ရခိုင်ပဋိပက္ခ အစိုးရသစ် ဘယ်လို ကိုင်တွယ်မလဲ အပိုင်း(၁)

 

ခေါင်းပေါ်တည့်တည့် ရောက်နေ သည့် နေမင်းဆီမှ  ပူပြင်းလှ သော အပူရှိန်များသည်  ဝါးထရံ ကာ၊ သွပ်မိုးထားသော  ရှည် မျောမျော အဆောက်အအုံများ ပေါ် အတားအဆီးမဲ့ ကျနေသည်။

ထိုအဆောက်အအုံများ၏ သွပ် များသည် သံချေးများ တက်နေသလို တချို့အဆောင်များ၏ ဝါးထရံများမှာ လည်း ဆွေးမြည့်ပေါက်ပြဲနေပြီဖြစ်သည်။ ယင်းအပေါက်အပြဲများကို တာပေါ်လင် ဖြင့် ကာထားကြသလို ဝါးထရံ အသစ်များ အစားထိုးပြီး ကာထားကြသည်လည်း ရှိသည်။ တချို့အဆောင်များမှာ ပြိုပျက် သွားသည့်အတွက် အသစ်ပြန်လည် ဆောက်လုပ်ထားသည်များလည်းရှိသည်။

ရှည်မျောမျော အဆောင်တစ် ဆောင်တွင် အကျယ်ရှစ်ပေပတ်လည် အခန်း ရှစ်ခန်းပါသည်။  ထိုအခန်းများတွင် မိသားစုများ ပြွတ်သိပ်စွာ နေထိုင်ကြရ သည်။ တချို့အခန်းများတွင် မိသားစုဝင် ဆယ်ယောက်ကျော်ပင်ရှိတတ်ပြီး ဖြစ် သလိုနေထိုင်ရသည်များလည်းရှိသည်။ အချို့လူများသည် သူတို့၏ အခန်းများ ရှေ့တွင် တာပေါ်လင်၊ ဓနိ၊ ဝါးထရံများ ကာပြီး အဖီများဆွဲထားကြသည်။

ထိုမြင်ကွင်းသည် စစ်တွေမြို့၏ အနောက်ဘက်တွင်ရှိသည့် ဘင်္ဂါလီဒုက္ခ သည် (နိုင်ငံတကာက သူတို့ကို ရိုဟင်ဂျာ ဟုခေါ် သလို သူတို့ထဲက တချို့ကလည်း သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟု ခေါ်ကြ သည်) များ နေထိုင်သည့် ဒါးပိုင်ဒုက္ခ သည်စခန်းမြင်ကွင်းဖြစ်သည်။ ထိုနေရာ သို့ စစ်တွေမြို့မှ ဆိုင်ကယ်ဖြင့် ၁၅ မိနစ်ခန့် သွားရသည်။

သူတို့သည် ရခိုင်ပြည်နယ်တွင် ၂ဝ၁၂ ဇွန်နှင့် အောက်တို ဘာတို့တွင် ဖြစ် ပွားခဲ့သော ပဋိပက္ခကြောင့် ထွက်ပြေး တိမ်းရှောင်လာကြသူများဖြစ်သည်။ ဗုဒ္ဓ ဘာသာဝင် ရခိုင်များနှင့် ဘင်္ဂါလီများ ကြားဖြစ်ပွားသော ထိုပဋိပက္ခကြောင့် လူပေါင်း ၂ဝဝ နီးပါးအသက်ဆုံးရှုံးခဲ့ရပြီး လူနေအိမ်များမီးလောင်ပျက်စီးကာ လူပေါင်းတစ်သိန်းကျော်မှာ  ဒုက္ခသည် များအဖြစ်သို့ ရောက်သွားကြသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီဒုက္ခသည် ၁၃၈,ဝဝဝ ကျော် ဒုက္ခသည်စခန်းများတွင် နေထိုင်ကြရ ဆဲဖြစ်သည်ဟု ရခိုင်ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ၌ ဧပြီ ၂၉ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ရခိုင်ပဋိပက္ခသည် ယခုဇွန်လထဲ တွင် လေးနှစ်ပြည့်ပြီဖြစ်သည်။ သို့သော် ထိုပြ ဿ      နာကို ဖြေရှင်းရေးမှာ အစိုးရသစ် အတွက် ကြီးမားသည့် စိန်ခေါ်မှုကြီးတစ် ခုဖြစ်နေသည်။

သမ္မတဦးသိန်းစိန်အစိုးရလက် ထက်တွင် ဖွဲ့စည်းခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခများစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်ခဲ့သူ အမျိုးသားဒီမိုကရေစီအင်အားစု(National Democratic Force-NDF)ပါတီခေါင်းဆောင် ဦးခင် မောင်ဆွေက ”ဒီနိုင်ငံရေးပြဿ      နာနဲ့ လူ့ အခွင့်အရေးပြဿ      နာကိုရှင်းဖို့ ဒီအစိုးရ ပခုံးပေါ်ရောက်သွားပြီ။ ဒီအစိုးရလက် ထက်မှာ ဖြေရှင်းရမှာပဲ”ဟု ဆိုသည်။

အစိုးရသစ်အနေဖြင့်လည်း ယင်း ပြ ဿ      နာကို မည်ကဲ့သို့ ဖြေရှင်းမည်ဆို သည်ကို ပွင့်ပွင့်လင်းလင်းပြောဆိုတာမရှိ သေးဟု နိုင်ငံရေးသမားများက ထောက် ပြကြသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ရက် ၁ဝဝ အတွင်းဆောင်ရွက်မည့် စီမံချက် များနှင့်ပတ်သက်၍  သတင်းစာရှင်း လင်းပွဲပြုလုပ်ရာတွင် ရခိုင်၊ ဘင်္ဂါလီ ပဋိပက္ခကို မည်သို့ကိုင်တွယ်ဖြေရှင်းမည် နည်းဟု မော်ကွန်းကမေးမြန်းရာ ယင်း ပြဿ      နာကို ရခိုင်ပြည်နယ်အစိုးရ တစ်ခု တည်းက ဆောင်ရွက်၍မရကြောင်း၊ ဗဟို အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာ သံ တမန်များအပါအဝင် နှစ်ဖက်လူ့အဖွဲ့ အစည်းမှ တာဝန်ရှိသူများ၊ ခေါင်းဆောင် များပါဝင်ပြီး ဆွေးနွေးဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ရခိုင်ပြည် နယ်ဝန်ကြီးချုပ်ဦးညီပုက ပြန်လည်ဖြေ ကြားခဲ့သည်။

”ကျွန်တော်တို့လည်း ဒီပြ ဿ      နာ ကို ရှောင်လွဲှလို့မရပါဘူး။ ဒီကိစ္စက အင် မတန်မှ နက်နဲသိမ်မွေ့ပါတယ်။ နက်လည်း နက်နဲပါတယ်။ ခက်လည်း ခက်ခဲပါတယ်”ဟု သူက ဆိုသည်။

 

အကန့်အသတ်ရှိနေဆဲ

လူ့အဖွဲ့အစည်းနှစ်ခုကြား ပဋိပက္ခ ဖြစ်ပွားခဲ့သည်မှာ လေးနှစ်ကြာပြီဖြစ် သော်လည်း ဒုက္ခသည်စခန်းများရှိ ဘင်္ဂါလီများ၏သွားလာခွင့်များမှာ လက်ရှိ အချိန်အထိ ကန့်သတ်ခံထားဆဲဖြစ်သလို ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေး များမှာလည်း တဖြည်းဖြည်းနှင့် ပိုဆိုး လာသည်ဟု သက္ကေပြင်ကျေးရွာမှ နိုင်ငံ ရေးအကျဉ်းသားဟောင်း ရှေ့နေ ဦးကျော် လှအောင်က ပြောသည်။ (ဦးကျော်လှ အောင်သည် ဘင်္ဂါလီဒုက္ခသည်များအရေး ကူညီပေးနေသူများထဲက တစ်ဦးဖြစ်ပြီး သူ့ကိုယ်ကိုယ် ရိုဟင်ဂျာဟု ခံယူထားသူ ဖြစ်သည်။)

ဒုက္ခသည်စခန်းများတွင် နေထိုင် သည့် ဘင်္ဂါလီများ၏ စားရေးသောက်ရေး ကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Program-WFP)မှ ထောက်ပံ့ ပေးထားသော်လည်း ချက်ပြုတ်ရန် လို အပ်သည့် ထင်းနှင့် အခြား လိုအပ်သော ပစ္စည်းများဝယ်ယူရန် WFP မှ ရသည့် ရိက္ခာကို  ဖယ်ထုတ်ရောင်းချပြီး ဝယ်ကြ ရသောကြောင့် စားရေးသောက် ရေးမှာ အခက်အခဲများစွာရှိကြသည်ဟု သူက ဆက်လက်ပြောသည်။

”အဓိက ကျန်းမာရေးစောင့် ရှောက်မှုနဲ့ စားဝတ်နေရေးပဲ။ ပြီးတော့ ဒီမှာ ဘာမှအလုပ်အကိုင်မရှိကြဘူး”ဟု ဦးကျော်လှအောင်က ဆိုသည်။

ဒုက္ခသည်စခန်းများတွင် ဖွင့်ပေး ထားသော ဆေးခန်းများတွင် လာရောက် လုပ်ကိုင်ကြသည့်ဆရာဝန်များမှာလည်း ဆေးခန်းတွင် တစ်နေ့လျှင် တစ်နာရီ ကျော်ဝန်းကျင်သာ ဆေးခန်းထိုင်ကြ သည်ဟု သူကဆိုသည်။ ဆေးပစ္စည်းများ မှာလည်း ပြည့်စုံလုံလောက်ခြင်းမရှိသောကြောင့် လူနာများမှာ မသေဆုံးသင့်ဘဲ သေဆုံးသွားကြသည်များ ရှိသည်ဟု ဦးကျော်လှအောင်က ဆက်လက်ပြောသည်။

ထို့ပြင် ငွေကြေးတတ်နိုင်ပြီး ဒုက္ခ သည်စခန်းနှင့်နီးစပ်ရာ ကျေးရွာများတွင် နေထိုင်သူများမှာလည်း လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုရရန် အခက် အခဲများရှိနေသည်ဟု သဲချောင်းကျေးရွာ တွင် နေထိုင်နေသည့် အသက် ၄၇ နှစ် အရွယ် ဘင်္ဂါလီဒုက္ခသည် ဦးကျော်နိုင်က သူ၏အတွေ့အကြုံနှင့်ယှဉ်ပြီး ပြောပြသည်။

ဦးကျော်နိုင်တွင် ကလေးလေး ယောက်ရှိသည့်အနက် အသက်လေးနှစ် အရွယ် သားကလေးသည် ပြီးခဲ့သည့် မတ်လအတွင်းက ရုတ်တရက် အဖျား တက်လာသည်။ ထို့ကြောင့် သူတို့ ရွာနှင့် ရှစ်မိနစ်ခန့် ဆိုင်ကယ်ဖြင့် သွားရသည့် သက္ကေပြင်ရွာရှိ ဆေးခန်းသို့ သွားပြသည်။

သို့သော် ဆေးပစ္စည်းမလုံလောက် သောကြောင့် သူ၏သားထွေးကို ဆရာဝန် က စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ တက်ခိုင်းသည်။ အဲဒီနောက်မှာတော့ လုံ ခြုံရေးအစောင့်အရှောက်ဖြင့် စစ်တွေ ပြည်သူ့ဆေးရုံကြီးကို ခေါ်သွားသည်။

စစ်တွေဆေးရုံကြီးသွားသည့်အခါ လူနာစောင့်တစ်ဦးသာလိုက်ခွင့်ရှိပြီး ဖုန်းလည်းယူဆောင်ခွင့်မရှိဟုသူကဆိုသည်။ သို့ဖြစ်ရာ လူနာစောင့်အဖြစ် ကလေး အမေဖြစ်သူ လိုက်သွားသည်။ ဆေးရုံကြီး ရောက်ပြီး နှစ်ရက်မြောက်နေ့တွင် ဦးကျော်နိုင်ထံ ဖုန်းဝင်လာသည်။ သူ့သား ဆုံးပြီတဲ့။

”ဒီကလေးက မသေသင့်ဘဲ သေ သွားတာ။ ဒီကလေးကို ရည်မှန်းချက် တော်တော်ရှိခဲ့တယ်။ အဲဒါတွေ အကုန် ပျက်ကုန်ပြီ။ အဖေတစ်ယောက်အနေနဲ့ ဘယ်လောက် ထိ ရင်နာဖို့ကောင်းလဲ”ဟု သူ့ဆိုင်နံရံမှာ ကပ်ထားသည့် သားဖြစ်သူ ၏ ဓာတ်ပုံကို ကိုင်လှုပ်ပြရင်းပြောသည်။

ဝန်ကြီးချုပ်ဦးညီပုကတော့ ဒုက္ခ သည်စခန်းတွင် နေထိုင်ကြသူများအတွက် စားဝတ်နေရေး၊ သွားလာရေး၊ ကျန်းမာ ရေးနှင့် ပညာရေးစသည့်လိုအပ်ချက်များ ကို တတ်နိုင်သမျှ ဆောင်ရွက်ပေးနေသည် ဟုဆိုသည်။

”လတ်တလောလိုအပ်တဲ့ ကျန်းမာ ရေးကိစ္စ၊ လူမှုရေးကိစ္စ၊ နောက်ဆုံးဗျာ၊ ဘာသာရေးကိစ္စကအစ သူတို့ဘုရားဖူး သွားချင်တယ်။ ဒါမျိုးတွေကအစ ဆောင် ရွက်ပေးပါတယ်။ ကျွန်တော်တို့ ပိတ်ပင် တားဆီးထားတာ မရှိပါဘူး”ဟု သူက ဆိုသည်။

ဝန်ကြီးချုပ်ဦးညီပုက ယင်းသို့ ပြောကြားသည့်တိုင် လွတ်လပ်စွာ သွား လာခွင့်၊ ပညာသင်ကြားခွင့်၊ ဆေးကုသ ခွင့်များကို ကန့်သတ်ထားသည်မှာ စစ် တွေမြို့နယ် တစ်ခုတည်းမဟုတ်ပေ။ မြေပုံမြို့နယ် တောင်ပေါ်(ဘင်္ဂါလီ) ဒုက္ခ သည်စခန်းတွင်လည်း ကန့်သတ်ထား သည်ဟု ယင်းစခန်းတွင် နေထိုင်သူများက ဆိုသည်။

သူတို့စခန်းတွင် နေထိုင်သူများမှာ ကျန်းမာရေးမကောင်း၍ အရေးပေါ်ကိစ္စ များရှိလာပါက မြေပုံဆေးရုံတွင် ကုသခွင့် မရပေ။ INGO တစ်ခု၏ အကူအညီဖြင့် စစ်တွေဆေးရုံသို့ Speed Boat ဖြင့် မြစ် ချောင်းများကိုဖြတ်ကာ သွားကြရသည်။ သုံးနာရီလောက်မောင်းရသည့်အတွက် တချို့လူနာများမှာ လမ်းမှာပဲ စက်လှေပေါ် တွင် သေဆုံးကြသည်များလည်းရှိသည် ဟု စခန်းတွင် နေထိုင်သူများက ပြောသည်။

”ကျန်းမာရေး၊ ပညာရေးကိစ္စ တောင် မြို့ပေါ်တွေကို လွတ်လွတ်လပ် လပ်သွားခွင့်မရတာ။ ဘာသာရေးကိစ္စဆို ပိုဆိုးတာပေ့ါ။ အဲဒါနဲ့ပတ်သက်ရင် ဘယ်မှ သွားလို့မရဘူး” ဟု တောင်ပေါ် ဒုက္ခသည် စခန်းမှ အသက် ၅၇ နှစ်အရွယ် ဦးအောင် ကျော်ထွန်းက ဆိုသည်။

ထို့အပြင် အရေးကြီးလူနာများကို စစ်တွေမြို့ပေါ်ဆေးရုံသို့ သွားရောက် ဆေးကုသရာတွင်လည်း လုံခြုံရေးဝန် ထမ်းအဆင့်ဆင့်ကို စာတင်ရသည့်  အတွက် အချိန်ကြန့်ကြာမှုများရှိနေခြင်း၊ ကားငှားခစရိတ် ကြီးမားခြင်းစသည်တို့ ကြောင့် ဒုက္ခသည်စခန်းရှိ ဆေးခန်းတွင် လိုအပ်သည့်အချိန်၌ ဆေးကုသနိုင် အောင် ဆရာဝန်များကို  အချိန်ပြည့်တာ ဝန်ချပေးထားသင့်သည်ဟု ရှေ့နေ ဦးကျော်လှအောင်က ပြောသည်။

”တစ်ဖွဲ့က မနက်ထိုင်၊ နောက် တစ်ဖွဲ့က ညနေထိုင်ပြီး ဆေးကုပေးမယ် ဆိုရင် အဆင်ပြေမယ်။ ရဲက တစ်ခါ   အထက်ကို အဆင့်ဆင့်တင်ပြီးမှ ကျလာ တဲ့ အခါဆိုရင် တစ်ရက်ခွဲ၊ နှစ်ရက်လောက် ကြာသွားတယ်။ လူနာတွေက သေပြီပေါ့”ဟုသူက ဆိုသည်။

 

ယုံကြည်မှု ကင်းမဲ့ဆဲ

ပဋိပက္ခဖြစ်ပွားခဲ့သည်မှာ လေးနှစ် ပြည့်ပြီဖြစ်သော်လည်း လူ့အသိုင်းအဝိုင်း တစ်ခုနှင့်တစ်ခုကြားတွင် ယုံကြည်မှုတို့ ပျောက်ဆုံးနေဆဲဖြစ်သည်။ ပြီးခဲ့သည့် အစိုးရအနေဖြင့်လည်း ထိုအသိုင်းအဝိုင်း နှစ်ခုကြား ယုံကြည်မှုတည်ဆောက်ခြင်း ကို ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။

မော်ကွန်းက သွားရောက်ခဲ့သည့် စစ်တွေမြို့နယ်နှင့်မြေပုံမြို့နယ်မှ နှစ်ဖက် အသိုင်းအဝိုင်းက ဒုက္ခသည်များကို မေး မြန်းကြည့်ရာတွင် ရခိုင်ဒုက္ခသည်များက ဘင်္ဂါလီများနှင့် အရင်လို အတူတကွ နေ ထိုင်ဖို့ဆိုသည်မှာ လုံးဝမဖြစ်နိုင်တော့ဟု ဖြေကြားကြပြီး ဘင်္ဂါလီဒုက္ခသည်များက တော့ အတူတကွပြန်လည်နေထိုင်ရန် ဖြစ်နိုင်သည်ဟု ဖြေကြပါသည်။

ဒုက္ခသည်စခန်းတွင် သုံးနှစ်ကျော် ခန့်နေထိုင်ခဲ့ပြီး ယခုအချိန်တွင် စစ်တွေ မြို့ မင်းဂံတိုးချဲ့ရပ်ကွက်တွင် အစိုးရမှ ဆောက်လုပ်ပေးထားသော လုံးချင်းအိမ် တွင် နေထိုင်နေသည့် အသက် ၄၈ နှစ် အရွယ် ဒေါ်အောင်နုချေဆိုလျှင် ပဋိပက္ခ မဖြစ်ခင်တုန်းက စစ်တွေမြို့၊ ကုန်တန်းရပ် ကွက်တွင် ဘင်္ဂါလီအိမ်နှင့် ဘေးချင်းကပ် နေထိုင်ခဲ့သည်။

ထိုအချိန်တုန်းက တစ်အိမ်နှင့်တစ် အိမ် အသွားအလာ အပြောအဆိုရှိခဲ့သလို စားစရာများကိုလည်း တစ်အိမ်နှင့်တစ် အိမ် အပြန်အလှန်ပေးကမ်းစားသောက် ကာ အဆင်ပြေပြေနေထိုင်ခဲ့ကြသည်။

ထိုဘင်္ဂါလီအိမ်မှာ သူ၏မိဘလက် ထက်ကတည်းက အတူတူနေထိုင်ခဲ့ကြသူ များဖြစ်ပြီး ယင်းအိမ်မှ သားသမီးများနှင့် လည်း ကျောင်းအတူတူတက်ခဲ့ကြသည်။ ပဋိပက္ခမဖြစ်ခင်ထိ သူအအေးရောင်း သည့်အခါ ဘင်္ဂါလီအများစု ဝယ်သောက် ကြသည်ဟုဆိုသည်။

ထိုကဲ့သို့ အတူတူနေထိုင်ခဲ့ကြသော် လည်း ယခုအချိန်တွင် ဘင်္ဂါလီများနှင့် အတူတကွပြန်လည်နေထိုင်ရန် မဖြစ်နိုင် တော့ဟု ဆိုသည်။ ”သူတို့ကတော့ တစ် နေ့မဟုတ် တစ်နေ့ ပြ ဿ      နာပြန်စမှာပဲ။ ကောင်းတဲ့သူတွေက မစရင်လည်း ဆိုးတဲ့ သူတွေက (ပြ ဿ      နာ)စမှာပဲ။ အဲဒါတွေကို စိုးရိမ်တာ”ဟု သူက ပြောပြသည်။

သို့သော် ဘင်္ဂါလီများကတော့ အစိုးရက တရားဥပဒေစိုးမိုးရေးကို အသေအချာလုပ်ကာ နှစ်ဖက်ခေါင်း ဆောင်များ တွေ့ဆုံဆွေးနွေးမှုများပြုလုပ် ပြီး လုံခြုံရေးကို အပြည့်အဝတာဝန်ယူ ပေးထားလျှင် ယခင်ကဲ့သို့ အတူတကွ နေနိုင်သည်ဟု  ဦးကျော်နိုင်က ဆိုသည်။

နှစ်ဖက်အသိုင်းအဝိုင်းမှာ လူ ကောင်းများရှိသလို လူဆိုးများလည်း ရှိ သောကြောင့်  ရာဇဝတ်မှုကျူးလွန်လာပါ က ထိုသူအား  ဥပဒေအတိုင်း အပြစ်ပေး လိုက်လျှင် နောက်ကျူးလွန်ရဲတော့မည် မဟုတ်သောကြောင့် အတူတကွနေထိုင် ၍ ရသည်ဟု ဆိုသည်။

”အရင်လည်း ပေါင်းပြီးနေခဲ့တာ။ နှစ်ဖက်စလုံးမှာ ဆိုး တဲ့သူလည်း ရှိတယ်။ ကောင်းတဲ့သူလည်း ရှိတယ်။ ဒီဆိုးသွမ်း တဲ့သူတွေကြောင့် ကောင်းတဲ့လူတွေ ခံရ မှာလား။ အတူတူပြန်နေကြမယ်။ ကျွန် တော်တို့ကတော့ နေချင်တယ်” ဟု သူက ပြောသည်။

သို့သော်လည်း လူအသိုင်းအဝိုင်း ကြားတွင် မယုံကြည်မှု၊ ကြောက်စိတ်များ နှင့် အမုန်းတရားများ ရှိနေသည့်အတွက်      အချိန်တစ်ခုယူပြီး ဖြေရှင်းသွားရမည်ဟု မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောသည်။

”အစိုးရကိုင်တွယ်မှုကောင်းရင် ကောင်းသလို တစ်ယောက် နဲ့တစ်ယောက် ကြားမှာ  သံသယစိတ်တွေ နည်းလာတဲ့ အခါ အရင်ကလို ပြန်ဖြစ်မှာ (ပြန်လည် သင့်မြတ်လာမှာ)ပဲ။ ဒီလူတွေကို ဒီမှာ မနေနဲ့ ဆိုပြီး ပင်လယ်ထဲလွှင့်ပစ်လို့လည်း မရဘူး။ အဲဒီတော့ နည်းလမ်းရှာရမှာပဲ”ဟု သူက ဆိုသည်။

 ၂၀၁၆-ဇွန်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၅) မှ မျက်နှာဖုံး ဆောင်းပါး ဖြစ်ပါသည်။

ခင်မောင်မြင့် ရေးသည်။

အပိုင်း(၂)သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."