ဂေထော
ရန်ကုန်၊ဧပြီ ၂၊၂၀၂၀ (မော်ကွန်း)
Covid 19 ရောဂါ အတည်ပြု လူနာ (case ၁၅) ၏ အနီးကပ်ထိတွေ့ဆက်စပ်သူ မိသားစုဝင် လေး ဦး ရောဂါပိုးတွေ့ရှိကြောင်း ယနေ့ညတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး လက်ရှိတွင် ပိုးတွေ့သူ ၂၀ ဦးအထိရှိလာသည်။
၎င်း လေးဦးအား ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ရှိ ၎င်းတို့၏ နေအိမ်တွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခဲ့ပြီး ဓာတ်ခွဲနမူနာစစ်ဆေးခဲ့ရာ Case ၁၅ ၏ ခင်ပွန်းဖြစ်သူ အသက် (၄၇) နှစ်၊ သားဖြစ်သူ အသက် (၁၀) နှစ်၊ သမီးဖြစ်သူ အသက် (၈) နှစ်နှင့် တူမ ဖြစ်သူ အသက် (၁၈) နှစ် တို့ဖြစ်ကြပြီး ၎င်းတို့ကို သတ်မှတ်ဆေးရုံသို့ စနစ်တကျ ပြောင်း၍ သီးခြားထားကာ ကုသပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် covid 19 ရောဂါဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိလာသဖြင့် အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်ပြီး အသွားအလာ တားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
#Dailynews