သဇင်လတ်
ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၇ (မော်ကွန်း)
COVID -19 ရောဂါထိန်းချုပ်နိုင်ရေးအတွက် သီးခြားနေထိုင်စေခြင်း(Quarantine)ရက်ကိုလျှော့ချသွားမည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊သတင်းပြန်ကြားရေးအဖွဲ့က
ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက မော်ကွန်းသို့ပြောသည်။
“လျှော့တာတော့လျှော့ပါ့မယ်။၁၄ ရက် လျှော့ဖို့လည်း များပါတယ်။
ဒါပေမယ့် ဗဟိုကော်မတီကို တင်ပြီးတော့မှဝန်ကြီးဌာနအနေနဲ့ တရားဝင်ထုတ်ပြန်ပြီးမှ ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်ဆွေးနွှေးတာတို့ အတည်ပြုတာတို့ လုပ်ပါမယ်” ဟုဒေါက်တာသန်းနိုင်စိုးက ဆိုသည်။
Quarantine ရက် လျှော့ချမှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှယနေ့ည (သို့မဟုတ်) မနက်ဖြန်မနက်တွင်တရားဝင်ထုတ်ပြန်သွားမည်ဟု ၎င်းကဆိုသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း Quarantine ဝင်ရသည့်ရက် ၂၁ ရက်မှ ၁၄ရက်သို့ လျှော့ချရန်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်တိုင်ပင်ကာ တရားဝင်ထုတ်ပြန်သွားမည်ဟုယနေ့မနက်က ပြုလုပ်သည့် Onlineဆွေနွေးပွဲတွင် ပြောဆိုသည်။
“ နှစ်ပတ်ပဲထားမယ်ဆိုလို့ရှိရင်လည်း Quarantine နေရာတွေလည်းပိုပြီးတော့ အဆင်သင့်ဖြစ်နိုင်တယ်။ ပိုပြီးတော့ လစ်လပ်သွားမှာပေါ့”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မြန်မာနိုင်ငံတွင် COVID -19 ရောဂါအတည်ပြုလူနာ ၁,၄၆၄ ဦး၊ သေဆုံးသူ ရှစ်ဦးနှင့် ပြန်လည်သက်သာလာသူ ၃၈၅ ဦး ရှိနေပြီဖြစ်သည်။
ပုံစာ – COVIDအတည်ပြုလူနာနဲ့ထိတွေ့ထားတာကြောင့် Quarantineဝင်ရန် လာရောက်ခေါ်ဆောင်စဉ်
#Dailynews