုးလည်း ရှိတယ်။ ဆိုးကျိုးလည်း ရှိတယ်””

ဖေ့စ်ဘွတ်ခ်(လူမှုကွန်ရက်)အသုံးပြုခြင်းကြောင့် အဆက် အသွယ်ပြတ်နေသည့် မိတ်ဆွေများ ပြန်လည်တွေ့ဆုံနိုင်သလို အလွန်ဝေးကွာသည့်နေရာမှ ဆွေမျိုး၊ သူငယ်ချင်းများကိုလည်း အလွယ်တကူ ဆက်သွယ်စကားပြောနိုင်သည်။ စုပေါင်းအလုပ် လုပ်သည့်အခါ၌လည်း ဝက်ဘ်ဆိုက်ပေါ်တွင် အချိန်တိုအတွင်း လူစုစည်းနိုင်ပြီး လုပ်ငန်းကို မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်သည် ဟု လူမှုကွန်ရက်အသုံးပြုခြင်း၏ ကောင်းကျိုးအချို့ကို ဒေါက်တာ အေးချမ်းမောင်မောင်က ရှင်းပြသည်။

ဆိုးကျိုးများနှင့်ပတ်သက်၍လည်း ၎င်းက ““ဆိုရှယ်ဝက်ဘ် ဆိုက်ကို အလွန်သုံးရင် နံပါတ်တစ်က အချိန်ကုန်တယ်။ နံပါတ် နှစ်က လက်တွေ့ဘဝနဲ့ ကင်းကွာလာမယ်။ အဲဒီအခါ နောက် ဆက်တွဲမကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တာပေါ့””ဟု ဆို၏။

နည်းပညာဖွံဖြိုးလာမှုနှင့်အတူ အဆင့်မြင့်နည်းပညာများ အသုံးပြုလာရခြင်းကြောင့် ကောင်းကျိုးများစွာရှိခဲ့သလို အခြား တစ်ဖက်တွင်လည်း ယင်းကို အလွန်အကျွံအသုံးပြုမည်ဆိုပါက ဆိုးကျိုးများရှိနိုင်သည့်အကြောင်းကို စိတ်ကျန်းမာရေး အထူးကု ဆရာဝန် ဒေါက်တာအေးချမ်းမောင်မောင်က ထောက်ပြထား ခြင်းဖြစ်သည်။

သူ့နည်းတူ စိတ်ကျန်းမာရေး အထူးကုဆရာဝန် ဒေါက်တာ မောင်မောင်လွင်ကလည်း တစ်သဘောတည်းပင်ဖြစ်၏။

““ကားပေါ်မှာလည်း ဒါပဲ၊ အလုပ်ခွင်မှာလည်း ဒါပဲ သုံးနေ ကြတယ်။ အချိန်တွေ ကုန်လာတယ်။ ကောင်းတဲ့အရာတွေကို မလိုအပ်ဘဲနဲ့ အလွဲသုံးကြလို့ မကောင်းဘူးဖြစ်သွားကြတာ””ဟု ဒေါက်တာမောင်မောင်လွင်က ဆိုသည်။

ထို့ကြောင့် ကျွန်တော်တို့လက်ထဲသို့ အင်တာနက်အသုံးပြု နိုင်သည့် Android ဟန်းဆက် မိုဘိုင်းလ်ဖုန်းတစ်လုံး ရောက်ရှိ လာခြင်းသည် ကောင်းမွန်သောကိစ္စဖြစ်သည်မှာ ဆိုဖွယ်ရာမရှိ ပေ။ သို့သော် မိုဘိုင်းလ်ဖုန်းဟန်းဆက်တွင် အသုံးပြုနိုင်သည့် လူမှုကွန်ရက်နှင့် ဂိမ်းများကိုအချိန်တိုင်းလိုလို အသုံးပြုနေခြင်း က ဆိုးကျိုးများရှိနေပြန်သည်။

ဆိုးကျိုးများ

ကျွန်တော်တစ်ဦးတည်း အတွေ့အကြုံအရဆိုလျှင် အိမ်၌ ဖုန်းဟန်းဆက်ဖြင့် အင်တာနက်အသုံးပြုခြင်းသည် (အင်တာ နက်ဆိုင် မသွားရသည့်အတွက် အချိန်ကုန်တော့ သက်သာသည်) မိသားစုနှင့် စကားပြောရသည့်အချိန် နည်းလာသည်။ မိတ်ဆွေ သူငယ်ချင်းများနှင့် တွေ့ဆုံစကားပြောရသည့်အချိန်လည်း နည်း လာသည်။ ထို့အပြင် အမှန်အတိုင်းဆိုရလျှင် လုပ်ငန်းခွင်အတွင်း ၌လည်း အလုပ်ပြီးစီးမှုကို နှောင့်နှေးစေခြင်းများ ရှိပါသည်။

မိုဘိုင်းလ်ဖုန်းများကို အချိန်တိုင်းလိုလို အသုံးပြုခြင်းနေ ခြင်းနှင့်ပတ်သက်၍ စိတ်ကျန်းမာရေးအထူးကုဆရာဝန် ဒေါက် တာမောင်မောင်လွင်က ““မကောင်းတဲ့ဘက်က ကြည့်ရင်တော့ အချိန်တွေ ကုန်တယ်။ နောက်တစ်ဆင့် တက်လာလို့ရှိရင် မတွေ့ တာကြာတဲ့ သူငယ်ချင်းတွေ လက်ဖက်ရည်ဆိုင်မှာ ဖြစ်ဖြစ်၊ ဘီယာဆိုင်မှာဖြစ်ဖြစ် ချိန်းကြတယ်။ ဒါပေမဲ့ ဖုန်းတွေပါလာတဲ့ အခါ စကားလက်ဆုံကြဖို့ မဖြစ်နိုင်တော့ဘူး””ဟု ဆိုသည်။

သူငယ်ချင်း၊ မိတ်ဆွေများ တွေ့ဆုံကြသည့်အခါတွင် ရယ် မောစရာများ၊ လူမှုရေးအကြောင်းအရာများ စသဖြင့် ဆွေးနွေး လိုကြသည်။ သို့သော် တယ်လီဖုန်းများကို အသုံးပြုနေခြင်း ကြောင့် ပြောလိုသည့်စကားများကို မပြောလိုက်ရ။

အလားတူ သမီးရည်းစားနှစ်ဦးကြားတွင်လည်း တွေ့ဆုံကြ သည့်အခါ ချစ်ကြိုက်စကားများပြောလိုကြသည်။ ကြင်ကြင် နာနာယုယုယယ စကားလေးများ ပြောလိုကြသည်။ သို့သော် တစ်ယောက်တစ်လုံးစီ ဖုန်းအသုံးပြုသည့် အခြေအနေမျိုးဖြစ် လာသည့်အခါ နောင်တွင် တစ်ယောက်နှင့် တစ်ယောက် မတွေ့ ချင်တော့သည့်အဖြစ်မျိုး ကြုံလာနိုင်သည်ဟု ဒေါက်တာမောင် မောင်လွင်က ဆိုသည်။

ဖုန်းတစ်လုံးဖြင့် ဖေ့စ်ဘွတ်ခ်သုံးခြင်းဖြစ်စေ၊ ဂိမ်းဆော့     ခြင်းဖြစ်စေ အမြဲလိုလိုပြုလုပ်နေပြီး ပတ်ဝန်းကျင်ကို သတိမထား မိ၊ မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုဝင်များနှင့် စကားမပြောဖြစ် သည့်အခါတွင် နောက်ဆက်တွဲဖြစ်လာနိုင်သည့် အကျိုးဆက် များနှင့် ပတ်သက်၍ ဒေါက်တာမောင်မောင်လွင်က ယခုကဲ့သို့ မှတ်ချက်ပေးသည်။

““စိတ်ပိုင်းဆိုင်ရာတွေ ဖြစ်လာနိုင်တာပေါ့။ အဲဒါက စိတ် ပိုင်းဆိုင်ရာ ခံစားမှုတစ်ခုပဲ။ ဝမ်းနည်းမှု၊ အထီးကျန်မှု၊ စိတ်ဖိစီးမှု တွေပါတာပေါ့””

မိသားစုတစ်စုတွင် သားသမီးတို့သည် ဖုန်းများကိုယ်စီ အသုံးပြုနေသည့်အခါ၌ မိဘတို့သည် သားသမီးကို စကားပြော ရန် အခွင့်အလမ်းနည်းလာကြသည်။ သားအမိချင်း သာမန်ပြော ဆိုသည့် စကားများပင် ပြောဆိုခွင့် မရှိတော့သည့်အခါ တချို့ မိဘတို့မှာ ထုတ်ဖော်ပြောဆိုခြင်း မရှိသည့်တိုင် ငူငူငိုင်ငိုင်ဖြစ် လာပြီး ဝမ်းနည်းလာတတ်သည်ဟု ဒေါက်တာမောင်မောင်လွင် က ရှင်းပြသည်။

““ထမင်းဝိုင်းမှာက မိသားစုရဲ့ နွေးထွေးကြင်နာမှုတွေ ရ ကြတယ်။ ဒါပေမဲ့ ထမင်းစားနေရင်း ထမင်းပန်းကန်မှာ ဇွန်းတပ် ပြီး ဖုန်းသုံးတဲ့အခါမျိုးကျတော့ စကားပြောကြဖို့ နေနေသာသာ နွေးထွေးကြင်နာမှုတောင် ရဖို့မလွယ်တော့ဘူး။ မိသားစုစိတ် ဓာတ်၊ ချစ်ခင်ကြင်နာမှုဆိုတဲ့ စိတ်ဓာတ်ပျောက်သွားတယ်””ဟု လည်း သူက ဆိုသည်။

မိသားစုအတွင်း ထိုကဲ့သို့ဖြစ်လာသည့်အခါတွင် ယခင်က ပင် အသက်ကြီးလာ၍ အထီးကျန်အားငယ်တတ်သည့် မိခင်၊ ဖခင်တို့သည် သားသမီးတို့၏ လျစ်လျူရှုခြင်းခံရခြင်းမျိုးဖြစ်လာသည့်အခါ၌ မိခင်က ဝမ်းနည်းသည့်အခါ ကျိတ်၍ ငိုတတ်တာမျိုး ရှိသော်လည်း ဖခင်ဖြစ်သူမှာ မခံချင်စိတ်ဖြင့်(သားသမီးများ၏ အပြုအမူက ဖခင်အား အသုံးမကျသူ၊ မတတ်နားမလည်သူအဖြစ် အထင်ရစေခြင်းဖြင့်) ဒေါသထွက် ပေါက်ကွဲတတ်ကြသည်ဟု ဒေါက်တာမောင်မောင်လွင်က ဆိုသည်။

ယင်းနှင့်ပတ်သက်၍ ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံမှ စိတ်ကျန်းမာရေးအထူးကုဆရာဝန် ဒေါက်တာအေးချမ်းမောင် မောင်က ““မိသားစုအတွင်းမှာ ဂရုမစိုက်ဘဲ နေတာကတော့ Social Website  (လူမှုကွန်ရက်ဝက်ဘ်ဆိုက်) သုံးမှ မဟုတ်ပါ ဘူး။ အလုပ်တွေကို အရမ်းလုပ်ပြီး လူကြီးတွေ၊ ကလေးတွေနဲ့ အချိန်ပေးသင့်သလောက် မပေးရင်တော့ မိသားစုအတွင်းမှာ မေတ္တာရေးဆိုင်ရာ နားလည်မှုတွေ အနည်းနဲ့ အများ ပျက်ယွင်း လာတတ်တယ်””ဟု ဆိုသည်။

စွဲပြီးရင်း စွ

ဂိမ်းကစားခြင်းနှင့် အင်တာနက် လူမှုကွန်ရက်များကို အသုံးပြုခြင်းသည် စိတ်ကျန်းမာရေးကို ထိခိုက်လာနိုင်သည်ဟု ကမ္ဘာပေါ်ရှိ မည်သည့် စိတ်ကျန်းမာရေးပြဋ္ဌာန်းစာအုပ်တွင်မှ တိုက်ရိုက်ရေးသားထားခြင်း မရှိသေးပေ။ သို့သော် အလွန်အကျွံ အသုံးပြုခြင်း၏ နောက်ဆက်တွဲအနေဖြင့် လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး စသည့် ပြဿနာများ ကြုံတွေ့လာနိုင်သည်။ ထို့ကြောင့် မည်သည့်အရာ ဖြစ်စေ အလွန်အကျွံအသုံးပြုပါက မကောင်းဟု ဒေါက်တာ အေးချမ်းမောင်မောင်က ဆိုသည်။

သူက ““အင်တာနက်သုံးပြီး ဂိမ်းကစားတာဟာ စွဲတာမျိုး ဖြစ်တတ်တယ်။ လူဆိုတာကလည်း စိတ်လှုပ်ရှားမှုပေးတာမှန် သမျှကို စွဲလမ်းတယ်။ စွဲလမ်းရင် အလွန်အကျွံလုပ်တယ်””ဟု ပြောသည်။

ယင်းသို့ အလွန်အကျွံလုပ်ရာမှ နေ့မအိပ်၊ ညမအိပ် ဂိမ်း ဆော့တော့သည်။ ထိုအခါ အိပ်ရမည့်အချိန်တွင် မအိပ်၊ စားရမည့် အချိန်တွင် မစားတော့။ နားရမည့်အချိန်တွင်လည်း မနားတော့။

““ခန္ဓာကိုယ်ဆိုတာ စက်ရုပ်မဟုတ်ဘူး။ စက်ရုပ်တောင် ပျက်စီးနိုင်တာ။ ခန္ဓာကိုယ်က ဇီဝကမ္မဖြစ်စဉ်တွေ အလွဲအမှား တွေ ဖြစ်ကုန်တာပေါ့””ဟု ဒေါက်တာအေးချမ်းမောင်မောင်က ဆိုသည်။

ထိုသို့ ဇီဝကမ္မ အလွဲအမှားများ ဖြစ်လာပါက ရေရှည်တွင် ခန္ဓာကိုယ်ကျန်းမာရေးနှင့် စိတ်ကျန်းမာရေးပါ ထိခိုက်မှုများ ရှိလာနိုင်သည်။ ဥပမာဆိုရလျှင် ညအိပ်ချိန်အထိ အလွန်အကျွံ ဂိမ်းဆော့ရာတွင် အိပ်ချင်စိတ်မဖြစ်ပေါ်စေရန်၊ ပိုမိုလန်းဆန်း တက်ကြွစေရန်အတွက် ကော်ဖီမစ်များများသောက်ခြင်း၊ အား ဖြည့်အချိုရည်နှင့် မူးယစ်ဆေးဝါး၊ စိတ်ကြွဆေးဝါးများသုံးခြင်း စသည်တို့ ပြုမူလာခြင်းကြောင့် ရေရှည်တွင် စိတ်ကျန်းမာရေး ထိ ခိုက်သည့်အထိ ဒုက္ခရောက်သွားစေနိုင်သည်။

““ဂိမ်းဆော့လို့ ရူးသလားဆိုရင် အလွန်အမင်း ဂိမ်းဆော့ တာကြောင့် ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်စဉ်တွေ မမှန်တော့ဘဲ စိတ်ကျန်း မာရေးချို့တဲ့လာနိုင်တယ်လို့တော့ တစ်ဆင့်ကျော်ပဲ ကောက် ချက်ချလို့ရမယ်””ဟု ဒေါက်တာအေးချမ်းမောင်မောင်က ဆိုသည်။

စိတ်ကျန်းမာရေးနှင့်ပတ်သက်၍ တစ်ကမ္ဘာလုံးက လက်ခံ ထားသည့် ရောဂါအမျိုးအစား ခွဲခြားထားသည့် စာရင်းရှိသည်ဟု ဒေါက်တာအေးချမ်းမောင် မောင်က ဆိုသည်။ အဆိုပါ ရောဂါစာရင်းသစ်သည် ၂၀၁၃ခုနှစ် မေလတွင် အသစ်ထွက်ခဲ့ သည်။ ယင်းကို DSM(5) (Diagnosyic and Statistical Muanual-5th Edition)ဟု ခေါ်ပြီး အမေရိကန်နိုင်ငံက ဦး ဆောင်စီစဉ်ထားခြင်းဖြစ်သည်။ ထိုရောဂါစာရင်းတွင် အင်တာ နက်နှင့် ဂိမ်းစွဲခြင်းကို သီးခြားထည့်သွင်းရန် စဉ်းစားကြသေး သော်လည်း နောက်ဆုံးစာရင်းထွက်လာသည့်အချိန်တွင် ပါ မလာတော့ကြောင်း ဒေါက်တာအေးချမ်းမောင်မောင်က ပြောသည်။

““သူ့ကြောင့် တိုက်ရိုက်ဒုက္ခရောက်တာမဟုတ်ဘဲ စွဲလမ်း မှုကြောင့် သူ့ရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကြောင့်ဖြစ်တာ။ တခြားစွဲလမ်းမှုတွေနဲ့အတူတူပဲလို့ သတ်မှတ်တာကြောင့်ပါ””ဟု သူက ပြောသည်။

ထို့ကြောင့် အင်တာနက်နှင့် ဂိမ်းများကို စွဲစွဲလမ်းလမ်း အသုံးပြုခြင်းသည် မည်ကဲ့သို့သော စိတ်ကျန်းမာရေးများဖြစ်နိုင် သည်ဟု ကျန်းမာရေးဆိုင်ရာ မည်သည့်ပြဋ္ဌာန်းစာအုပ်တွင်မျှ ပြဋ္ဌာန်းထားခြင်းမရှိသည့်တိုင် ယင်းတို့ကို အလွန်အကျွံ အသုံး ပြုမည်ဆိုပါက  နောက်ဆက်တွဲဆိုးကျိုးများရှိသည်ကိုတော့ အထက်ပါ စိတ်ကျန်းမာရေးအထူးကုဆရာဝန်နှစ်ဦး၏ ပြော စကားများက သက်သေပြနေသည်။

““အန်ကယ်လ်လည်း စိတ်ဝင်စားပါတယ်။ အရမ်းစိတ်ဝင် စားတာမျိုးမဖြစ်အောင် ကိုယ့်ကိုယ်ကိုယ်ထိန်းတယ်။ ဒါပေမဲ့ အရမ်းခေတ်နောက်မကျအောင်လည်း ကြိုးစားတယ်””ဟု ဒေါက်တာမောင်မောင်လွင်က မှတ်ချက်ပြုသည်။

ဒေါက်တာအေးချမ်းမောင်မောင်ကလည်း ယခုလို မှတ် ချက်ပြု၏။

““အရာရာတိုင်းကတော့ ကောင်းကျိုးလည်းရှိနိုင်တယ်။ ဆိုးကျိုးလည်း ရှိနိုင်တယ်။ ကောင်းကျိုး၊ ဆိုးကျိုးကလည်း ကိုယ့် ရဲ့ စဉ်းစားချင့်ချိန်မှုနဲ့ ဆိုင်တယ်။ ပြီးတော့ စဉ်းစားရုံနဲ့လည်း မရ ဘူး။ လက်တွေ့ကျင့်ကြံရတယ်။ ဒါမှ ဘယ်အရာမဆို ကိုယ့်ကို အန္တရာယ်မပေးဘဲ ကောင်းကျိုးရမှာ”” ။      ။

[:en]ကျွန်တော် အိမ်ထောင်ကျခဲ့သည်မှာ သုံးနှစ်ကျော်ခဲ့လေ ပြီ။ ထိုကာလအတွင်း ကျွန်တော်တို့လင်မယားနှစ်ယောက်၏ အိမ်ထောင်ရေးသာယာမှုကို ရာခိုင်နှုန်းဖြင့် ဖော်ပြပေးပါဟုဆို လျှင် ကျွန်တော့်တစ်ဦးတည်းအမြင်တွင် ၉၅ ရာခိုင်နှုန်းသာယာ သည်ဟု မကွယ်မဝှက်ဘဲ အမှန်အတိုင်းဆိုရပေမည်။ ၅ ရာခိုင်နှုန်း မသာယာဟုဆိုထားခြင်းကြောင့် အဘယ်သို့သော အကြောင်း အရာများလဲဟု ထပ်မံမေးလာမည်ဆိုပါက ထို ၅ ရာခိုင်နှုန်း အတွက် ကျွန်တော့်တွင် လောက်လောက်လားလား ထောက်ပြ စရာ အပြစ်မရှိ။

““အရာရာတိုင်းကတော့ ကောင်းကျိုးလည်းရှိနိုင်တယ်။ ဆိုးကျိုးလည်း ရှိနိုင်တယ်။ ကောင်းကျိုး၊ ဆိုးကျိုးကလည်း ကိုယ့် ရဲ့ စဉ်းစားချင့်ချိန်မှုနဲ့ ဆိုင်တယ်။ ပြီးတော့ စဉ်းစားရုံနဲ့လည်း မရ ဘူး။ လက်တွေ့ကျင့်ကြံရတယ်။ ဒါမှ ဘယ်အရာမဆို ကိုယ့်ကို အ္တရာယ်မပေးဘဲ ကောင်းကျိုးရမှာ””—

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."