ဗညားကျော်
ဇန်နဝါရီ ၁၁
ဓာတ်ပုံ – ICRC
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း တပ်မတော်နှင့် ရက္ခိုင်တပ်မတော် (AA) တို့ အကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ နေရပ်စွန့်ခွာသူဦးရေ လေးထောင်ခန့်အား လူသားချင်းစာနာထောက်ထားမှုအကူ အညီများ ပေးနိုင်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ ယမန်နေ့ ဇန်နဝါရီ ၁၀ က ထုတ်ပြန် ခဲ့သည်။
ICRC အနေဖြင့် ကျောက်တော်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်တို့မှ နေရပ်စွန့်ခွာသူများအား ရေစစ် ပုံးများ၊ စောင်များ၊ အစားအစာ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ၊ အခင်းများနှင့် အိမ်သာဆောက်လုပ်ရေးပစ္စည်းများကို ဖြန့်ဝေ ပေးခဲ့ပြီး လာမည့် သီတင်းပတ်အတွင်းမှာလည်း ဖြန့်ဝေမှုတွေထပ်လုပ်သွားမည်ဟု ICRC က ဆိုသည်။
“ ကျွန်တော်တို့အဖွဲ့တွေဟာ လွန်ခဲ့တဲ့ သုံးပတ်လောက်ကတည်းက ထိခိုက်သူတွေရဲ့လိုအပ်ချက်တွေကို ဆန်းစစ်လေ့လာ မှုလုပ်ပြီး တတ်နိုင်သလောက်အကူအညီပေးရင်း အားစိုက်ပြီး အလုပ်လုပ်နေကြတာပါ။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်က တော့ အကူညီပေးနိုင်သလောက် ဆက်လက် အကူအညီတွေ ပေးနိုင်ဖို့ပါပဲ ” ဟု ကြေငြာချက်ထဲတွင် ICRC မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် Stephan Sakalian က ပြောထားသည်။
ပြီးခဲ့သည့် လပိုင်းအတွင်း ရက္ခိုင့်တပ်မတော် AA လက်နက်ကိုင်အဖွဲ့နှင့် အစိုးရတပ်အကြား စစ်ရေးအရှိန်မြင့်လာပြီး ဘူးသီးတောင်၊ ကျောက်၊ ပုဏ္ဏကျွန်းနှင့် ရသေ့တောင်မြို့နယ်များတွင် အိုးအိမ်စွန့်ခွာ ထွက်ခဲ့ကြသူဦးရေ လေးထောင် ကျော်ရှိနေသည်ဟု အရပ်ဖက်အဖွဲ့အစည်းများက ဆိုကြသည်။
- #Banyar_Kyaw
- #mawkun
- #magazine
- #chronicle